Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဇီးကုန်းနှင့် မင်းလှတွင် ဆူပူမှုများဖြစ်ပွားရာ ဗလီ သုံးလုံးခန့်ဖြိုဖျက်

$
0
0

ပဲခူးတိုင်း မင်းလှ၊ နှင့်ဇီးကုန်းမြို့နယ်တို့တွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့ နေ့လည်တွင် ဆူပူဖျက်ဆီးမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

ယနေ့နေ့လည် ၁နာရီခန့်တွင် ပဲခူးတိုင်း မင်းလှမြို့နှင့် နီးစပ်ရာရွာများမှ လူတထောင်ခန့်က ဗလီ သုံးလုံးခန့်နှင့် အတွင်းမှ ပစ္စည်းများအား ဖြိုဖျက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ၏ လူနေအိမ်များမှ အတွင်း ပစ္စည်း များအား ဖြိုဖျက်သွားခဲ့ကြောင်းဒေသခံ ဒေါ်လှလှမိုးက ပြောသည်။

၎င်းက “လူထုက အိမ်ထဲက ပစ္စည်းတွေ ဗလီထဲက ပစ္စည်းတွေ ဖျက်ဆီးခဲ့ပါတယ်။ ဗလီနှစ်လုံး က တော်တော် ပျက်စီးသွားတယ်ကြားတယ်။ ဒါပေမဲ့ လူကိုတော့ ဘာမှမလုပ်သွားကြပါဘူး” ဟုပြောသည်။

ညနေလေးနာရီခန့်တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ထိုဆူပူအုံကြွမှုအားသေနတ်များ အပေါ်သို့ ပစ်ဖောက် ဖြိုခွဲသဖြင့် လူစုကွဲသွားကြောင်း အဆိုပါဒေသခံမှ ပြောသည်။

ဆူပူအုံကြွသည့် လူစုသည် နေ့လည်ခန့်တွင် ဆူပူအုံကြွကာ ပုဒ်မ၁၄၄ထုတ်ထားသော ကြောင့် စည်းမျဉ်းအတိုင်း ည၇နာရီ အချိန်မရောက်ခင် အိမ်သို့ ပြန်ကြကြောင်း ဒေါ်လှလှမိုးက ပြောဆိုသည်။

အုတ်ဖို၊ မင်းလှ နှင့် ကြို့ပင်ကောက်မြို့များတွင် မတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစတင်၍ ညနေ၆နာရီမှ မနက် ၆နာရီအတွင်း လမ်းပေါ်မထွက်ရန် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၄ ကိုထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယခုလို

နေ့လည်ဘက်တွင် မင်းလှနှင့် ဇီးကုန်းတို့တွင် ဆူပူဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍လုပ်ဆောင် နေသည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာ သာရေး အစွန်းရောက် မှုများကို ရှောင်ရှားကြပါရန် သတင်း ထုတ်ပြန်ရေး အဖွဲ့က ပြည်သူများသို့ မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်၍ တိုက်တွန်း ထားသည်။

ထို့အပြင် ယနေ့နေ့လည် ဇီးကုန်းမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူဖျက်ဆီးမှုတွင် အာဏာပိုင်များဘက်မှ ဖျက်ဆီးနေ စဉ် မည်သို့မှ အရေးမယူပဲ ဖျက်ဆီးပြီးမှ ရာဘာကျည်ဆံများနှင့် ပစ်ခဲ့သည်ဟု ဇီးကုန်းမှေ ဒသခံ ကိုသန်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်း က ကိုယ်တိုင် မြင်တွေ့ခဲ့ရပုံကို “ဒီနေ့ရော မနေ့ကရောဖြစ်တာ ညနေသုံးနာရီလောက်ကလာပြီး ဖျက်ဆီးကြတာ။ ဖျက်နေတုန်းကတော့ လုံခြုံရေးတွေက ဘာမှမလုပ်ကြဘူး။ ဒီအတိုင်းပဲ ရပ်ကြည့်နေကြ တယ်။ ဖျက်ဆီး တဲ့ လူတွေကပြန်ထွက်လာတော့မှ သေနတ်နဲ့ပစ်ကြတယ်။ရာဘာကျည်နဲ့ပစ်တယ်။” ဟု ပြောပြသည်။

နိုင်ငံ၏တည်ငြိမ်မှုကို ဖျက်ဆီးချင်သဖြင့် ယခုလိုပဋိပက္ခများ လုပ်ဆောင်နေကြသည်ဟု ယူဆကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့များမှာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း နည်းပါးသည်ဟု ကိုသန်းဆောင်မှ ၎င်း၏ အမြင်ကို ဆိုသည်။

လက်ရှိအခြေအနေတွင် ညနေလေးနာရီခွဲခန့်မှ စတင်ပြီးတည်ငြိမ်သွားကြောင်း ဖျက်ဆီးဆူပူသူများအား ဖမ်းဆီး ထိန်းသိမ်းခြင်း မတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ဇီးကုန်းဒေသခံ ဒေါ်ခင်ဝိုင်းက “သေတာတော့ မရှိဘူးလို့ ကြားတာပဲ။ ဇီးကုန်းမှာ အစ္စလာမ်တွေပဲ အထိခိုက်ဆုံးပဲ။ ဘာအညိုး အတေးတွေမှ မရှိပဲနဲ့ ဒီလိုဖြစ်သွားတာ တော်တော်လေး စိတ်ထိခိုက်နေရတာ။ ဒါပေမဲ့ ကိစ္စတွေပြီးမှ လုံခြုံရေးတွေက လာပြီး ဂရုစိုက်တာ” ဟု ဆိုသည်။

ဒေါ်ခင်ဝိုင်းက ဆက်၍ လာရောက်ဖျက်ဆီးသူများမှာ နယ်အတွင်းရှိဒေသခံများသာ ဖြစ်ကြောင်းနှင့် လူအင်အား ၂၀၀ကျော် ၃၀၀ခန့်လာရောက်ဖျက်ဆီးကြကြောင်း ဘာသာရေး အဆောက်အအုံများကိုအဓိ ကဖျက်ဆီးသော် လည်း လူများကို အန္တရာယ်မပြုကြောင်း ရှင်းပြခဲ့သည်။

From: မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>