Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၉၆၉ စတေကာကို ခွာ၍ ဒေါ်စုပုံ စတေကာ ကပ်သူများကို ဆိုင်ရှင်မောင်းထုတ်

$
0
0
 
ဒေါ်အောင်ဆန်းစုကြည်၏ စေခိုင်းချက်ဖြင့် ၄၃၆ လက်မှတ်ရေးထိုးပွဲနှင့်အတူ အချိန်ကိုက်လုပ်ဆောင်နေသော စတေကာကပ်သူ လူတစ်စုမှ ၉၆၉ တံဆိပ် ကို ခွာယူ၍ ဒေါ်စုပုံ ကပ်ခဲ့သဖြင့် ဆိုင်ရှင်မှ အော်ဟစ်ကျိန်းမောင်းလိုက်ကြောင်း သတင်းရရှိသည်။ NLD ပါတီဝင် စတေကာ ကမ်ပိန်း လှုပ်ရှားသူအချို့သည်  ရန်ကုန်တိုင်းဒေသကြီး ပုစွန်တောင်မြို့နယ်ရှိ ဆိုင်တစ်ဆိုင်၏ တံခါးအထက်တွင် ကပ်ထားသော သာသန အလံတော်ပါရှိသည့် ၉၆၉ တံဆိပ်ကို ခွာယူ၍ ၎င်းနေရာတွင် အမျိုးသမီးအို ဒေါ်အောင်ဆန်းစုကြည်၏ ပုံအား အစားထိုးခဲ့ရာ ဆိုင်ရှင်မှ ခေါင်းပေါ်မှ စတေကာကို ဆုတ်ဖြဲခဲ့ပြီး "မင်းတို့ ဗုဒ္ဓဘာသာတွေ မဟုတ်ဘူးလား.. မအေ-ိုးတွေ ငါ့ဆိုင်ထဲက အကုန်ထွက်သွား.."ဟု ကျိန်းမောင်းကာ နှင်ထုတ်ခဲ့ကြောင်း သိရသည်။

"ဆိုင်ထဲကို ဝင်သွားတုန်းက အကောင်းပဲ... နောက်မှ ဘယ်လိုဖြစ်တယ် မသိဘူး.. နှင်ထုတ်လိုက်တော့... စတေကာသမားတွေ စပ်ဖြဲစပ်ဖြဲနဲ့ ထွက်သွားတာ... "ဟု မျက်မြင်တစ်ဦးမှ ဆိုသည်။ ဆိုင်ရှင်မှာ ဆုတ်ဖြဲခံထားရသော သာသန အလံ စတေကာကို တစ်စစီ ပြန်ဆက်ရင်း ကျန်ခဲ့ပြီး ဒေါသ တော်တော်ထွက်နေဟန်ရှိကြောင်း ၎င်းမှ ဆက်ပြောသည်။ 

စတေကာများတွင် "အောင်ဆန်း မသေသေးဘူး.. အောင်ဆန်းကို တွေ့ချင်ရင် အောင်ဆန်းစုကြည်ကိုကြည့်..."ဟု ရေးသားထားပြီး  ငွေကြေးမြောက်များစွာ အကုန်ကျခံကာ စတေကာ၊ ဦးထုတ် နှင့် အကျီများကို သိန်းချီ ထုတ်ထားပြီး မြန်မာနိုင်ငံ အနှံ့လိုက်ကပ်မည်ဖြစ်ကြောင်း NLD မှ သိရသည်။

"စတေကာမှာ ရေးထားတဲ့ စာက ဘာမှတော့ အဓိပ္ပါယ်မရှိဘူး.. ဖြစ်နိုင်တာကတော့ ၄၃၆ ကို လက်မှတ်များများလိုချင်တာ.... ၄၃၆ ဘာလဲဆိုတာကို နားလည်လို့ပဲဖြစ်ဖြစ်... နားမလည်လို့ပဲဖြစ်ဖြစ် လက်မှတ်များများရအောင် အောက်လမ်းနည်းရော အထက်လမ်းနည်းရော သုံးပြီး အချိန်ကိုက်လုပ်တာဖြစ်နိုင်တယ်... ပြည်သူတွက် အကျိုးမရှိပဲ ပိုက်ဆံတွေ ကုန်သွားတာတော့ နှမျောစရာပေါ့.."ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ၎င်း၏ Facebook တွင် ရေးသားထားသည်။ လွန်ခဲ့တဲ့ ၂ ရက်ကလေည်း အမျိုးသမီးစစ်သည် တစ်ဦးမှ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ၄၃၆ ကို နားမလည်တဲ့ ပြည်သူတွေဆီက ၄၃၆ လက်မှတ်တွေ ခိုးချောင်ခိုးဝှက် မယူဖို့ နှင့် လူထုဆန္ဒစစ်စစ်ကိုသာ ယူဖို့ စိန်ခေါ်ထားသည်။

 စတေကာကပ်သူများ ကြောင့် ပြည်သူများမှာ ယာဉ်ကြောပိတ်ဆို့မှုများ၊ အလုပ်အကိုင် နှောင့်နှေးမှုများ ရှိကြောင်းသိရပြီး အချို့ဆိုင်များတွင် ပစ္စည်း များပါ ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>