
P.Selvakumar ဆိုတဲ့ လူတစ်ယောက်ဟာ ကျိန်စာသင့်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်..၊ လွန်ခဲ့တဲ့ ၁၅နှစ်လောက် က သူဟာ ခွေးနှစ်ကောင်ကို ကျောက်ခဲနဲ့ ရက်ရက်စက်စက်ပေါက်သတ်ခဲ့ပါတယ်..၊ အဲ့ဒီဖြစ်ရပ် က သူ့အတွက် ကျိန်စာဖြစ်ခဲ့ပြီး သူဟာ နောက်ပိုင်း လက်တွေ လှုပ်ရှားလို့မရတော့ပဲ နားပါ မကြားရတော့ တဲ့အထိ ဖြစ်သွားခဲ့ပါတယ်..။ သူဟာ နည်းလမ်းပေါင်းစုံနဲ့ ဒီကျိန်စာကို ကုသဖို့ ကြိုးစားခဲ့ေ ပမယ့် မအောင်မြင်ခဲ့ပါဘူး..၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာတော့ သူဟာ ဗေဒင်ဆရာ တစ်ယောက် ဆီကို သွားခဲ့ပါတယ်..။ဗေဒင်ဆရာကတော့ သူ့ကို ယတြာတစ်ခုပေးခဲ့ပါတယ်..၊ အဲ့ဒါ ကတော့ ခွေးတစ်ကောင်ကို လက်ထပ် ဖို့ပါ..၊ ခွေးတစ်ကောင်ကို လက်ထပ်လိုက်ခြင်းအားဖြင့် သူအရင် က ခွေးနှစ်ကောင်အပေါ်ပြုလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပေးဆပ်ရာရောက်ပါတယ်..၊ ဒီဖြစ်ရပ်မျိုး ဟာ တစ်ကယ် ဆို အိန္ဒိယနိုင်ငံမှာ ထူးခြား တဲ့ဖြစ်ရပ်မျိုးတော့ မဟုတ်ပါဘူး…၊ အိန္ဒိယလူမျိုးတွေဟာ ဒီဖြစ်ရပ်မျိုး ကို ယုံကြည်ကြပြီး တိရစ္ဆာန်တွေ နဲ့လက်ထပ်ရုံသာမက သက်မဲ့အရာဝတ္တုတွေ နဲ့ လက်ထပ်ပွဲတွေကိုပါ ဆင်နွှဲလေ့ရှိကြပါတယ်..။
အိန္ဒိယရုပ်ရှင်မင်းသမီး Ashwarya Rai ဆိုရင်လည်း လူနဲ့စေ့စပ်ထားတဲ့ Bollywood မင်းသား အန္တရာယ် ကင်းစေဖို့ သစ်ပင်တစ်ပင်နဲ့ လက်ထပ်ခဲ့ပါတယ်..။ ဒီလိုလက်ထပ်ပွဲတွေဟာ အိန္ဒိယနိုင် ငံမှာ တရားဝင်ပြုလုပ်ကြတာတော့ မဟုတ်ပါဘူး..။
အခုဖြစ်ရပ်မှာလည်း သတို့သမီး Selvi လို့ခေါ်တဲ့ ဓါတ်ပုံထဲမှာပါတဲ့ ခွေးမလေးကို အ၀ါရောင် ဆာရီ လေးခြုံပေးပြီး ဘုရားကျောင်းကို ခေါ်လာကာ သစ္စာစကားဆိုပြီး လက်ထပ်ခဲ့ကြပါတယ်..။ ရွာ သား တွေဟာ ဒီလက်ထပ်ပွဲကို ချီးမြှောက်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ Selvakumar ခံစားနေခဲ့ရတဲ့ ကျိန်စာ ဟာ လုံးဝပျောက်ဆုံးသွားခဲ့ကြောင်းကို သိရှိရပါတယ်ဗျာ…။ (ဒါမျိုးကိစ္စတွေ တစ်ကယ်ပဲ ရှိသ လား..?)
www.mmdailystar.com