မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် မတ်လ ၂ဝရက်နေ့မှ စ၍ သုံးရက်ကြာဖြစ်ပွားခဲ့သော အကြမ်း ဖက် ပဋိပက္ခများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသောဒုက္ခသည် တစ်သောင်း ခန့် ရှိနေရာအရေးပေါ်ကယ်
ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒုက္ခသည်များအတွက်စောင်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပလတ်စတစ်အိပ်ရာခင်းများအပြင် နေရပ်စွန့်ခွာနေရသူများအတွက် သန့်ရှင်းသော
ရေနှင့် ကျန်းမာရေး အထောက်အပံ့ပေးရာတွင် အဆိုပါ လှူဒါန်းငွေကို အသုံးပြုသွားမည် ဟု သိရသည်။
''အစိုးရအနေနဲ့ အခြေအနေ တွေ ပြန်လည်တည်ငြိမ်ဖို့၊ အပြစ် ရှိတဲ့သူတွေကိုဥပဒေအတိုင်း အရေး ယူဖို့နဲ့ ဒုက္ခသည်တွေရဲ့လိုအပ်ချက် ကိုဖြည့်ဆည်းပေးဖို့ ကတိကဝတ်ပြု တာကို ကြိုဆိုပါတယ်''ဟု ထုတ်ပြန်ချက် တွင်ပါရှိသည်။
ထို့အတူ ဒဲရစ်မစ်ချယ်လ်က ဆူပူအကြမ်းဖက်မှုများ ရပ်တန့် ရေး၊ အခြားဒေသများသို့ ပျံ့နှံ့ မသွားစေရေး၊ လူ့အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန် နား လည်မှုနှင့်ယုံကြည်မှု တည်ဆောက် ရေးအတွက်
ဘာသာရေး ခေါင်း ဆောင်များနှင့် နိုင်ငံသားများက တစ်စည်းတစ်ရုံးတည်း လုပ်ဆောင် နေခြင်းကို အားပေးထောက်ခံ သည်ဟု ဆိုသည်။
ထို့အပြင် အမေရိကန်သံရုံး အနေဖြင့်ဆွေးနွေးမှုများ၊ အပြန်အ လှန်နားလည်မှုနှင့် လေးစားချစ်ခင် မှု တည်ဆောက်ရေးများအတွက် ဆက်လက်ထောက်ပံ့မှု ပြုသွား မည်ဟု ဆိုထားသည်။
www.mmdailystar.com