Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာ့ကြောင့် ၄၃၆ ဖက်ကို ဒေါ်စု မြှားဦးလှည့်သွားရတာလဲ

$
0
0

ပြီးခဲ့တဲ့ ၃ နှစ်ကျော် ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်နဲ့ ကယား ပြည်နယ်က လွဲပြီး မြန်မာနိုင်ငံအနှံ့ကို သွားရောက်ခဲ့ပါတယ်။ ဥရောပ နဲ့ အမေရိကား တစ်ခွင်ကိုလည်း သွားချီပြန်ချီနဲ့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပါတယ်။ လူပေါင်းဆုံနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို၊ ဟောပြောပွဲပေါင်းစုံ လုပ်ခဲ့ပေမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆိုပြီး ပြောဆိုခဲ့တာမျိုး လုံးဝ မရှိခဲ့ဖူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နှုတ်မှ ပုဒ်မ ၄၃၆ ပြင်ဖို့ ပထမဆုံး ပြောခဲ့တာက လွန်ခဲ့တဲ့ ရက်သတ္တပတ် တစ်ပတ်အကြာ မေ ၁ဝ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ မှာ ကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထု ဆန္ဒကောက်ယူပွဲက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၇ ရက်နေ့ ရန်ကုန်မြို့ နဲ့ ၁၈ ရက်နေ့ မန္တလေးမြို့တို့မှာ ၄၃၆ ဆိုတဲ့ စကားလုံးတွေ အပ်ကြောင်းထပ်စေခဲ့ပါတယ်။ ပုဒ်မ ၄၃၆ ကို ဘယ်အချိန်က ဒေါ်အောင်ဆန်းစုကြည် စတင်စိတ်ဝင်စားခဲ့ပြီး ဘာကြောင့် စိတ်ဝင်စားခဲ့တယ်ဆိုတာ ဆက်ပြီးကြည့်ရအောင်ပါ။

ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကို ကြီး တို့နှင့်အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ခေါင်းဆောင် များ တွေ့ဆုံဆွေး နွေးပြီးနောက် ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခုရှိတဲ့ အခြေခံဥပဒေမှာ ၄၃၆ တစ်ခုတည်း ကို ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ခြင်ရတာလဲ ဆိုတာ စဉ်းစားစရာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းဆိုင်ရာ ပုဒ်မ-၄၃၆ (က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်း ပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပါတယ်။

ဆိုလိုသည်မှာ ပုဒ်မ ၅၉(စ) တွင် ပြဌာန်းထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရ ဟူသော အချက်ကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်း ထားသောကြောင့် ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အခုချိန်မှ ရုတ်တရပ် ၄၃၆ ကို အလျှင်အမြန်ပြင်ဆင် ချင်ရတာလဲဆိုတာ အဖြေက ရှင်းသွားပါပြီး။ ဒေါ်စု ၄၃၆ ကို ပြင်ချင်တာ နိုင်ငံအတွက်လည်း မဟုတ်ပါဘူး၊ ပြည်သူအတွက်လည်းမဟုတ်ပါဘူး၊ သူမ သမ္မတလုပ်ချင်လို့ပဲ ဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာပင် နေ့စဉ်နဲ့ အမျှ ဒေသအနှံ့မှာရှိတဲ့ NLD ပါတီဝင်များက ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ဆန္ဒတွေ ပြနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ၅၉(စ) ကို ပြင်ဆင်ဖို့ တိုက်ရိုက်ဟောပြောလိုဟန် ရှိပါတယ်။ ဒါပေမယ့် သူမအနေနဲ့ သမ္မတအလွန်ဖြစ်ချင်နေတာကို လူမသိစေချင်တာက တစ်ကြောင်း၊ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျပြီးနောက် သူမရဲ့သားများက နိုင်ငံခြားသားအဖြစ် ပြည်ပမှာ အခြေချနေထိုင်နေသည်ကို လူထုရှေ့မှာ ရဲရဲဝံ့ဝံ့ မပြောဆိုရဲတာက တစ်ကြောင်း၊ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံတွင် မဘသ မှ ဦးဆောင်က ၅၉(စ) မပြင်ဆင်ရေး အတွက် ဆန္ဒကောက်ခံမှု၌ လက်မှတ်ပေါင်း ၄ သန်းကျော် ရနေခြင်းတို့ကြောင့် ၄၃၆ ဖက်ကို ခေါင်းစဉ်ပြောင်းလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မဘသ နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိသလို မဘသ ကို ထောက်ခံနေတဲ့ လူထုအင်အားကိုလည်း ထိတ်လန့်နေဟန်ရှိပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ကပင် ဗိုလ်စိန်မှန် ကွင်းမှာပဲ “အမျိုးသားရေးရှု ထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ-၅၉၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာအသိပညာပေး ဟောပြောပွဲ” ကို ကျင်းပခဲ့ရာ ရန်ကုန်လူထုမှ ထောက်ခံမှု ပြင်းထန်ခဲ့တာကြောင့် ထိုပွဲအပြီး ၂ ပတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ပွင့်လူ့ တို့ အရေးပေါ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ ဟု ခေါင်းစဉ်ပြောင်းလိုက်ခြင်းကြောင့် မဘသ နဲ့ ထိပ်တိုက်တွေ့ရန် မရှိတော့ပဲ စစ်တပ်ကို ထိပ်တိုက်တွေ့ဖို့ ဒေါ်စု ဆုံးဖြတ်လိုက်တာပါ။ အခုချိန်မှာ မဘသ ကို ဒေါ်အောင်ဆန်းစုကြည် မကောင်းပြောပါက ပြည်သူအားလုံးက လက်ခံမှာ မဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်း စုကြည် ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါကြောင့် သူမရဲ့ လက်သုံး စကားတွေဖြစ်တဲ့ စစ်တပ်မကောင်းကြောင်း တွေနဲ့ပဲ လူထုထောက်ခံမှုကို ယူနေတာဖြစ်ပါတယ်။ ဒါကို ပြည်သူအားလုံးက သဘောပေါက်ဖို့လိုသလို မဘသ ကလည်း သဘောပေါက်ဖို့လိုပါတယ်။ ၄၃၆ ပျက်သွားပါက မဘသ နဲ့ မြန်မာအမျိုးစောင့် လူငယ်အားလုံး ကာကွယ်နေတဲ့ ၅၉(စ) လည်း နေ့ည မဆိုင်းပဲ ပျက်ဆီးသွားမှာဖြစ်ပြီး တရုတ်၊ ကုလား စတဲ့ နိုင်ငံခြားသား မိသားစုဝင်များ မြန်မာနိုင်ငံက သမ္မတထိုင်ခုံမှာ တက်ပြီးထိုင်ကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းတွေဟာ ၅၉ ဖက်က လှမ်းလှမ်း၊ ၄၃၆ ဖက်က လှမ်းလှမ်း၊ ဘယ်ဖက်က လှမ်းနေလှမ်းနေ ပထမအဆင့် သူမ သမ္မတဖြစ်ဖို့နဲ့ ဒုတိယအဆင့် အနာဂါတ်မြန်မာနိုင်ငံ တိုင်းတပါးကျွန် တရားဝင်ဖြစ်ဖို့ ခြေလှမ်းများ သာ ဖြစ်ပါကြောင်း ပြည်သူအပေါင်း သတိချပ်စေချင်ပါတယ်။

From: (ရှေ့နေ ဦးဝင်းမြင့်)
ME 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>