Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Google နှင့် Facebook တို့ မြန်မာအစိုးရနှင့်ပူးပေါင်းကာ အင်တာနက်ပေါ်မှ ရေးသားချက်များကို ၂၄ နာရီ စောင့်ကြည့်မည်

$
0
0



အင်တာနက်လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ် (FaceBook) ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက်ရေးသားမှုတွေ လျော့နည်းသွားအောင် ဖေ့စ်ဘွတ်တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတွေဟာ ဖေ့စ်ဘွတ်ကုမ္ပဏီဌာနချုပ်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။ ၀ါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ ဖေ့စ်ဘွတ် တာဝန်ရှိသူ (၃) ယောက်ကို မြန်မာနိုင်ငံအတွက် တာဝန် ပေးထားတယ်လို့ သိရပါတယ်။

အမေရိကန် ဖေ့ဘုတ်စ်ကုမ္ပဏီနဲ့ အစိုးရတို့ သဘောတူညီချက်အရ လုပ်ငန်းစဉ် ၃ ရပ်ချမှတ် ထား ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"သဘောတူညီချက်ပေါ့နော် ရေတိုရယ်၊ အလယ်အလတ်ရယ် နောက် ရေရှည်ရယ် လုပ်ဆောင်သွားမယ်လို့ ပူးပေါင်းဆောင်ရွက်သွားမဲ့ဟာ လုပ်ငန်းစဉ် ၃ ရပ်ပေါ်ထွက် လာပါတယ်၊ ထွက်လာတော့ ရေတိုအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံက User တွေ သုံးနေတဲ့ ဖေ့စ်ဘွတ်မှာ သွေးထိုးလှုံ့ဆော်မှုတွေ လျော့ကျသွားအောင် ဖေ့စ်ဘွတ်ရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒနဲ့ အညီပေါ့လေ တည်းဖြတ်တာတွေ၊ ကန့်သတ်တာတွေ ဒါမျိုးတွေလုပ်ဖို့ ဆွေးနွေးပါတယ် နောက်ဖေ့စ်ဘွတ်ရဲ့ သဘောအရ သူတို့မှာက သု့ရဲ့ ပေါ်လစီကတော့ အကောင့်အတုတွေပေါ့နော် နာမည်ဝှတ်တွေနဲ့ သုံးတာတာ သူတို့က ခွင့်မပြုဘူးနော် အဲ့ဒါမျိုးနဲ့ သူတို့မူဝါဒနဲ့ညီတယ်၊ ကျနော်တို့နဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ ဟာတွေကို ဆွေးနွေးပြီး အဲ့ဒါမျိုးတွေနဲ့ သူတို့ဘက်ကလည်း ကူညီလုပ်ဆောင်ပေးသွားမယ်"

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့ အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ်တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ်အပြင် နောက်ထပ် ကမ္ဘာကျော်အိုင်တီ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဂူဂယ်လ် (Google) ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


 From: rfa

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>