ကျွန်မမျက်စိထဲမှာ တော်တော့်ကို cross ကပ်နေလို့ဒီကိစ္စကိုမပြောရရင် ညအိပ်ပျော်မှာမဟုတ်ပါဘူး။ဒါ့ကြောင့်နည်းနည်းလောက်ပြောချင်လွန်းလို့ ပြောပြပရစေ။
အနုပညာရှင်တွေဖြစ်ပြီး လက်မကြီးတွေတစ်ထောင်ထောင်နဲ့ ဟိုဟာထောက်ခံရတာနဲ့၊ဒီဟာကန့်ကွက်ရတာနဲ့ မနေနိုင်မထိုင်နိုင် ဘာဇယားတွေကပ်နေကြတာပါလဲ။အနုပညာသမား အနုပညာနဲ့ပတ်သတ်တဲ့ အမျိုးသားရေးဘဲ လုပ်တာကောင်းပါလိမ့်မယ်။ကိုယ့်တိုင်းပြည်ကိုယ်ချစ်တာချစ်ပါ။အမျိုးသားရေးပါချင်သပဆို အနုပညာနဲ့တတ်စွမ်းသလောက်ပါပါ။အားပေးပါတယ်။
ဒါပေမယ့်တရားနည်းလမ်းတော့ ကျပေရမပေါ့။ဘာလို့လဲဆိုတော့ သူတို့ကိုချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး သူတို့ကိုထမင်းကျွေးနေတဲ့ ပရိတ်သတ်ကြီးကလည်း မှန်၏မှား၏ဆုံးဖြတ်နိုင်တဲ့ ထမင်းစားနေကြသူများဖြစ်နေလို့ အမှားအမှန်ပိုင်းခြားနိုင်ပါတယ်။
သူတို့ရဲ့ထမင်းရှင်ပရိတ်သတ်ကိုတော့ နည်းနည်းလေးစားဖို့ကောင်းပါတယ်။ကျွန်မပြောချင်တာက လူမင်းကိုကြိုက်တဲ့ပရိတ်သတ်ထဲမှာ ဒေါ်စုကိုလေးစားသူ၊သမ္မတကြီးကိုကြည်ညိုသူ၊စစ်သား၊ဒါမှမဟုတ်နိုင်ငံခြားသား အိုအစုံတဲ့မှအစုံ ပါပါတယ်။ဒီပရိတ်သတ်တွေဟာ လူမင်းဘာကောင်ဘဲဖြစ်ဖြစ် သူတိုချစ်တဲ့အနုပညာရှင်ရယ်လို့ တန်ဖိုးထားချစ်ခင်တာပါ။မစားရမသောက်ရအားပေးတာပါ။ဗွီဒီယိုကြည့်ရင်း မင်းသားမင်းသမီးဘက်ကမခံနိုင်လို့ အမြင်မတူဘဲ ကြည့်သူချင်းတောင်ရန်ထဖြစ်ကြတဲ့ထိ ရိုးသားကြတဲ့ကျွန်မတို့မြန်မာတွေပါ။
ဒီလိုအလွှာပေါင်းစုံက အားပေးသူပရိတ်သတ်စုံကို သူတိုယုံကြည်မှု(ဒါမှမဟုတ်)သူတို့လုပ်ချင်ရာလုပ်ဖို့အတွက်နဲ့တော့ မစော်ကားပါနဲ့။
ရှင်တို့အနုပညာရှင်တွေ ဟိုဟာပြင်ချင်၊ဒီဟာကန့်ကွက်ချင်တယ်ဆိုရင်တောင် ရှင်တို့ရဲ့ထမင်းရှင်ပရိတ်သတ်တွေထဲမှာလည်း ဟိုဟာမပြင်ချင်၊ဒီဟာထောက်ခံချင်တဲ့သူတွေရှိတာ မမေ့ပါနဲ့။သဉ္ဇာဝင့်ကျော်ကနောင်နှစ်သင်္ကြန်မှာ အတွင်းခံမဝတ်ဘဲ ကဲနိုင်ရေးအတွက် အခုမြန်မာရင်ဖုံးဝတ်ပြီး မျိုးစောင့်ဥပဒေကိုကန့်ကွက်တာဆိုရင်တော့ ကျွန်မတို့ပရိတ်သတ်ကြီးကလည်း သူ့ကိုခေါင်းမှာယပ်တောင်စိုက်ပေးကြယုံပါဘဲ။
အဆိုတော်တွေထဲမှာ သျီကကျွန်မ idol ပါ။ဒါပေမယ့်အနုပညာရှင်မဆန်တဲ့သူ့လုပ်ရပ်ကြောင့် ဒီနေ့ကစပြီးကျွန်မဘဝရဲ့ ကျောက်စာတစ်ချပ်ကတော့ မလှမပပြုတ်ကျသွားခဲ့ပါပြီ။သျီရေ-bye bye.
ကျန်အနုပညာရှင်များလည်း အနုပညာနှင့်မပတ်သတ်သော ယုံကြည်မှုကြောင့် အလွှာပေါင်းစုံကပရိတ်သတ်ကို ထပ်မစော်ကားပါနဲ့။တိုင်းပြည်ကိုချစ်လျှင်၊အမျိုးသားရေးကိုမြတ်နိုးလျှင် အနုပညာဆန်စွာဖြင့် ပညာရှင်ဆန်စွာချပြတတ်ပါစေ။
www.mmdailystar.com