Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"အရင်တုန်းက အများကြီး ပြောပြီးတော့ အခု(၄၃၆) တစ်ခုတည်း ပြောလာတာကတော့ စိတ်ဝင်စား စရာ ကောင်းလာ တာပေါ့" ~ ဦးသိန်းညွန့်

$
0
0




အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်ထားပြီးပြီ။ ဆုံးဖြတ်တဲ့အခါမှာ အရင်ဆုံး (၁၀၉)ဦး ကော်မတီဖွဲ့တယ်။ အခုတစ်ခါ ဒီဟာကို ဆက်လက် သယ်ဆောင်ဖို့ (၃၉)ဦး ကော်မတီဖွဲ့တယ်။ လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ဖို့ကို လုပ်နေပြီပဲလေ။ လုပ်တဲ့အခါမှာ ပါတီအသီးသီးက မိမိတို့ပါတီက ပြင်ဆင်ချင်တဲ့ အချက်ကို (၁၀၉)ဦး ကော်မတီကို တင်ပြခဲ့ပြီးပြီလေ။ အဲဒါကို လွှတ်တော်က ဆက်လက်ပြီး အကောင်အထည် ဖော်ပေးနေတာပဲ။

တစ်ခုတော့ရှိမှာပေါ့။ အခြေခံဥပဒေကတော့ ပြင်မှာပေါ့။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက် အခန်း(၁၂)အရ ပြည်ထောင်စု လွှတ်တော်ကပဲ ဒါကို ဆောင်ရွက်မှာကိုး။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်က ပြင်တဲ့ဟာကို ဒီမိုကရေစီမှာ အများဆန္ဒအရ ဆုံးဖြတ်တာကို အနည်းစုက လက်ခံရမှာ ဖြစ်သလို အနည်းစုရဲ့ ဆန္ဒကိုလည်း အများစုက ထည့်သွင်း စဉ်းစားပေးရမှာပေါ့။ ဒီလို သဘောတွေနဲ့ပဲ ရှေ့ဆက်ပြီး လုပ်ရမှာပေါ့။

ပြင်ဖို့ဆိုတာက အရင်တုန်းက အများကြီး ပြောပြီးတော့ အခု(၄၃၆) တစ်ခုတည်း ပြောလာတာကတော့ စိတ်ဝင်စားစရာ ကောင်းလာတာပေါ့။ တိုင်းပြည်ရဲ့ အခြေခံဥပဒေ ဆိုတာ လိုအပ်ရင် ပြင်ရမှာပဲပေါ့။ တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေ မူတည်ပြီး ပြင်ဆင်သင့်တာ ပေါ်လာရင် ပြင်ဆင်ရမှာပေါ့။ ကျွန်တော် ကိုယ်တိုင် လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အစည်းတွေ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ဆိုတဲ့ ကိစ္စ ပေါ်တုန်းကလည်း အခြေခံဥပဒေကို ပြင်သင့်ကြောင်း လွှတ်တော်ထဲမှာ ကျွန်တော် စပြောခဲ့တာပဲ။ အဲဒီလိုပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေကို လူထုမဲနဲ့ ရွေးနိုင်ဖို့ ကိစ္စလည်း ကျွန်တော် လွှတ်တော်ထဲမှာ အခြေခံဥပဒေပြင်ဖို့ အတွက် မီးမောင်း ထိုးပြတာပဲ။

တစ်ခုပဲရှိတာပေါ့။ အခြေခံဥပဒေ ပြင်တယ် ဆိုတာက တိုင်းပြည် တစ်ခုလုံးရဲ့ လိုအပ်ချက်၊ ကျွန်တော်တို့ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဘောင် အတွင်းက ဒါကို အလေးအနက် စဉ်းစားရမှာပေါ့။

(၅၉)(ဃ)နဲ့ (စ)က ပြောစရာ မလိုပါဘူး။ အားလုံး သိတဲ့အတိုင်း ဒီနေ့ အမျိုးဘာသာ သာသနာ တည်တံ့ဖို့ အတွက် ရဟန်း သံဃာတော်များ အပါအဝင် ပြည်သူလူထု လေးသန်းကျော်က လက်မှတ် ထိုးပြီးတော့ ဆန္ဒ ဖော်ထုတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ကို အမျိုးပျောက်မယ့် အရာမှန်သမျှ အနာဂတ်မှာ ကျွန်တော်တို့ လူမျိုးတည်တံ့ဖို့ နိုင်ငံတော် တည်တံ့ဖို့ အန္တရာယ်ရှိတဲ့ အချက်တွေကိုတော့ ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားရမှာပေါ့။ ဒီပြဿနာတွေကို လွှတ်တော်မှာ တင်လာရင်လည်း အဲဒီအခါကျလို့ရှိရင် ကျွန်တော့် သဘောထားကို တိုင်းပြည်က မြင်တွေ့ရမှာပါ။ အခုအချိန်မှာတော့် ကျွန်တော် ကြိုမပြောချင်ဘူး။
 
 
From: ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>