Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလီ ၅သိန်းခန့် ဆော်ဒီတွင် အခမဲ့နေထိုင် ခွင့်ပြုမည်ဟုဆို

$
0
0

မက္ကာအစိုးရ မင်းသား ခါလက် အယ်ဖိုင်ဆယ်က မြန်မာ ဒုက္ခသည်များအား ဆော်ဒီအာရေဗျ နိုင်ငံတွင်း အခမဲ့နေ ထိုင်ခွင့် ပေးမည်ဖြစ်ရာ အဆိုပါသမိုင်းတွင်မည့် လုပ်ရပ်အရ ဒုက္ခသည် ၅ဝဝဝဝဝ နီးပါး နိုင်ငံ တွင်း နေခွင့် ရမည်ဖြစ်ကြောင်းသိရသည်။

မက္ကာအနီး ကူဒိုင်းရောက် မင်းသားက ''ယခုကဲ့သို့ ဆုံးဖြတ် ချက် ချနိုင်ခြင်းအတွက် အထူး ဝမ်း မြောက် မိကြောင်း၊ နိုင်ငံ တွင်း ကာလရှည်နေထိုင်ခဲ့သူ နိုင်ငံခြား သား အများအပြားကို ယခုကဲ့သို့ နေထိုင် ခွင့်ပေးနိုင် မှုအတွက် ပီတိ ဖြစ်မိကြောင်း'' ဆိုသည်။ ဘုရင် အဗ္ဗဒူလာနှင့်ဗလီဝ တ်ကျောင်း နှစ် ခုမှ ဂေါပက များကိုလည်း ကျေးဇူး တင်ကြောင်း ၄င်းက ပြောသည်။

ဆော်ဒီရောက် မြန်မာ အသိုင်းအဝိုင်း အပါအဝင် အိုအိုင် စီ အထွေထွေအတွင်းရေးမှူး အက်မဲလာဒင် အီဆန်နိုလူးရှေ့ မှောက် ၄င်းကို သောင်းသောင်းဖြဖြ အားပေးစဉ် ပြောဆိုရာ၌ ''မက္ကာ မြို့ဝန်ဖြစ်ပြီး ကတည်းက အဗ္ဗဒူ လာ မင်းတရားကြီးကို ဦးဆုံး တင်ပြခဲ့တာ ဒီကိစ္စပါ။ မင်းကြီးက မြန်မာမူဆလင်တွေ အများစုနေ ထိုင်တဲ့ ဒေသတွေ အခြေအနေ တိုးတက်ရေးအတွက် အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ လူနေရပ် ကွက်တွေ ဖွံ့ဖြိုးဖို့ လုပ်ခဲ့ပါတယ်။ ဝန်ကြီးအဆင့် ကော်မတီတွေက တစ်ဆင့်ပေါ့'' ဟု ဆိုသည်။

ယင်းက ဆက်လက်၍ ကမ္ဘာ ပေါ်ရှိ အထူးခြားဆုံး အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဒုက္ခ သည် များ နေထိုင်ရာ ရပ်ကွက်များ ဖွံ့ဖြိုးရေးသာမက အဆိုပါ ခိုကိုးရာ မဲ့ ၄ဝဝဝဝဝ မှ ၅ဝဝဝဝဝ ခန့်၏ ဘဝများ ကို ပြန် လည် ထူထောင်ပေး မည်လည်း ဖြစ်ကြောင်း ပြောသည်။ ယင်းသို့ ထူထောင်ရာတွင် ကျန်း မာ ရေး စောင့်ရှောက် မှု၊ လူမှုဝန်ဆောင် မှု၊ ပညာရေးအပါအဝင် ဒေသဖွံ့ဖြိုး ရေးစသည်တို့ ပါရှိမည်ဟု သိရ သည်။

အဆိုပါဒုက္ခသည်များကို အလုပ်အကိုင် ရရှိရေး သင်တန်း ပေးမည်ဖြစ်ရာ အလုပ်သမား ဝန် ကြီးဌာန၏ အစီအ မံဖြင့် မြန်မာ ဒုက္ခသည်များ အလုပ်အကိုင် ရစေ ရေး ပုဂ္ဂလိကပိုင် ကုမ္ပဏီငယ်များ ဖွင့်လှစ်နိုင်ရန် ပံ့ပိုး သွား မည် ဖြစ် သည်။ယခုကဲ့သို့ အစီအစဉ်ကို ကမ္ဘာတစ်လွှား မည်သည့်နေရာတွင်မှ မတွေ့နိုင် ကြောင်း မင်းသားက ဆိုသည်။

ဒုက္ခသည်များကို နိုင်ငံတွင်း အခမဲ့ လေးနှစ် နေထိုင်ခွင့် အပါ အဝင် လူမှုဝန်ဆောင်မှုများ ပေး မည့် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ဟာရစ်က ''ဒါဟာ ကမ္ဘာမှာ တစ်ခါမှ မပေါ်ပေါက် ဖူးသေးတဲ့ အဖြစ်ပါ'' ဟုဆိုသည်။

From: Popular

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>