Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

PR စနစ်ကို ကြောက်သူများ၏ ဆင်ခြေ..... (သို့) တရားမျှတမှုလား ငါ့ပါတီအတွက်လား

$
0
0
မဲပေးပိုင်ခွင့် ရှိတဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ အလဟဿ မဖြစ်စေမယ့် PR စနစ်ကို အသက်သွင်းမယ့်အပေါ် အဓိက အသံတွေ တော်တော် များများ ထွက်လာကြတယ်...... အထူးသဖြင့် ပြည်သူ့ဆန္ဒကို တန်ဖိုးထားပါဆိုပြီး ပြောခဲ့ ဆိုခဲ့ကြသူတွေက PR စနစ်ကို တူးတူးခါးခါး ဆန့်ကျင်နေကြတာ တွေ့ရတာ အတော် အံ့သြသွားတယ်........ အထူးသဖြင့် NLD ပါတီဘက်က လူတွေရဲ့ အသံက အတော်လေး ကျယ်လောက်တာကို တွေ့ရတယ်......

အခုလက်ရှိမှာတော့ PR စနစ်ကို တူးတူးခါးခါးဖြစ်ပြီး အပြစ်ပြောလာကြတာ တွေ့ရတယ်...... လက်ရှိ ရခိုင်မှာ White Card ကိုင်ဆောင်သူတွေက ဆန္ဒမဲ ပေးပိုင်ခွင့် ဆက်ရှိနေတာရယ်၊ အဲ့ဒိ လူဦးရေဟာ ရခိုင်လူမျိုးတွေထက် များပြားတာကြောင့် ဒေါက်တာအေးမောင်တို့အနေနဲ့ PR စနစ်ကို ကန့်ကွက်နေရခြင်းပါပဲ......ဒီအတွက်က နိုင်ငံတကာမှာ မရှိတဲ့ White Card တွေ မဲပေးပိုင်ခွင့်ကို ဖျက်သိမ်းလိုက်ရုံပါပဲ.......

နောက်တစ်ချက်ကတော့ PR စနစ်မှာ ခေတ်နောက်ပြန် ရှေးရိုးစွဲသူများ၊ ဘာသာရေး အစွန်းရောက်သူများ၊ လူမျိုးရေး အစွန်းရောက်သူများ နေရာဝင်ယူသွားမယ်လို့ ဆိုတယ်...... လွှတ်တော် အမတ်တစ်ယောက်ဟာ ပြည်သူလူထု ထောက်ခံမှုမရှိရင် လွှတ်တော်ထဲကို မရောက်နိုင်ပါဘူး....... PR စနစ်အရလည်း လွှတ်တော်ထဲကို အလုံးအရင်းနဲ့ မရောက်နိုင်ပါဘူး.......

လက်ရှိ အနေအထားမှာလည်း NLD ဟာ မဲဆန္ဒနယ် အများစုမှာ အသာရနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် PR စနစ်ကို ကျင့်သုံးရင်တောင် လွှတ်တော်ထဲမှာ NLD အမတ် အများစုက နေရာယူနိုင်မှာပါပဲ....... ဒီအတွက် အခြား အစွန်းရောက်သူတွေ လွှတ်တော်ထဲ နေရာဝင်ယူမယ်ဆိုတဲ့ ဆင်ခြေဟာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာခြင်းပါပဲ.......

အခြေအမြစ်မရှိ ဦးနှောက်တိမ်သူတွေရဲ့ စွတ်စွဲချက်ဖြစ်တဲ့ PR စနစ်ဟာ ကိုယ်ကျိုးကြည့်သူတွေပဲ ထောက်ခံတယ် ဆိုတာတော့ အထူးတလည် ဖြေရှင်းစရာမရှိပါဘူး...... PR စနစ်ကို လေ့လာသူတိုင်း ဒီစနစ်ဟာ ပါတီကြီးတွေကို မျက်နှာသာပေးတဲ့ စနစ်လား၊ သာတူညီမျှ ကျန်တဲ့သူတွေကိုပါ နိုင်ငံရေးမှာ ပါဝင်စေတဲ့ စနစ်လားဆိုတာ ခွဲခြားမြင်နိုင်ပါလိမ့်မယ်........

တစ်ချို့ကတော့ PR စနစ်ကြောင့် တရုတ်၊ ကုလား ပါတီထောင်ပြီး လွှတ်တော်ထဲကို ဝင်လာမယ်လို့ ဆိုတယ်...... ပိုပြီး အံ့သြဖို့ကောင်းတာက အဲ့ဒိလို စိုးရိမ်ကြောင်း ပြောနေသူတွေဟာ လစ်ဘရယ်နာမည်ခံသူတွေ၊ ဒီမို နာမည်ခံသူတွေ ဖြစ်နေတာပါပဲ...... တရုတ်၊ ကုလား ပါတီထောင်ပြီး လွှတ်တော်ထဲ ဝင်တဲ့အပေါ် ကျွန်တော့် သဘောထားကတော့ ရှင်းပါတယ်..... မြန်မာနိုင်ငံသား ဖြစ်တဲ့ သူတို့မှာလည်း အခွင့်အရေး ရှိရမှာ ဖြစ်ပါတယ်....... သို့သော် တိုင်းပြည်အပေါ်ကို သစ္စာမဖောက်ဖို့ လိုပါလိမ့်မယ်..... သစ္စာဖောက်ရင်တော့ ရွေးကောက်ပွဲ ဥပဒေ၊ ခြေ / ဥ ပါ အမတ် ဥပဒေအပြင် နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ပါ အရေးယူခံရမှာ ဖြစ်ပါတယ်.......

PR စနစ်ကြောင့် ဟစ်တလာ ပေါ်ပေါက်လာတယ်၊ ဂျာမနီမှာ ဒီမိုကရေစီ ဆိတ်သုန်းသွားရတယ် ဆိုတဲ့ အဆိုအပေါ် လိုက်လံလေ့လာကြည့်တာတော့ အထောက်အထား မတွေ့ပါဘူး...... အခုအချိန်ထိလည်း အချို့နေရာတွေမှာ PR စနစ်ကို ကျင့်သုံးနေတာကို ဂျာမန်ရဲ့ Bundestag အကြောင်း လေ့လာကြည့်ရင် သိနိုင်ပါတယ်......

လာမယ့် ၂၀၁၅ မှာ လွှတ်တော်ထဲကို NLD အမတ်အများစု အလုံးအရင်း ဝင်မယ်လို့ ဆုံးဖြတ်ထားချိန်မှာ လွှတ်တော်အမတ်အများစုနဲ့ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ထောက်ခံတဲ့ PR စနစ်ဟာ သူတို့အတွက် ထိုးနှက်ချက် တစ်ခုလို ဖြစ်သွားတာကို ငြင်းပယ်လို့ မရပါဘူး..... သို့သော PR စနစ်ဟာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ အလဟဿ မဖြစ်စေခြင်း၊ တိုင်းရင်းသားတွေရဲ့ အသံ အစစ်အမှန်ကို လွှတ်တော်ထဲကို ရောက်စေမှာ ဖြစ်တဲ့အတွက် NLD အနေနဲ့ ပါတီအကျိုးထက် နိုင်ငံအကျိုးကို ကြည့်ဖို့လိုပါလိမ့်မယ်......

လက်ရှိ အနေအထားအရ ပြည်သူလူထုအကြား ရေပန်းစားမှု အများဆုံးကို ရရှိထားတဲ့ NLD အနေနဲ့ အခြားသော ပါတီငယ်များ၊ တိုင်းရင်းသား ပါတီများမှ ရရှိတဲ့ မဲအရည်အတွက်ပေါ် မူတည်ပြီး အချိုးကျ လွှတ်တော်ထဲကို ပါဝင်ခွင့် ရရှိမှုအပေါ် သဘောထားကြီးကြီးနဲ့ လက်ခံဖို့ လိုပါမယ်....... ဒါမှသာ တိုင်းရင်းသား အရေးကို ဦးစားပေးတယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်......

ဒီလိုမှမဟုတ်ပဲ ကိုယ့်ပါတီတစ်ခုတည်း လွှတ်တော်ထဲမှာ စိုးမိုးစေဖို့ PR စနစ်ကို အကြောက်အကန် ယုတ္တိမရှိတဲ့ ဆင်ခြေတွေနဲ့ ငြင်းဆန်နေမယ် ဆိုရင်တော့ ကျန်တဲ့ပါတီငယ်တွေ၊ တိုင်းရင်းသား ပါတီတွေနဲ့အကြားမှာ ဒီမိုကရေစီ စံနှုန်းကို လိုလားသူလား၊ အားကြီးသူက အနိုင်ယူခြင်းကို လိုလားသူလား ကွဲကွဲပြားပြား ထုတ်ဖော်ပြီးသား ဖြစ်သွားပါလိမ့်မယ်......

ဒီမိုကရေစီစနစ်မှာ အားနည်းသူကို အားကြီးသူက လက်တွဲခေါ်ဆောင်မှသာ စစ်မှန်တဲ့ တရားမျှတတဲ့ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်မယ် ဆိုတာလေးကို အသိပေးပါရစေ......




From:Voice of James Mint


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>