
ယင်းဟာ တရားဝင် ပြုလုပ်နိုင်တဲ့ စီးပွားရေး ဖြစ်ပြီး ဇနီး ဖြစ်သူဟာ ကိုယ်ဝန်မဆောင် နိုင်ရင် ကိုယ်ဝန် ဆောင်နိုင်တဲ့ အမျိုးသမီးဆီကနေ အငှား ဝန်ဆောင်မှု ဝယ်ယူ နိုင်ပါတယ်။ ဇနီးမောင်နှံရဲ့ DNA ပါဝင်တဲ့ ဓာတ်ကို အငှားဆောင်ပေမယ့်သူ ရဲ့ သားအိမ်သို့ ထည့်ပေးပြီး သာမန် အမျိုးသမီး တစ်ယောက်လိုပဲ ကိုးလလွယ်၊ ဆယ်လ ဖွားစေ ပါတယ်။ ဒီအတွက် ပေးရတဲ့ စရိတ်က ကာလ တန်ကြေး အားဖြင့် အမေရိကန်ဒေါ်လာ ၆၄၇၈ ရှိပါတယ်။ ယင်းငွေကြေးဟာ အိန္ဒိယလို နိုင်ငံမှာ အင်မတန် များပြားတဲ့ ငွေကြေး ပမာဏ ဖြစ်ပြီး အချို့ဆိုရင် ပိုရအောင် ကိုယ်ဝန် တစ်ခု ပြီးရင် နောက်တစ်ခု ဆက်ဆောင် ပါတယ်။
ယင်း အတွက်လည်း အိန္ဒိယ အစိုးရက တရားဝင် ခွင့်ပြု ထားပေးပြီး အငှားကိုယ်ဝန်ဆောင်တဲ့ ဈေးကွက် ကျယ်ပြန့် လာကြောင်း သိရ ပါတယ်။
www.mmdailystar.com