Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မန္တလေးမြို့မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ စည်းကမ်းမဲ့ပြည်သူ ၄၀၀ ကျော်ကို ဖမ်းဆီး

$
0
0
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ မြို့နယ် ၇ ခုမှာ ဇူလိုင်လ ၈ ရက်နေ့ညအထိ လိုက်နာမှုပျက်ကွက်သူ လေးရာကျော်ကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက ပြောပါတယ်။
အဲဒီ ဖမ်းဆီးထားသူတွေကို ထောင်ဒဏ် ၇ ရက်ကနေ ၁၅ ရက်အထိ ပြစ်ဒဏ်ချမှတ်အရေး ယူနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးက အခုလို ပြောပါ တယ်။

"ထွေအုပ်ကနေပြီးတော့ ပုဒ်မ ၁၄၄ ထုတ်တာကို မလိုက်နာတဲ့အတွက် ပုဒ်မ ၁၄၈ အရ ထွေအုပ်က တရားလိုလုပ်ပြီး တရားစွဲတင်တာခင်ဗျ၊ တရားသူကြီး စီရင်ပြီးတော့ ပြစ်ဒဏ်ချတာတွေကတော့ ထောင် ၇ ရက် ချတာရှိတယ်၊ ၁၅ ရက် ချတာရှိတယ်၊ ရုံးပြန်ချိန်းတာတွေလည်းရှိတယ်"

ည ၉နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ပုသိမ်ကြီး၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊  မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းဆီးအရေးယူထား ပြီဖြစ်ပြီး ပဋိပက္ခမှာပါဝင်တယ်လို့ ယူဆရသူတွေကို ဆက်လက် ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။
From:Rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>