လူမှုကွန်ရက် နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် ....
သတင်းအမှားများ ....
တစ်ပါးသူ ထိခိုက်နစ်နာစေမည့် ....
အကြောင်းအရာများ ရေးသားသူကို ....
၎င်းတို့အသုံးပြုသည့် ....
ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ....
ခြေရာခံဖမ်းဆီးနိုင်ရန် ....
လက်တွေ့စမ်းသပ်မှုများပြုလုပ်နေပြီး ....
တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို ...
လေ့ကျင့်ထားပြီးဖြစ်ကြောင်း ....
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည် ....
‘‘ဆိုက်ဘာရာဇဝတ်မှုတစ်ခု ဖြစ်လာရင် .....
ဖေ့စ်ဘွတ်ခ်ကနေ စော်ကား ပြောဆိုမှုတွေကြုံလာရင် ....
ရဲစခန်းကိုတိုင်ပါ။ အမှုဖွင့်ပေး မယ်။ အရေးယူပါမယ်....
တရားခံဖော်ထုတ်မယ့်ကိစ္စက ....
အချိန် ကာလအတိအကျ ပြောဖို့ခက်တဲ့အတွက် ....
အချိန်ယူရတာတော့ ရှိကောင်းရှိပါလိမ့်မယ်။
ဒါပေမဲ့ ဒီအမှုအခင်းတွေအတွက် ....
တပ်ဖွဲ့ ဝင်တွေထဲမှာ ....
Hacker ကို တန်ပြန်နိုင်တဲ့ ပညာရှင်တွေ ....
မွေးထုတ်ထားပါပြီ’’ဟု .....
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ....
ဒုတိယရဲမှူးချုပ် ဦးစိုးမြိုင်က ပြောကြားသည်။
‘‘ဆိုက်ဘာဥပဒေကို ....
အခု သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကလည်း ရေးနေတယ်။
တချို့အပိုင်း တွေ ဆက်သွယ်ရေးဝန်ကြီးဌာန က ရေးမယ်။
ဒီဥပဒေက ရေးနေတုန်းပဲ။
အခုလက်ရှိမှာ အီလက် ထရွန်နစ်ဥပဒေတော့ရှိတယ်။
ဒါပေမဲ့ အခုလူမှုကွန်ရက်လိုကိစ္စ တွေကိုတော့ အားလုံးမခြုံငုံမိဘူး။
ဒါကြောင့် ဥပဒေလည်း လိုအပ်တယ်’’ဟု ၎င်းက ပြောသည်။
ဆိုက်ဘာမှုခင်းဥပဒေတွင်
ကွန်ပျူတာကို အင်တာနက်သုံး တတ်ရုံ ....
ဖေ့စ်ဘွတ်ခ်သုံးတတ်ရုံ ....
ဥပဒေသိရုံဖြင့်ရေး၍မရဘဲ ....
နည်း ပညာရှင် မပါဘဲ ရေး၍မရကြောင်း ....
ယင်းဥပဒေအကြမ်း ရေးဆွဲရာတွင် ပါဝင်သည့် ....
ဥပဒေပညာရှင် ဦးမင်းတေဇက ပြောကြားသည်။
‘‘ဥပဒေက လောလောဆယ် ....
Electronic Transition Law နဲ့ပဲ ဖမ်းကြမှာပေါ့။
ဒါပေမဲ့ ကျွန်တော့်ဓာတ်ပုံနဲ့ ....
ဖေ့စ်ဘွတ်ခ်မှာ မဟုတ်တာတင်ထားတဲ့ အကောင့်တစ်ခုကို ....
ဒီမှာဘယ်လိုဖော်ထုတ်မှာလဲ။
ဒါတွေက လုပ်လို့ရနေတာပဲလေ။
အကောင်းဆုံးက ဖေ့စ်ဘွတ်ခ်လို
ပြင်ပအဖွဲ့အစည်းတွေနဲ့ မလုပ်လို့ကိုမရဘူး။
Cyber Forensics ဆိုတဲ့ လူတစ်ယောက်ဟာ
ကွန်ပျူတာမှာ ဘယ်လိုသုံးခဲ့လဲဆိုတာ ....
နောက်ယောင်ခံတဲ့ ပညာရှင်တွေ ဒီမှာမရှိဘူး။
ဒါကြောင့် ဆိုက်ဘာမှုခင်းဥပဒေကို ရေးရမယ်။
ပြင်ပအကူအညီလည်း ယူရမယ်’’ဟု ၎င်းက ပြောသည်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတွင် ...
မြန်မာဝန်ထမ်းတစ်ဦးကို ခန့်ထား သည်ဟု ...
ကြေညာထားခဲ့သော်လည်း ....
ယနေ့အထိ လူမျိုးရေး၊ ဘာသာရေးအပါအဝင်....
ပဋိပက္ခ လှုံ့ဆော်ရေးသားမှုများ ....
တွေ့နေရဆဲဖြစ်သည်....။
From: 7dayသတင်းအမှားများ ....

www.mmdailystar.com