Quantcast
Viewing all articles
Browse latest Browse all 4837

MH370 သတင်းအမှန်ပေးနိုင်လျှင် ကန်ဒေါ်လာ ၅ သန်း ရမည်

ဇန်လ ၈ ရက်နေ့ကမှ ကြေညာလိုက်တဲ့ သတင်း ဖြစ်ပြီး ယင်း ကြေညာချက် အရ ပျောက်ဆုံးနေသော MH370 လေယာဉ် အကြောင်း အစအန တွေ့ရှိ သတင်းမှန် ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဒီအတွက် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများရဲ့ ကျန်ရှိ မိသားစုများက စုစည်းလို့ ပေးအပ်မယ့် ဆုကြေးငွေ ဖြစ်ပါတယ်။ ဒီအတွက် ကို သေချာ စစ်ဆေးပြီး အမှန်တကယ် တွေ့ရှိ သတင်း ပေးနိုင်သူ ကိုသာ ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ပေကျင်း မြို့ကို ပြန်သန်းစဉ် အိန္ဒိယ သမုဒ္ဒရာ ထဲသို့ ထိုးကျ နှစ်မြှုပ်သွားတယ်လို့ ခန့်မှန်း ထားကြတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ကော၊ လေယာဉ် ဝန်ထမ်း အပါအဝင် ၂၃၉ ဦး ပါဝင် ပါတယ်။ နောက်ဆုံးရ သတင်း အနေနဲ့ သြစတေးလျ ကမ်း အလွန် အန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်မှာ Low Frequency အသံ လိုင်း ကြားရပြီး ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ MH370 လေယာဉ်ကို ကိုယ်တိုင် ဆယ်ထုတ် စရာမလိုပဲ အစအန သတင်း ပြောပြ ရုံမျှသာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာမို့ နိုင်ငံတကာမှာ ပုဂ္ဂလိက ရှာဖွေရေး အဖွဲ့အစည်း များစွာ ပါဝင် လာကြောင်း သိရ ပါတယ်။ .


From: Ref: Metro အောင်ခမ်း (ရိုးရာလေး)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>