၁၉၇၂ ခုနှစ် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းခဲ့အပြီး နှစ်ပါင်း ၄၀ ကျော်အတွင်း ပထမဦးဆုံးအဖြစ် ပုဂ္ဂလိကသတင်းစာ ၄ စောင် ဧပြီ ၁ ရက်နေ့က ထုတ်ဝေလာပါတယ်။
ကြံ့ခိုင်ရေးပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်၊ The Voice Weekly ဂျာနယ် က ထုတ်ဝေတဲ့ The Voice Daily၊ ရွှေနိုင်ငံပုံနှိပ်လုပ်ငန်းက ထုတ်ဝေတဲ့ ရွှေနိုင်ငံသစ်၊ Three Friends ဆောက် လုပ်ရေး လုပ်ငန်း က ထုတ်ဝေတဲ့ စံတော်ချိန်နေ့စဉ်တို့ ဖြစ်ကြပါတယ်။
ပြည်ထောင်စုနေ့စဉ် သတင်းစာဟာ ပုံမှန်ဂျာနယ် ၂ ဆ ဆိုက်ကြီးဖြစ်ပြီး စာမျက်နှာ ၁၂ မျက်နှာ၊ အခမဲ့ ဖြန့်ချိ ပါတယ်။ ကျန် သတင်းစာ ၃ စောင်ကတော့ ပုံမှန် ဂျာနယ်ဆိုက် စာမျက်နှာ ၂၀ စီပါ ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းစာထုတ်ဖို့ လျှောက်ထားလာသူတွေအနက် ၁၆ ဦးကို ထုတ်ဝေခွင့်ပေး ထားပါတယ်။ Eleven မီဒီယာ အုပ်စုကတော့ လာမယ့် မေလ ၃ ရက်နေ့မှာ Daily Eleven သတင်းစာ ထုတ်ဝေမယ်လို့ ကြေညာထားပါတယ်။
www.mmdailystar.com