Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားလေကြောင်း လေယာဉ်တစ်စီး ယူကရိန်းပိုင်နက်တွင် ပစ်ချခံရ ၊ လိုက်ပါလာသူ ၂၉၅ ဦးလုံး သေဆုံး

$
0
0






နယ်သာလန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံသန်းသည့် မလေးရှား လေကြောင်းလိုင်းမှ ခရီးသည် ၂၉၅ ဦး တင်ဆောင်လာသည့် ဘိုးရင်း ၇၇၇ လေယာဉ် MH-17 သည် ရုရှားနယ်စပ်အနီး ယူကရိန်းပိုင်နက်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရကြောင်းနှင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း နိုင်ငံတကာသတင်းဌာနများက အရေးပေါ်ကြားဖြတ်သတင်းအဖြစ် ဖော်ပြသည်။

အဆိုပါလေယာဉ်မှာ ကြာသပတေးနေ့ ညပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းက အတည်ပြုထားသည်။ လေယာဉ်မှာ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းသည့် လေယာဉ်ဖြစ်ကာ နောက်ဆုံးခြေရာခံရသည့် ဆက်သွယ်မှုနေရာမှာ ယူကရိန်း လေပိုင်နက်ထဲတွင်ဖြစ်ကြောင်းဆိုသည်။

ခရီးသည် ၂၈၀ နှင့် လေယာဉ်မှူးနှင့် ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားသည့် ထိုလေယာဉ်မှာ ပစ်ချခံရခြင်းဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အကြံပေး အန်တွန်ဂါရာရှန်ကိုက အေပီသတင်းအား ပြောသည်။

ရိုက်တာသတင်း၏အဆိုအရလေယာဉ်ကို ရုရှားလိုလားသည့်ခွဲထွက်ရေးသူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဌာနသတင်းကို ကိုးကား၍ ဖော်ပြသည်။

ဂါရာရှန်ကိုက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေယာဉ်မှာ အမြင့်ပေ ၃၃,၀၀၀ ခန့်၌ပျံသန်းနေစဉ် Buk လောင်ချာဖြင့်ပစ်သော ဒုံးကျည်ထိမှန်ပြီး ပစ်ချခံခဲ့ရကြောင်း ဖော်ပြသည်။ ထိုဒုံးပစ်လောင်ချာမျိုးကို ကြာသပတေးနေ့အစောပိုင်းကပင် အေပီသတင်းမှ ဂျာနယ်လစ်များက ယူကရိန်းအရှေ့ပိုင်းမြို့ စနစ်ဇနီအနီးတွင် တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ အကြံပေးပုဂ္ဂိုလ် ဂါရာရှန်ကိုက ယာဉ်ပေါ်လိုက်ပါသွားသူအားလုံးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းအား ပြောသည် ။ ­

လေယာဉ်ပျံသန်းသောအမြင့်ပေမှာ ပေ ၂၁,၀၀၀ တွင်ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

From: 7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>