Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အုပ်စုဖွဲ့အကြမ်းဖက်မှုများကို ပစ်ခတ်နှိမ်နင်းတော့မည်

$
0
0

မန္တလေးမြို့၏ တည် ငြိမ်အေးချမ်းမှုနှင့် အများပြည်သူ လုံခြုံရေးကို ထိခိုက်စေသော အုပ်စုဖွဲ့အကြမ်းဖက်မှုများရှိလာ ပါက ပစ်ခတ်နှိမ်နင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မန္တလေးမြို့၌ ဇူလိုင် ၄ ရက် ညအချိန်များတွင် အုပ်စုဖွဲ့အကြမ်း ဖက်တိုက်ခိုက်မည်ဟူသော ကော လာဟလများ ကျယ်ပြန့်စွာ ထွက် ပေါ်နေပြီး မြို့တည်ငြိမ်အေးချမ်း ရေးအတွက် တပ်မတော် တပ်ရင်း များ လုံခြုံရေးရယူနေသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များဖြင့်သာ လုံခြုံရေးဆောင်ရွက်နေ ဆဲဖြစ်ပြီး စစ်တပ်အကူအညီရယူ ထားခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။
‘‘အခုလက်ရှိအခြေအနေအရ ရဲတပ်ဖွဲ့အင်အားနဲ့ နှိမ်နင်းနေ တယ်။ ဒီတစ်ခါတော့ ပြောမရ ရင်ပစ်မှာပဲ။ ကျွန်တော်တို့ဘက် က ဖြေလျှော့တဲ့စနစ်က ကုန် သွားပြီ။ အဓိကရုဏ်းအတွက် သတ်မှတ်ထားတဲ့ လက်နက်တွေကို သုံးမှာဖြစ်ပါတယ်’’ဟု ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ဇူလိုင် ၄ ရက် နေ့လယ်၌ 7 Day အား ပြောကြားသည်။
မန္တလေးမြို့၏ အဓိကကျ သည့် နေရာသုံးဆယ်တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးချထားပြီး   လှည့်ကင်းများလှည့်လည်နေကာအခြားတိုင်းဒေသကြီးနှင့် ပြည် နယ်များမှ ရဲတပ်ဖွဲ့အင်အား ထပ်မံခေါ်ယူထားရခြင်းမျိုးမရှိသေးဟု ၎င်းကဆိုသည်။
‘‘အင်အားတွေ ခေါ်ဖို့က တော့ မရှိသေးဘူး။ စစ်တပ်ကို လည်း အကူအညီခေါ်စရာမလို သေးဘူး။ လက်ရှိအင်အားက မန္တ လေးခရိုင်တစ်ခုလုံးမှာ အင် အား ၁၅၀၀ လောက်တော့ရှိတယ်။ လမ်းပေါ်မှာ အင်အားငါးရာ လောက်ရှိတယ်။ တခြားရဲတပ်ဖွဲ့ အင်အားကလည်း ငါးရာလောက် ရှိတယ်’’ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။
အမှန်တကယ်လိုအပ်၍ စစ် တပ်အကူအညီတောင်းခံမည်ဆို လျှင် တိုင်းဒေသကြီးဝန်ကြီးချုပ် အား တင်ပြရမည်ဖြစ်ပြီး ၀န်ကြီး ချုပ်က လိုအပ်သလို စီမံမည်ဟု ဆိုသည်။ ဇူလိုင် ၃ ရက် တွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် မြို့အခြေအနေမှာ အနည်းငယ်တည်ငြိမ်မှုရှိလာသည်ဟုယူဆခဲ့ကြသော်လည်း ဇူလိုင်၎ ရက် ညနေတွင်မူ အကြမ်းဖက်မည့် ကောလာဟလများ ဆက်တိုက်ပျံ့နှံ့လာသည်။
အကြမ်းဖက်သူများ၏ အုပ်စုဖွဲ့ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သောကိုထွန်းထွန်း၏ နာရေးအား ကျူံးတစ်ပတ်ပတ်ကာ လူအင်အား ထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပြီးနောက် မြို့ခံအများစုက ၎င်းတို့၏ လုံခြုံရေးကို အထူးစိုးရိမ်ပူပန်လျက်ရှိသည်။
နာရေး ပို့ဆောင်ရာတွင် လိုက်ပါလာသူအချို့သည် လူမျိုး ရေးဘာသာရေးပဋိပက္ခကို ပိုမို ဆိုးရွားစေနိုင်သည့် သာမန်ထက် ပိုသည့်လှုံ့ဆော်မှုများရှိခဲ့သည် ဟု မြို့ခံအချို့ကပြောသည်။ ယခင်က ပဋိပက္ခနှင့်ပတ်သက်၍ သာမန်ကိစ္စတစ်ခုသဖွယ် ကြောက်ရွံ့ခြင်းမရှိသော်လည်း နာရေးပို့ဆောင်မှုကို ကြည့်ရှုပြီးနောက် ကြောက်စိတ်ဝင်လာမိကြောင်း မန္တလေးမြို့ခံအမျိုးသမီးငယ်တစ်ဦးကပြောသည်။
ရာချီသော ကား၊ဆိုက်ကယ် များနှင့်ထောင်ချီသော လူအုပ် ကြီးများထဲမှ အရက်သေစာ သောက်စားထားသော လူငယ်များလည်းပါသည်။
နာရေးယာဉ်တန်းနှင့်အတူ လိုက်ပါလာသည့် လူငယ်အချို့ က ကျုံးအနောက်ဘက်ခြမ်းလမ်း ၈၀နှင့် ၂၁လမ်းထောင့်အရောက် တွင် နာရေးယာဉ်တန်းကိုလာရောက် ကြည့်ရှုနေသည့် အစ္စလာမ်ဘာသာဝင်ဟု ယူဆသည့်လူငယ်နှစ်ဦးကို ရန်ပြုခဲ့သည်။
လူငယ်နှစ်ဦးမှာ လွတ် မြောက်သွားသော်လည်း ၎င်းတို့ကို ခဲဖြင့်ပစ်ပေါက်မှုကြောင့် အနီးအနားရှိ ရပ်ထားသောမော်တော်ကားနှစ်စီးပျက်စီးသွားခဲ့သည်။
နာရေးပို့ဆောင်သည် လူ အုပ်စုတွင် လူငယ်အချို့မှာ တုတ်များကိုင်ဆောင်ထားပြီး  အင်္ကျီချွတ်၍ မျက်နှာကိုအင်္ကျီဖြင့် ပတ်စီးထားကြသည်။
အခြားလူငယ်များမှာလည်း တုတ်များ ခိုးဝှက်သယ်ဆောင်လာသည်ကိုတွေ့ရသည်။ လူငယ်အများစုက ကမ္ဘာမကျေ သီချင်းသီဆိုပြီး မြန်မာမှန်လျှင် လက်ခုပ်တီးရန်ပြောသည်။
နာရေးယာဉ်တန်းအေးရိပ် ငြိမ်သုသာန်သို့ ရောက်ရှိပြီး နောက်တွင် ကြာနီကန်ရှိ အစ္စ လာမ်သုသာန်မီးရှို့မှုတစ်ခုဖြစ်ခဲ့ သည်။ အသေးစိတ်အချက်များ ကို ထုတ်ပြန်ပေးခြင်းမရှိသော်လည်း မီးလောင်မှုဖြစ်စဉ်မှန်ကန်သည် ဟု မီးသတ်တပ်ဖွဲ့မှ အတည်ပြု သည်။
နာရေးပို့ဆောင်ပြီး ပြန်လာ သော မော်တော်ယာဉ်နှင့် လူများ သည့် ရန်ကင်းတောင်ခြေ ရွှေ ကြေးစည်လူမှုကူညီရေးအသင်း သို့ ပြန်လည်ရောက်ရှိပြီးနောက် ၎င်းနေရာနှင့် အနီးအနားတွင်ရှိ သည့် ရွာသစ်ဗလီကိုဖျက်ဆီးခဲ့ သည်ဟု အစ္စလာမ်ဘာသာဝင်အ ချို့က စွပ်စွဲပြောကြားသည်။
သို့သော်အတည်တကျပြော ဆိုနိုင်သူမရှိခဲ့ပေ။ ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတည်ပြုချက်မရခဲ့ချေ။
ထို့အပြင်ချမ်းအေးသာစံမြို့ နယ်၊ ၈၁×၈၂ ကြား၊ ၂၇×၂၈ လမ်းကြားရှိ ဂျွန်းဗလ်ဗလီအတွင်း လက်နက်များ ထားရှိသည့်အ တွက် ဗလီဆရာအပါအ၀င် လူ ငါးဦးကို ဇူလိုင် ၄ ရက်က ထပ်မံ အရေးယူခဲ့ပြီး အဓိကရုဏ်းများ တွင် ပါဝင်သည်ဟု သံသယရှိသူ လူကိုးဦးကို ဖမ်းဆီးအရေးယူထား ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။
ဗလီအတွင်းမှ ဓားရှည် ကိုး ချောင်း၊ ဓားမြှောင် လေးချောင်း၊ လှံ ဆယ်ချောင်း၊ လေးခွ ၂၀၊ တုတ် ၁၀ ချောင်းတွေ့ရှိရသည် ဟုဆိုသည်။ ၎င်းတုတ်၊ ဓားလက် နက်များအပြင် ဗလီဆရာအပါအ ၀င် အသက် (၃၀)ကျော် အ ရွယ် အမျိုးသားလေးဦးနှင့် အ သက် (၁၇) နှစ်အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦးတို့ကို တွေ့ရှိရပြီး ၎င်းတို့အား လက်နက် မှု၊ ရဲအက်ဥပဒေမှုတို့ဖြင့် အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်နေ သည်ဟု တိုင်းရဲတပ်ဖွဲ့တာဝန်ရှိ သူကပြောသည်။
ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုအချို့နှင့် ကောလာဟလများ ကြောင့်ဇူလိုင် ၄ရက်ညနေတွင် ပုသိမ်ကြီးမြို့နယ်၌ပါ ပုဒ်မ ၁၄၄ထုတ်ပြန်လိုက်သည်။
မန္တလေးမြို့ဧရိယာအဖြစ် သတ်မှတ်သော ခြောက်မြို့နယ် တွင် ဇူလိုင်၃ရက်ကတည်းက ည၉နာရီမှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပြီး တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ယနေ့တွင် ပုသိမ်ကြီးမြို့နယ်ကို ပါ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးဦး ၀င်းဇော်နိုင်ကပြောသည်။
ပဋိပက္ခများကြောင့် မန္တလေး မြို့သို့ သွားရောက်မည့် စင်ကာပူ နိုင်ငံသားများအတွက်လည်း  စင် ကာပူအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၄ရက် ညနေတွင်  မန္တလေးမြို့၌ ကောလာဟလပျံ့ နှံ့နေခဲ့သည်။ အခြေခံပညာ ကျောင်းများရှေ့တွင် ကလေးငယ် များ၏ လုံခြုံရေးစိုးရိမ်သဖြင့် ကျောင်းမဆင်းမီကတည်းက မိဘ များမှာ ကြိုတင်ရောက်ရှိနေကြ သည်။ ဈေးများ၊ ဈေးဆိုင်များ သာမန်ထက် အချိန်စောပိတ်သိမ်း သွားကြသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လုံခြုံရေးအတွက်အ ထူးစိုးရိမ်မိသည်ဟု အစ္စလာမ် ဘာသာဝင်များကပြောသည်။ ဥ ပုသ်နေ့ဖြစ်၍ ဈေးချိုတော်ပိတ် ထားရာ ဈေးချိုအနီးတစ်ဝိုက်ဒေ သများသည် တိတ်ဆိတ်ခြောက် ကပ်နေသည်။ ညနေ ၅နာရီ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က လုံခြုံရေးထပ်မံတိုးမြှင့်ခဲ့သည်။ မြို့ခံအ များစုကညအချိန်အကြမ်းဖက် ဖျက်ဆီးမှုများ၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်။  ည၈နာရီခန့်တွင် မြို့တွင်း၌ လူသွားလူလာ ကင်းမဲ့နေသည်။
 
 
From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>