Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာ့ဖလား ဆုကြေးများကို ကလေးငယ် (၂၃)ဦး၏ ခွဲစိတ်စရိတ်အဖြစ် လှူဒါန်းခဲ့သည့် အိုဇေးလ်

$
0
0


ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဂျာမနီအသင်း ဆွတ်ခူးပြီးနောက် ၎င်းအတွက် ခွဲဝေရရှိလာသည့် ဆုကြေးများကို မီဆွတ်အိုဇေးလ်က နာမကျန်းဖြစ်နေသည့် ကလေးများ ခွဲစိတ်ကုသရေး စရိတ်စကအဖြစ် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ် အသင်း၏ ကွင်းလယ်ဖန်တီးရှင်သည် ဗိုလ်လုပွဲတွင် အာဂျင်တီးနားကို (၁-၀)ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ဂျာမနီ လက်ရွေးစင် အသင်း၏ ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဖလား အောင်မြင်မှုအတွက် ရရှိလာသော ဆုကြေးများကို ဘရာဇီးနိုင်ငံမှ နာမကျန်းဖြစ်နေသည့် ကလေးငယ် (၂၃)ဦး ခွဲစိတ်ကုသမှု ခံယူနိုင်ရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။

အိုဇေးလ်သည် ကမ္ဘာ့ဖလား မစတင်မီ ကတည်းက ကလေးငယ် (၁၁)ဦး၏ ကျန်းမာရေး စရိတ်များ ကျခံပေးရန် သဘောတူညီထားပြီး ချန်ပီယံ ဖြစ်လာ၍ ဆုကြေးခွဲတမ်း ပိုမိုရရှိချိန်၌ နောက်ထပ် ကလေးငယ် (၁၂)ဦးအတွက်ပါ ခွဲစိတ်မှု ကုန်ကျစရိတ်များ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ဖလား မတိုင်ခင်တုန်းကတော့ ကလေး(၁၁)ယောက်စာအတွက်ပဲ ခွဲစိတ်မှုစရိတ်ကို လှူမလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့နောက် ကျွန်တော်တို့ အသင်းရဲ့ ကစားသမား (၂၃)ယောက်စာအတွက် ရည်စူးပြီး ကလေး(၂၃)ယောက်အတွက် ကျန်းမာရေး စရိတ် လှူဒါန်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ဘရာဇီးနိုင်ငံရဲ့ ပျူငှာနွေးထွေးမှုကို ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်”ဟု အိုဇေးလ်က Facebookတွင် ရေးသားထားခဲ့သည်။

ဂျာမနီ အသင်းသား တစ်ဦးစီသည် ဆုကြေးအဖြစ် စတာလင်ပေါင် (၂၄၀၀၀၀)စီ လက်ခံရရှိပြီး ယင်းကို အိုဇေးလ်က စရိတ်မတတ်နိုင်သည့် ကလေးငယ်များကို ဆေးဝါးကုသပေးရန် ရည်ရွယ်ထူထောင်ထားသည့် BiShoe ပရောဂျက်အတွက် ရန်ပုံငွေ အစိတ်အပိုင်း တစ်ရပ်အဖြစ် ထည့်ဝင် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

From: 7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...