Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ရှိနေဖို့ လိုအပ်

$
0
0

အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထပ်ပြီးတော့ အခိုင်အမာ ပြောဆိုခဲ့သလို၊ အမျိုးသား ညီညွတ်ရေးနဲ့ လွတ်လပ်ရေး ကို ထိန်းသိမ်းကာကွယ် ဖို့အတွက် စစ်ဘက် အင်အားတောင့်တင်းဖို့ လိုတယ်ဆို ပြီးတော့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်သွားတဲ့ ကာကွယ်ရေး ဦးစီးချုပ်က အဲ့ဒ်ီလိုပြောသွားတာပါ။


မိတ္ထီလာမြို့မှာ အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားပြီး စစ်တပ်က လုံခြုံရေး တာဝန်ယူထားတဲ့အပြင် ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှ မြို့နယ်တွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြီး၊ စစ်တပ်က တာဝန်ယူထားတဲ့အချိန်မှာပဲ တပ်မတော်နေ့ အခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းပြောခဲ့တာပါ။

ဒီကနေ့ စစ်ရေးပြ အခမ်းအနားမှာ အရင်နှစ်တွေတုန်းက မပါခဲ့ဖူးတဲ့ လေတပ်၊ တိုက်လေယာဉ်တွေက စွမ်းရည် အလှပြ ပျံသန်းခဲ့ကြသလို၊ ရုရှားလုပ် တိုက်ချင်းပစ် ဒုံးကျည်တွေ၊ လက်နက်ကြီးတင် သံချပ် ကာ ယာဉ်တွေ စသည်အားဖြင့် ပါဝင် ချီတက်ခဲ့ကြပါတယ်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လည်း ပထမဆုံး အကြိမ်အဖြစ် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
 
From:voa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>