Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာပဋိပက္ခကြောင့် လူ ၄၀ သေ၊ ပဲခူးတိုင်းထိ ပြဿနာ ပြန့်နှံ့

$
0
0


မိတ္ထီလာမြို့မှာ ​စတင်ဖြစ်ပေါ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​သေဆုံးရသူ ​အယောက်ပေါင်း ​၄၀ ​ရှိသွားပြီလို့ ​မြန်မာအစိုးရပိုင် ​သတင်းမီဒီယာမှာ ​ဖော်ပြထားပြီး ​ပဋိပက္ခဟာ ​ပဲခူးတိုင်း အထိ ​ပြန့်နှံ့ သွားပြီး ​ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် ​ဘာသာရေးအစွန်းရောက်မှုတွေကို ​ရပ်တန့်က ​ရပ်ဖို့ ​အစိုးရက ​ပြောဆိုနေပြီး ​ဒီ ​အ ​ခြေ ​အ ​နေ ​တွေ ​ကြောင့် ​မြန် ​မာ ​နိုင် ​ငံ ​ပြုပြင် ​ပြောင်းလဲ ​မှုတွေကို ​ထိခိုက် ​နိုင် ​တယ်လို့ ​သတိ ​ပေး ထား ​ပါတယ်။

အခြေအနေကို ​ထိန်းသိမ်းဖို့ ​လုံခြုံရေးရဲတွေ ​တိုးချဲ့ ​ချထားပြီး ​ရဲတွေကိုလည်း ​သတိရှိရှိစောင့်ကြည့်ဖို့ ​ညွန်ကြား ထားတယ်လို့ ​ရဲ ​တစ်ဦး ​က ​အေဖက်ပီ ​သတင်းကို ​ပြောပြခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ​ရဲတွေသာမက ​စစ်တပ်ကပါ ​ကင်းလှည့်တာတွေ ​လုပ်နေတယ်လို့ ​ဆိုပါတယ်။ ​ဒီလို ​သတိထား လုပ်ဆောင်နေတဲ့ကြားက ​ပဲခူးတိုင်း ​သာယာဝတီခရိုင်မှာ ​ဆူပူမှုတွေဖြစ်ခဲ့ပြီး ​ဗလီတွေ၊ ​နေအိမ်တွေ ​ဖျက်ဆီးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခတွေ ​ဖြစ်နေတဲ့ အတွက် ​နိုင်ငံတကာ ကလည်းြ ပဿနာ ကို ​ဖြေရှင်းဖို့ ​မြန်မာအစိုးရကို ​ဖိအားပေးနေကြပါတယ်။

မိတ္ထီလာမြို့ကို ​ကိုယ်တိုင် ​သွားရောက်လည်ပတ်ခဲ့တဲ့ ​ကုလသမဂ္ဂ ​ကိုယ်စားလှယ် ​ဘီဂျေး ​နမ်ဘီးယား က ​မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ​ကိစ္စကိုကြည့်ရင် ​မူဆလင်လူမျိုးတွေအပေါ် ​အကွက်ကြကြ ​စွမ်းရည်ထက်တဲ့ ​ရက်စက်ကြမ်းကြုတ်မှုမျိုးတွေနဲ့ ​ပစ်မှတ်ထား ​တိုက်ခိုက်နေသလို ​ဖြစ်နေတယ်လို့ ​ပြောလိုက်ပါတယ်။

တဖက်နဲ့တဖက် ​သွေးထိုး ​လှုံ့ဆော်တဲ့ ​ဝါဒဖြန့်မှုတွေနဲ့ ​ပြဿနာပိုမို ​ကြီးထွားအောင် ​လုပ်ဆောင် ခဲ့တာတွေ ​ရှိတယ်လို့လည်း ​ပြောလိုက်ပါတယ်။

မီတ္ထီလာမြို့မှာရှိတဲ့ ​ခိုလှုံရေးစခန်းမှာ ​နေထိုင်တဲ့ ​ဒုက္ခသည်တွေရဲ့ ​ပြောပြချက်အရ ​ပြဿနာလုပ်နေတဲ့ ​လူတွေဟာ ​ဒေသခံတွေ ​မဟုတ်တဲ့အကြောင်း ​ဘယ်သူ ​ဘယ်ဝါဆိုတာကို ​မသိပဲ ​ပြင်ပက ​လူတွေဖြစ် မယ်လို့ ​ပြောပြခဲ့တယ်လို့ ​ဆိုပါတယ်။

ပြဿနာကို ​ပဲခူးတိုင်းအထိ ​ပြန့်နှံ့ခဲ့

ပဲခူးတိုင်းဒေသကြီး ​အနောက်ခြမ်းဒေသ ​သာယာဝတီခရိုင်အတွင်းမှာ ​ဆူပူအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ​အ ​တွက် ​မတ်လ ​၂၆ရက်နေ့ကစပြီး ​အုတ် ​ဖိုမြို့နယ်၊ ​ကြိုပင်ကောက်မြို့နယ်၊ ​မင်းလှမြို့နယ်တွေမှာ ​ပုဒ်မ ​၁၄၄ကို ​ထုတ်ပြန်လိုက် ​တယ်လို့ ​သိရပါတယ်။

မိတ္ထီလာမြို့မှာ ​နေအိမ်တွေဖျက်ဆီးပြီး ​မီးရှို့တာတွေဖြစ်ပွားခဲ့ပြီးနောက် ​ရန်ကုန်၊ ​မန္တလေးနဲ့ ​အခြားမြို့ကြီးတွေ ​မှာ ​စိုးရိမ်မှုတွေနဲ့ ​သတိထား ​စောင့်ကြည့်မှုတွေ ​ရှိနေချိန်မှာပဲ ​ပဲခူးတိုင်းဒေသကြီး ​အနောက်ခြမ်းဒေ သမှာ ​ဆူပူမှု ​တွေ ​ဖြစ်ပွားလာတဲ့အတွက် ​ပုဒ်မ ​၁၄၄ထုတ်ပြန်ခဲ့တာလို့ ​ပဲခူးဒေသခံတဦးက ​အခုလိုပြောပါတယ်။

၁၄၄ထုတ်လိုက်ပြီလေ၊ ​အုတ်ဖိုမှာထုတ်လိုက်ပြီ ​ကြို့ပင်ကောက်ရယ်၊ ​အိုးသည်ကုန်းရယ်၊ ​မင်း လှနောက် ​ရေကျော်ပေါ့၊ ​အဲဒါက ​မနေ့က ​စနစ်တကျပဲ ​ဆိုင်ကယ်တွေနဲ့ ​၀င်လာတယ်၊ ​အိုးသည်ကုန်းနဲ့ ​မင်းလှက ​ဗလီကျောင်းတွေဖြို ​တယ်ပေါ့လေ။ 

အုတ်ဖိုမြို့မှာရှိတဲ့ ​ဗလီနဲ့ ​နေအိမ်တချို့ကို ​ဖျက်ဆီးခဲ့တဲ့သူတွေကို ​လုံခြုံရေးရဲတွေက ​ရာဘာကျည်ဆံနဲ့ ​ပစ်ခတ်တဲ့ ​အတွက် ​အုတ်ဖိုဆေးရုံမှာ ​၉ဦးရောက်ရှိနေတယ်လို့ ​ပြောပါတယ်။

ကြို့ပင်ကောက်မြို့မှာလည်း ​ဗလီနဲ့ ​နေအိမ်တွေ ​ဖျက်ဆီးခံခဲ့ရတယ်လို့ ​ပဲခူးဒေသခံတဦးက ​အခုလို ဆက်ပြောပါတယ်။

မနေ့ကကြို့ပင်ကောက်မှာတော့ ​သံဃာတော် ​၁၅ပါးက ​ထိုင်နေတယ်တဲ့၊ ​နောက်ပြီးကျတော့ ​ထူးဆန်း တာက ​ဆိုင် ​တွေဖျက်တယ်တဲ့၊ ​ဖျက်ပြီးတော့မှ ​ထိပ်တိုက်ပေါ့ဗျာ၊ ​ဘာပစ္စည်းမှ ​မယူဘူးတဲ့၊ ​သံဃာ ​၁၅ပါး က ​ဖြစ်နေတဲ့ ​လူတွေကို ​ထိန်းမရတော့ ​သူတို့ကမီးမရှို့ပါနဲ့၊ ​ဗလီကို ​မီးမရှို့တဲ့အတွက်ကို ​သူကပေါင် တူတွေ နဲ့ ​ဖျက်တာပေါ့။ ​အုတ်နံရံတွေကို ​၊ ​သံဃာ ​၁၅ပါးက ​၀ိုင်းစောင့်ထိန်းတဲ့ ​သဘောမျိုးပေါ့၊ ​မီးတွေ ဘာတွေရှို့မှာစိုးလို့။ 

လက်ရှိအခြေအနေမှာတော့ ​ကောလဟာလသတင်းတွေကြောင့် ​ဒေသခံတွေအနေနဲ့ ​စိုးရိမ်ကြောင့်ကြ မှုတွေ ​ရှိနေ တဲ့အတွက် ​ဈေးဆိုင်တွေအားလုံးလိုပိတ်ထားကြပြီး ​မျက်နှာစိမ်းတွေ ​၀င်ရောက်မှုရှိမရှိ ဆို တာတွေ ကို ​ စောင့်ကြည့် ​နေကြကြောင်း သိရှိရပါသည်။
 
From:News Collection

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>