Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်သူ့လွှတ်တော်ဆိုတာ ရပ်ကွက်အဆင့် မဟုတ်ပါဘူး။ရပ်ကွက်ထဲက ကြက်မွေးတဲ့ အိမ်သုံးအိမ်ကိစ္စမေးတာမျိုးတွေ မမေးသင့်ပါဘူး

$
0
0
ဥပဒေများပြဋ္ဌာန်းခြင်း၊ အစိုးရကတိက၀တ်များ ရရှိစေခြင်းစသည့် အရေးပါလှသောလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော်ကဲ့သို့ ပြည်ထောင်စု အဆင့်ဝင်များ လာရောက်အဖြေပေးရာနေရာ၌ တစ်နိုင်ငံလုံးအတွက် အကျူံးမ၀င်သည့် မေးခွန်းအသေးအဖွဲများ မမေးသင့်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ် ဦးက ပြောသည်။

“ပြည်သူ့လွှတ်တော်ဆိုတာ ရပ်ကွက်အဆင့် မဟုတ်ပါဘူး။ ကိုယ့်ရပ်ကွက် အတွက် မီးသတ်ကားတစ်စီး တောင်းတာမျိုး၊ ဒီနေ့လို ရပ်ကွက်ထဲက ကြက်မွေးတဲ့ အိမ်သုံးအိမ်ကိစ္စမေးတာမျိုးတွေ မမေးသင့်ပါဘူး။ ဒီလိုမေးခွန်မျိုးကို ပြည်ထောင် စုအဆင့်မှာမေးတာဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အပြင် လွှတ်တော်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ဆုံးရှုံးစေပါတယ်”ဟု ရေတာရှည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်က ယနေ့ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီးတွင် မဇ္ဈိမကို ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၅ ရက်မြောက် နေ့ အစီအစဉ်(၅)တွင် ပါဝင်သည့် မေးခွန်းတစ်ခုကို ရည်ညွှန်းလျက် ၎င်းက ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ရပ်ကွက်အတွင်း ကြက်မွေးထားသော အိမ်သုံးအိမ်တို့ကို ရပ်ကွက်နှင့် ကင်းဝေး ရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိဟူသည့် မုဒုံမဲဆန္ဒနယ် အမတ်အမေးကို သမ္မတရုံးဝန်ကြီးအမှတ်(၄) ဒု-၀န်ကြီး ဦးအောင်သိမ်းကိုယ်တိုင် က“၂၀၁၄ ခုနှစ်၊ဇွန်လ၊၁၈ ရက်မှာ အဲဒီအိမ်ရှင်သုံးဦးကို ခေါ်ယူဆွေးနွေးထားပြီးပါပြီ၊ သူတို့ ကြက် မွေးတဲ့ ရက်က ၁၅ ရက်ရှိနေပြီ။ ဖြစ်လို့ နောက်ထပ် ၁၀ ရက်ထပ်တိုးပေးထားတဲ့ အတွက် ဇူလိုင် ၁၃ ရက်မှာ အပြီးဖယ် ရှားပေးရန် ညှိနှိုင်းပြီးပါပြီ။ နောက်မွေး မယ်ဆိုရင်လည်း ရပ်ကွက်နဲ့ဝေးရာမှာ သွားမွေးဖို့လည်း ပြောထားပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေ ကြားအပ်ပါတယ်”ဟုလွှတ်တော်မှတစ်ဆင့် အသေးစိတ် ပြည့်စုံစွာ ဖြေကြားခဲ့သည့် အစီအစဉ်လည်း ယနေ့အစည်းအဝေးတွင် ပါဝင်ခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်မျှလောက်ဖြင့် ဖြေရှင်းပြီးစီးနိုင်သည့် အသေးအဖွဲကိစ္စကို ယခုကဲ့သို့ သမ္မတ ရုံးဝန်ကြီး ကိုယ်တိုင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လာရောက်ဖြေကြားခြင်းသည် တန်ဖိုးရှိသော အချိန်နှင့် အခွင့်အရေးတို့ကို ကုန်ဆုံးစေသည့်အပြင် ပြည်ထောင်စု အဆင့်တို့၌ ရှိအပ်သည့် ဂုဏ်သိက္ခာများကိုလည်း ကျဆင်းစေသည်ဟု ပြည်သူ့လွှတ်တော်အမတ်တို့က ပြောသည်။

From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles