Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ ပါဝင်သော စုံစမ်းရေး ကော်မရှင်ဖွဲ့မည်

$
0
0

ရန်ကုန်တိုင်းဒေသကြီး ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ ရှိ၊ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု အတွက် စုံစမ်းစစ်ဆေးရန် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများမှဘာသာရေး ခေါင်းဆောင်များ ပါဝ င်သော စုံစမ်းရေး ကော်မရှင် တရပ်ဖွဲ့စည်းသွားမည် ဟု မြန်မာမူဆလင် အမျိုးသားရေးရာ အဖွဲ့ချူပ် မှအထွေထွေ အတွင်းရေးမှူး ဦးကျော်ခင်က မဇ္ဈိမသို့ ပြောသည်။၎င်းက "စုံစမ်းဖော်ထုတ်ဖို့အတွက် ဦးတို့ဘက် ကလည်း တင်ပြထားပြီးပြီ။ သူတို့ကပြောတော့ ပြောတာပဲကော်မတီဖွဲ့ပြီးတော့ အမြန်ဆုံး စစ်ဆေးပေးမယ်လို့တော့ ပြောတယ်" ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရန် အစ္စလာမ် ဘာသာရေးအဖွဲ့စည်းများမှ ခေါင်းဆောင်များအပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစ စ်ေ ဆးရေး အဖွဲ့ဖွဲ့စည်းသွားမည်ဟု သိရသည်။

လူ၁၃ဦး သေဆုံးခဲ့ရသည့် ယနေ့နံနက် ၂ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ရေကျော်ဗလီ မီးလောင်မှုကို စုံစမ်းရေးကော် မရှင် ဖွဲ့စည်းရာတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း၊ ရန် ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးတိုးအောင်၊ အရှေ့ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ ရဲမှူးကြီး ဦးသက်လွင်တို့ ပါဝင်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တဦး၏ ပြော ဆိုချက် အရသိရသည်။

မီးလောင်ကျွမ်းသည့် ဗလီမှာ စာသင်ကျောင်းနှင့် တွဲဖက်ထားပြီး စာသင်ကျောင်းတွင် နွေရာသီ သင်တန်း တက်ရောက်နေသော ကလေးငယ်ဦးရေ ၇၀ ကျော်ရှိကြောင်း အသက်မသေပဲ ကျန်ခဲ့သည့် ကလေး ငယ် များ ကို ညောင်တန်းဗလီသို့ ပို့ဆောင်ထားကြောင်း မီးသတ်ဦးစီးဌာနမှ အဆိုပါ တာဝန်ရှိ သူက ပင် ဖြေကြားခဲ့သည်။

မီးလောင်ရာတွင် ဗိုလ်တထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှသွားရောက် စစ်ဆေးခဲ့ရာ ဗလီအပေါ်ထပ်သို့ တက်သည့် လှေကားခွင်အောက်ရှိ မီးအားမြှင့်စက်အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ပြီး လှေကားတလျှောက် မီးကူးစက်ပြန့်ပွားနေသည့်အတွက် အပေါ်ထပ် ပိတ်မိကာ စာသင်ကျောင်းသား ၁၃ ဦး မီးခိုးမွှန် မီးလောင်ဒဏ်ရာနှင့် သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဗလီထပ်ခိုး၊ မီးအားမြှင့်စက်နှင့် ဝါယာကြိုး အပါအ၀င် စုစုပေါင်း ကျပ်ငွေ ၈ သိန်းခွဲဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ယနေ့နေ့လည်တွင် သတင်း ထုတ်ပြန်ထားသည်။

မဇ္ဈိမ မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖုန်းဆက်မေးမြန်းရာ “မေးမယ်ဆိုရင်စာနဲ့ ရေးပြီးမေးပါ။ ဆရာကြီးက အလုပ်မအားလို့ မဖြေပေးနိုင်ဘူး။” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရုံးခန်းမှတာဝန်ရှိ သူတဦး က  ပြော ပါတယ်။ 


From: mizzimaburmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


မြန်မာစစ်တပ်ရဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>