Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အ၀တ်အစားမဲ့တဲ့ မော်လ်ဒယ်မလေးများ ခန္ဓာပေါ်မှာ ဆေးရောင်ခြယ်တဲ့ ပွဲ

$
0
0
ခန္ဓာကိုယ် ဆေးရောင်စုံခြယ် (Body-painting) ခြင်းဟာ ကမ္ဘာ့ ထင်ရှားတဲ့ အနုပညာတစ်ခုဖြစ်လာနေပါပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အ၀တ်အစားမဲ့တဲ့ ခန္ဓာကိုယ်မှာ ဆေးရောင်စုံ ခြယ်ရတာမို့ အမြင် တစ်မျိုးဆန်းနေပေမယ့် သြစတြီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ ခန္ဓာကိုယ် ဆေးရောင်စုံခြယ် အလှပြိုင်ပွဲကို နိုင်ငံပေါင်း (၄၇) နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကို သြစတြီးယားနိုင်ငံရှိ သေးငယ်တဲ့ ရွာကလေးမှာ ပြုလုပ်ခဲ့ပေမယ့် ပြိုင်ပွဲဝင်တွေရဲ့ အံ့အားသင့်စရာ ကောင်းလောက်တဲ့ အနုပညာစွမ်းအားကို မြင်တွေ့ခဲ့ရတာမို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲ ထားတဲ့ ပန်းချီတွေဖြစ်ပေမယ့် သက်ဝင်လှုပ်ရှားနေတာမို့ စိတ်ဝင်တစ်စားအားပေးခြင်းကို ရရှိခဲ့ပါတယ်။ ပန်းချီပညာရှင်တွေက လူသားတွေကို ကင်းဗတ်စပေါ်မှာ ရေးဆွဲသလိုမျိုး ပုံဖော်သွားခြင်းဖြစ်ပါတယ်။

သရုပ်ပြခဲ့တဲ့ မော်ဒယ်တွေရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုး အစားက လည်း ဆွဲထားတဲ့ ပန်းချီကို ပိုရုပ်လုံးပေါ်စေခဲ့ပါတယ်။ ဂေးရှားမယ်၊ စူပါဟီရိုး၊ ရေသူမ ပုံစံတွေကို အများဆုံး သရုပ်ဖော်ပြသွားကြပြီး ဆုတွေပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို (၁၇) ကြိမ်မြောက် အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဓာတ်ရောင်ခြည် ကာကွယ်မှုကို အလေးထားဖို့ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်ဆေး ရောင်ဆုံခြယ်သခြင်း အနုပညာကို ပုံစံအမျိုးမျိုးနဲ့ ပြသနေကြပြီး နယူးယော့ခ်မှာရှိတဲ့ ဖရီးဒန်းတာဝါ၊ အင်ပါယာစတိတ် အဆောက် အဦး၊ စင်ထရယ်ပန်းခြံ၊ ဘရွတ်ကလင်းတံ တားတို့ကို နောက်ခံထားပြီး ခန္ဓာကိုယ်ဆေးရောင်ခြယ်သမှုကို ပြသခဲ့ခြင်းဖြစ်ပြီး ထူးခြားတဲ့ခံစားမှုကို ဖြစ်ပေါ်စေတယ်လို့ ထရီနာမာရီ ကဆိုခဲ့ပါတယ်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>