NLD ပါတီမှ ယနေ့ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၇/ ၀၇/ ၂၀၁၄ တွင် ရခိုင်တစ်မျိုးသားလုံးဆန္ဒဖြင့် ဖျက်သိမ်းပြီးဖြစ်သည့် ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ကိုကြေငြာချက်တွင်ထည့်သွင်းသည်ကိုတွေ့ရသည်။
ရခိုင်တစ်မျိုးသားလုံးက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့ကိုဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီဟူ၍တည်ထောင်ကာ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ခွင့်ပြုချက်ရပြီး ပါတီလုပ်ငန်းများလည်ပတ်နေပြီဖြစ်သည်။
From: Rakhine News Groupရခိုင်တစ်မျိုးသားလုံးက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့ကိုဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီဟူ၍တည်ထောင်ကာ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ခွင့်ပြုချက်ရပြီး ပါတီလုပ်ငန်းများလည်ပတ်နေပြီဖြစ်သည်။
ကြေငြာချက်တွင် ပါဝင်သော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် PR စနစ်ကိုလက်မခံခြင်းတို့သည် ရခိုင်သားများအဖို့လက်ခံနိုင်သော်လည်း NLD ပါတီ၏ ယခုကဲ့သို့ ကြေငြာချက်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟု ထည့်သွင်းခြင်းသည် ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်ခြင်းကို သပ်ချိုသွေးခွဲခြင်းသာဖြစ်သည်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ကို ရခိုင်ပြည်သူများ၏ဆန္ဒဖြင့် တရားဝင်ဖျက်သိမ်းပြီးသည်ကို မသိဟုဆိုပါက (နလပိန်းတုံး) ပါတီသာဖြစ်ပေလိမ့်မည်။
www.mmdailystar.com