Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တခါတလေပျင်းလာလျှင် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို သွားဆဲကြသည်

$
0
0

အနှီဖေ့ဘုတ်ကြီးကို မောင်စိုပြေ တယောက် ရုံးကောင်းမှုကြောင့် နေ့စဉ်ရက်ဆက် သုံးတတ်ခဲ့လေပြီ။
ထိုဖေ့ဘုတ်ကြီးတွင် အမျိုးမျိုးသော ဗဟုသုတများကိုလည်း ရ၏။
စိတ်ထွက်ပေါက်လည်း ရသလို ဒေါသထွက်စရာများကိုလည်း တွေ့ရပါ၏။
ဖေ့ဘုတ်
ယခုတလောတွင်တော့ ဘင်္ဂလားဘက်က လက်နက်ပြီး ခိုးဝင်လာသူကို မြန်မာဘက်က ပစ်လိုက်ရာ ထိုလူသေသွားသဖြင့် နှစ်နိုင်ငံစစ်ရေး တင်းမာသယောင်ရှိလေသည်။
ထိုအခါတွင်တော့ ဖေဘုတ်ပေါ်တွင် မျိုးချစ်စိတ်ကို ပြကြလေတော့သည်။ ထိုင်းနှင့် ဖြစ်တုန်းကလည်း မြန်မာတနိုင်ငံလုံး အိမ်ရှေ့တွင် အလံထောင်ကြသလို
ဘင်္ဂလားနှင့်ဖြစ်တော့ ဖေ့ဘုတ်ပေါ်တွင် မြန်မာအလံကို ထောင်ကြလေသည်။ စိုပြေလည်း စစ်ကို အားပေးသဖြင့် အလံထောင်သေးသည်။
အချို့ကလည်း သူတို့ကိုယ်တိုင်ပဲ စစ်ထဲဝင်တော့မယောင်ပြောကြသည်။ တကယ်ဖြစ်လို့ လာခေါ်လျှင်တော့ ဘယ်လိုလုပ်မလဲမသိ။
စစ်တပ်ကို မုန်းနေသည့် ဒီမိုအချို့ကတော့ အကြံပက်စက်လွန်းလှသည်။ သူတို့က ဘင်္ဂလားစစ်တပ် နိုင်ပါစေဟု ဆုတောင်းကြသည်။
ဒါမှ မြန်မာစစ်တပ်ကျဆုံးသွားပြီး ဒီမိုဘက်တော်သားတွေက ဘင်္ဂလားစစ်တပ်ကို ပြန်တိုက်ထုတ်။ ပြီးတော့ သူတို့က နိုင်ငံကို အုပ်ချုပ်။ တော်တော်ကောင်းတဲ့ အကြံအစည်ဖြစ်သည်။
သိုသော်လည်း သူတို့ ဆုတောင်းသလို ဘင်္ဂလားစစ်တပ်လည်း မနိုင်လိုက်ပါ။
သူတို့ စစ်သားအလောင်းလွဲပေးပြီး ဟိုပစ်ဒီပစ်လုပ်သည်မှ အပ တိုက်ပွဲကြီးကြီးမားမား မဖြစ်ပွားခဲ့။
ဖေ့ဘုတ်ပေါ်တွင် နောက်ထပ် ကိစ္စတခုကတော့ ဒေါ်စုနှင့် အဘိုးကြီးတဦးရန်ဖြစ်သည့် အကြောင်းပင်။ ဗီဒီယိုဖိုင်တွင်တော့ အဘိုးကြီးက ဆန္ဒပြနေသည်။ ဒေါ်စုက ကားဖြင့် ရောက်လာပြီး လက်ယက်ခေါ်လိုက်သည်။
အဘိုးကြီးက ဒေါ်စုကို ပိုဆိုးပက်စက်ပြောသည်။ ဒေါ်စုကတည်း ပြန်ပြောသည်။ သို့သော် အဘိုးကြီးက အသံကျယ်သဖြင့် ဒေါ်စု တိုးမပေါက်။ ဒေါ်စုပြောသည့် “အဲ့ဒါကို Record လုပ်ထားပါ ” ဆိုတာကတော့ နာမည်ကျော်သွားသည်။
အဘိုးကြီး ပြောတာကတော့ ဒေါ်စုကို လူတွေကို လမ်းမပေါ် မထွက်ခိုင်းဖို့၊ ပုဒ်မ ၄၃၆ ပြင်တာကို ဥပဒေအတိုင်းလုပ်ဖို့၊
သူအဖေသေတာ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တွေကို ခေါ်လာလို့။ စသည်ဖြင့် ဖြစ်သည်။ ဒေါ်စု သက်တော်စောင့်တွေ၊ လွှတ်တော်အမတ်တွေခမြာလည်း ဒေါ်စုပါနေသဖြင့် မိုက်ကြည့်သာ ကြည့်နေရသည်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာကျော်ခေါင်းဆောင်တဦးက လမ်းဘေးက လူတစ်ယောက်နှင့် စကားများသည်ဆိုတော့ ဟိုးဟိုးကျော်သွားတော့သည်။
အစိုးရဘက်တော်သားများက ဒေါ်စုကို လှောင်ကြသည်။ အဘိုးကြီးမှန်သည်ဟု ပြောကြလေသည်။ ဗိုလ်ချုပ်သာ ဂျပန်တွေကို ခေါ်မလာလျှင် မြန်မာပြည် ဒီလိုဖြစ်မည်မဟုတ်ဟုလည်း ဆိုကြသည်။
ဂျပန်မတွေ ခေါ်လာခဲ့ရမှာဟုလည်း ပြောကြပြန်သည်။
အဘိုးကြီး ဇာတ်လမ်းက ဤတွင်မပြီး နောက်နှစ်ရက်လောက်အထိ ဆက်သည်။ ဒီမိုဘက်တော်သားတွေက သူတို့ခေါင်းဆောင်နှင့် ရန်ဖြစ်သူအကြောင်းကို
စုံစမ်းဖော်ထုတ်ကြသည်။ နေပြည်တော် တပ်ကုန်းက အဘိုးကြီးခမြာ အွန်လိုင်းပေါ်တွင် နာမည် အပျက်ကြီးပျက်နေတော့သည်။ သူ့အဖေ ဂျပန်သတ်တာ ကြက်ဥခိုးလို့ဟု ဆိုသူဆို။
ဂျပန်မကို သွားချောင်းလို့ဟု ဆိုသူဆို။ အဘိုးကြီးကို အာဏာရှင်လက်ပါးစေ၊ တစည၊ မဆလ ။ အမှုပွဲစား၊ ထောင်ကျဖူးတဲ့လူ။ အလုပ်အကိုင်မရှိသူ။ စသည်ဖြင့် ပြောကြသည်။ ဟုတ်မဟုတ်တော့ မသိရ။
အဘိုးကြီးခမြာလည်း ဒေါ်စုနှင့် ရန်ဖြစ်မှ မိဘတွေပါ နာမည်ပျက်ကုန်တော့သည်။ ထိုရက်များကတော့ အဘိုးကြီးတယောက် ကိုင်လှုပ်သွားသော နေ့ရက်များပင်။
ဟိုရက်ပိုင်းကလည်း စိုင်းစိုးခမ်းလှိုင်တယောက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်မထိုးဘဲ သူ့အကောင့်တွင် လက်မှတ်ထိုးသူများကို ရိသယောင်တင်လိုက်သဖြင့်
ဖေ့ဘုတ်တခွင်ပြဲပြဲစင်အောင် ဆဲကြလေသည်။ စိုင်းစိုင်းကို ချစ်သည့် ကောင်မလေးကတော့ စိုင်းစိုင်းဘက်က အားပေးကြသည်။ ဟိုဆဲဒီဆဲဖြင့် စိုင်းစိုင်းခမ်းလှိုင်လည်း ကြောက်ပြီး
လက်မှတ်ထိုးရရှာလေသည်။ လက်မှတ်ထိုးတော့မှ ပိုဆိုးသည်။ လက်မှတ်မထိုးသဖြင့် စိုင်းစိုင်းကို ချီးကျူးနေသည့် အစိုးရဘက်သားများနှင့် ကြံ့ခိုင်ရေးများက တဖန်ဆဲကြပြန်လေသည်။
ဒီမိုဘက်တော်သားများက စိုင်းစိုင်းကို ပြန်လည် အားပေးကြပြန်သည်။ နောက်ဆုံး ဟိုဘက်ကဆဲ ၊ ဒီဘက်ကဆဲ ဟိုဘက် ချီးကျူး၊ ဒီဘက် ချီးကျူး နှင့် စိုင်းစိုင်းလည်း အကောင့်ကို ပိတ်သွားလေတော့သည်။
လူ့အလို မင်းသားမလိုက်နိုင်ပါတကား။
တကယ်တော့လည်း ဖေ့ဘုတ်ဆိုတာမျိုးကလည်း ဒါမျိုးလေးတွေ ရှိမှ ပျော်စရာကောင်းတာမဟုတ်လား။ အဲ့လို ဖွစရာမရှိ၊ သတင်းထူးမရှိတဲ့နေဆိုရင် ဖေ့ဘုတ်ပေါ်က လူတွေခမြာ ပျင်းနေပါလေရော။
ဘာတင်လို့ တင်ရမှန်းလဲမသိ။
ထူးထူးထွေထွေမရှိသော နေ့များဆိုလျှင်တော့ ကိုယ့်ပုံလေး ကိုယ်ရိုက်တင်လိုက်။ ထမင်းစားပွဲလေး ရိုက်တင်လိုက်နဲ့ ပျင်းစရာကောင်းနေတော့သည်။
ကြုံတုန်းပြောရလျှင် ဖေ့ဘုတ်ပေါ်တွင် ဟိုဖွ ဒီဖွ လုပ်သည့် သူများကလည်း ရှိသေးသည်။
ရွှေတိဂုံဘုရားအောက် ရွှေကြောကြီး တွေ့သည် ဆိုသည့် သတင်း။ လူအများကလည်း မစဉ်းစား ရှယ်ကြ၊ ဖြန့်ကြသည်။
တနှစ်တခါဆိုသလို ဦးသန်းရွှေသေပြီ။ ဦးမောင်အေးသေပြီ။ စသည့် သတင်းတွေကလည်း ပြန့်တတ်သေးသည်။ ကုလား-ဗမာ သတင်းကလည်း တခါတခါ ဖွတတ်သေးသည်။
တခါတလေပျင်းလာလျှင် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို သွားဆဲကြသည်။ အဲ့ဒုဝန်ကြီးကလည်း ထမင်းစားတာတင်လိုက်။ ကားစီးတာတင်လိုက်၊ အိမ်သာတတ်တာ တင်လိုက်မို့
ဖေ့ဘုတ်ကလူများ မျက်စိနောက်ကြဟန်တူသည်။
ယနေ့တော့ စိုပြေလည်း ပျင်းနေသည်။ ဖေ့ဘုတ်ပေါ်တွင်လည်း ထူးထူးခြားခြားမတွေ့ရ။ ဟိုတစ ဒီတစ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပြီး ဓါတ်ပုံတင်သူလောက်သာရှိသည်။
ဒါကြောင့် စိုပြေလည်း အိပ်တော့မည်။


စိုပြေ
1:56 PM 6/3/2014
From: Zayya Sopyay

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>