Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပဲခူးတိုင်းအနောက်ခြမ်း အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

$
0
0

ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား

မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီး က ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်လုံး၊ဆိုင်ခန်းလေးခန်းနဲ့ပလီတစ်လုံးတို့ ပျက်စီးခဲ့ပါတယ်။

အဲဒီလူအုပ်ကြီးကို ရဲနဲ့တပ် စုစုပေါင်းအင်အား ၁၀၀ ခန့်က ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ၇ ဦးဒဏ်ရာ ရရှိခဲ့ပြီး၊ အဲဒီလူတွေကို ပုတီးကုန်းဆေးရုံကို တင်ပို့ထားရပါတယ်။

ပေါက်တူး၊ပေါက်ချွန်းနဲ့ရဲဒင်းတွေ အသင့်ယူလာတဲ့ ဒီလူအုပ်ကြီးဟာ ဆိုင်ကယ် အစီးနှစ်ဆယ်ခန့်နဲ့ အတူ ပုတီးကုန်းမြိုကို အရှေ့ဘက်ကနေ တစ်ရှိန်ထိုး ဝင်ရောက်လာတာ ဖြစ်တယ်လို့ မြို့ခံ ကိုချိုက RFA ကိုပြော ပါတယ်။

"စစ်တပ်နဲ့ရဲက ပလီကို ဖျက်နေသူတွေကို သေနတ်နဲ့ပစ်နေတာတောင် ဒီလူအုပ်က ပလီကို ဖျက်နေသေး တယ်"လို့ ကိုချိုက ဆက်ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းကမြို့တစ်ချို့မှာ အကြမ်းဘက် ဖျက်စီးမှုကို ညဘက်တွေမှာသာ လုပ်ဆောင် ခဲ့ပေမယ့် ဒီကနေ့မှာတော့ ဇီးကုန်းမြို့နဲ့အုတ်ဖိုမြို့တွေမှာ နေ့ခင်းဘက် မှာတင် ဝင်ရောက်ဖျက်စီးတာတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့ညကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ အမည်မသိလူအုပ်တွေ ဝင်ရောက်မီးရှို့ဖျက်စီးတာတွေ ရှိတဲ့အတွက် ဇီးကုန်း၊နတ္တလင်း၊မင်း လှ၊စစ်ကွင်း၊မိုး ညို၊ကြို့ပင်ကောက်၊ သာယာဝတီမြို့တို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး၊ပေါင်းတည်မြို့မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ရပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>