Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလားဒေရှ့် နယ်စပ်တွင် မြန်မာ့ရေပိုင်နက် လုံခြုံရန် တပ်မတော်ရေနှင့် ရေကြောင်း ရဲတပ်ဖွဲ့ ပူးပေါင်းကင်းလှည့်မည်

$
0
0
ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးရှိ မြန်မာ့ရေပိုင်နက်လုံခြုံရေး အတွက် ရေကြောင်းရဲတပ်ဖွဲ့ ဝင်များ နှင့် တပ်မတော်ရေ တို့ ပူးပေါင်းကာ အင်အားတိုးမြှင့်ကင်းလှည့်ခြင်း များ ကို မကြာမီဆောင်ရွက်တော့မည်ဖြစ် သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဒီမိုကရေစီတူဒေးသို့ပြောသည်။


ယင်းသို့ပူးပေါင်းကင်းလှည့်ခြင်း များကို ယခင်က ဆောင်ရွက်လျက်ရှိ သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မသမာသူ များက မြန်မာ့ရေ ပိုင်နက်ကို ကျူးကျော်ဝင်ရောက်မှုများ မဖြစ်ပွား စေရန်အတွက် အင်အားတိုးမြှင့်ကာ ကင်းလှည့်တပ်ဖွဲ့ဝင်များကို လက်နက် များပါ အသင့်တပ်ဆင်ပေးထားမည် ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ''လွန်ခဲ့တဲ့ရက်ပိုင်း လောက်က နေပြည်တော်ကလူကြီးတွေ
လာပြီး အဲဒီ ကိစ္စတွေ ကို ဆွေးနွေးကြ တယ်။

မသင်္ကာတဲ့လှေ၊ သင်္ဘောတွေ ဝင်လာရင်လဲ တစ်ခါတည်းပစ်ဆိုပြီး လူကြီးတွေပြော ထားတာတွေရှိတယ်။ ရေတပ်တွေလဲ ကင်းလှည့်ဖို့ အဆင် သင့်ဖြစ်နေပြီလို့သိရပါတယ်။ ရေပိုင် နက်ကိုကျူးကျော် မလာဘူးလို့ မပြော နိုင်ဘူးလေ။ ၂၄နာရီပတ်လုံး အလှည့် ကျကင်းလှည့်မယ်လို့သိရတယ်''ဟု ပြောသည်။
ယင်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ရေပိုင်နက်ကို ကင်းလှည့်မှုများ ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံဖြတ် ကျော်မှုခင်းဌာနမှ ရဲမှူးကြီးတစ်ဦးက ''ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေလုပ် ဖို့ စီစဉ်ထားပါ တယ်။ နှစ်ဖက်ဆွေး နွေး မှုတွေလုပ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကိုကြည့်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု မေ ၈ရက်ကဖြေကြား ခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက် တင်းမာမှုများသည် မေ ၃၁ရက်က အဆင်ပြေစွာဖြင့် နှစ်ဖက်ဖြေရှင်းနိုင် ခဲ့သော်လည်း အထင်လွဲမှုများထပ်မံ မဖြစ်ပွားစေရေးအတွက် နှစ်နိုင်ငံတာ ဝန်ရှိသူများ ထပ်မံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း မြန်မာ နိုင်ငံရဲတပ် ဖွဲ့မှ သိရသည်။


မေ ၂၈ရက်က မြန်မာပိုင်နယ်စပ် ထဲသို့ဝင်ရောက်လာသူ RSO တပ် ဖွဲ့ဝင်တစ်ဦးကို မြန်မာနယ်ခြားစောင့် တပ်မှပစ်ခတ် ၍ သေဆုံးခဲ့ရာမှ သေဆုံး သူမှာ BGB မှ ၎င်းတို့တပ်ဖွဲ့ဝင်ဟု ပြောဆိုသဖြင့် သေဆုံးသူအား လွှဲ ပြောင်းပေးရန်ပြုလုပ်စဉ် နယ်စပ်အ နီး အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့များနှင့် BGB တပ်ဖွဲ့ဝင်များ အပြန်အလှန်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း မောင်တောမှ လာ သောသတင်းများအရ သိရသည်။

[--Democracy today Daily Newspaper--]
‪#‎Democracytoday‬
From:YMG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>