ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၆၀၀၀ ခန့်ကို ဝယ်ယူမယ်လို့ ဂျပန်နိုင်ငံ ကြေငြာသွားပါတယ်.. ဂျပန်က အစားအစာနဲ့ ပတ်သက်ရင်ဇီဇာကြောင်တယ်.. ပစ္စည်းကောင်းရင် ဈေးကောင်းပေးဝယ်တယ်.. တစ်ချိန်က ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံး.. ထုတ်လုပ်နိုင်မှု့  အများဆုံး.. ဆန်စပါးထွက်ရှိရာ မြန်မာနိုင်ငံရဲ့ နေရာကို ပြန်ရောက်နိုင်ဖို့ဆိုတာကတော့ စိမ်ခေါ်မှု့ တွေ ရှိနေဆဲပါ..
ဒီသတင်းနဲ့ နောက်ဆက်တွဲ သုံးသပ်ချက်က စိတ်ဝင်စားစရာ ကောင်းလို့ ပြောချင်ပါတယ်.. မြန်မာနိုင်ငံက ဆန်ကုန်သည်များ အဖို့ ပြည်ပဈေးကွက်နဲ့ ယှဉ်နိုင်ဖို့ အခက်အခဲ ရှိတဲ့အကြောင်း ဆွေးနွေးထားတာပါ.. ရန်ကုန်ကနေ မူဆယ်ထိ ဆန်သယ်ယူရတဲ့ စရိတ်ဟာ ရန်ကုန်ကနေ တရုတ်ပြည် ဆိပ်ကမ်းအရောက် သယ်ယူရတဲ့ စရိတ်ထက် များနေပါတယ်.. ဧရာဝတီတိုင်းကနေ တမူးအထိ သယ်ယူရတဲ့စရိတ်ဟာ ရန်ကုန်ဆိပ်ကမ်းကနေ အာဖရိကအထိ သယ်ယူရတဲ့ စရိတ်ထက် များနေပါတယ်.. ဒါက တကယ်လက်တွေ့ပါ..
ယနေ့အချိန်ကာလမှာ လမ်းပန်းဆက်သွယ်ရေး စနစ် အရင်ကလို မဆိုးတော့ပဲ ဘာကြောင့် သယ်ယူစရိတ်တွေ မြင့်တက်နေရသလဲဆိုတာ အားလုံးစဉ်းစားသင့်ပါပြီ.. ဒီရိုက်ခတ်မှု့ က ပြည်တွင်းက စားသုံးသူ ပြည်သူများ အတွက်ကော.. ပြည်ပနဲ့ ယှဉ်ပြိုင်ရတဲ့ ဈေးကွက်မှာပါ ထိခိုက်စေတာမို့ တိုင်းပြည်အတွက် နစ်နာလှပါတယ်.. ကျွန်တော့အနေနဲ့ ဖြစ်နိုင်စရာ အချက်ကလေး နှစ်ချက်ပဲ ရွေးထုတ်ပြောပြချင်ပါတယ်..
မြန်မာနိုင်ငံမှာ Money Wash လုပ်ဖို့ အကောင်းဆုံးနေရာတွေက တန်ပိုဂိတ်လေလံ လုပ်ငန်းတွေပါ.. ငွေပြန်ရဖို့ သေချာတယ်.. ငွေမဲကနေ ငွေဖြူဖြစ်နိုင်တယ်.. ဒီနေရာတွေမှာ ရင်းနှီးပြီး ဖြန့်ခွဲ လုပ်နိုင်ရင် တချက်ခုတ် နှစ်ချက်ပြတ်ပေါ့..
ဒီနှစ်ထဲမှာပဲ အရေးကြီးတဲ့ တန်ပိုဂိတ်စခန်း လေလံတွေကို ဘယ်သူတွေ ရသွားသလဲ...? ဘယ်သူတွေ ထိမ်းချုပ်နိုင်ခဲ့သလဲဆိုတာ ကြည့်ကြရအောင်..
*၂၀၁၄ ဘဏ္ဍရေးနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး မြို့ဝင် တန်ပိုဂိတ်ကို ကျပ် သိန်းခြောက်သောင်းကျော် ပေးပြီး လေလံအောင်သွားပါတယ်..
*မန္တလေးမြို့ဝင် တန်ပိုဂိတ်ကို ကျပ် သိန်းပေါင်း တစ်သိန်း တစ်သောင်း ငါးသိန်းပေးပြီး
လေလံအောင်သွားပါတယ်..
မြန်မာကျပ်ငွေ ၁၇.၀၁ ဘီလျံ( US 16 million )ငွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ဝင်ငွေတစ်ရပ် ဖြစ်သွားပေမဲ့ ဒီငွေတွေကို ပြည့်မှီဖို့ ပေးဆပ်ရမှာက ပြည်သူ့ ငွေတွေပါပဲ.. ပြီးတော့ ဘီလျံနဲ့ချီတဲ့ ငွေတွေကို ရင်းနှီးမြုပ်နှံပြသူရဲ့ နောက်ကြောင်းကော...? ဒီငွေတွေ ဘယ်ကရသလဲ...? မပြောပြနိုင်ပေမဲ့ ထိုက်သင့်တဲ့ အခွန်ဆောင်ပြီးတာနဲ့ ပြန်ပေါ်တဲ့ငွေက ငွေဖြူဖြစ်သွားပြီ.. သိပ်ကြောက်စရာ ကောင်းတယ်နော်.. ဒါတောင် ဒီလေလံအောင်ဖို့ သက်ဆိုင်ရာတွေကို ပစ်ကျွေးရတာတွေ မပြောသေးဘူး.. တစ်နိုင်ငံလုံးကဟာတွေ မပြောပြသေးဘူး..
ဒါတွေကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်း တက်တာတွေ.. တန်ရာတန်ကြေးထက် ပိုပေးပြီး ပြည်သူတွေ စားသုံးနေရတာတွေ.. ထိထိရောက်ရောက် လုပ်သင့်ပါပြီ.. သက်ဆိုင်ရာ အမတ်မင်းများလဲ ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်မဲ့ ကိစ္စမျိုးတွေကို ဖော်ထုတ် တင်ပြဆွေးနွေး သင့်ပါပြီ..ဘာမဟုတ်တဲ့ ဆိတ်ဖမ်းပွဲတို့
၊ ဝေဖန်တာကို လွှတ်တော်မှာ ငြင်းခုန်တာတို့ထက် အများကြီး အကျိုးရှိမှာပါ။
ပြောသာပြောနေရတယ်.. ကျွန်တော်လဲ မျက်ခုံးခတ်လှုပ်လှုပ်ပဲဗျ . ဒီငွေတွင်းကြီးနဲ့ ပတ်သက်ဆက်နွယ်သူတွေက ပေါက်ပေါက်ရောက်ရောက်တွေဆိုတော့ ကျုပ်အတွက်လဲ အန္တရယ်များလှသဗျာ.. ပြောမိသလောက်လဲ ပြောမိပြီဆိုတော့ မထူးပါဘူး ဆက်ပြောမယ်ဗျာ..
ဒီလေလံအောင်ထားသူဟာ ရုပ်ပြပဲလို့ သိရသလို ဘီလျံနဲ့ချီတဲ့ ငွေတွေ ရင်းနှီးမြုပ်နှံမှု့ မှာ အာရပ်ကမ္ဘာနဲ့ မကင်းသူတွေ ပါနေတယ်လို့ ခိုင်ခိုင်မာမာ သတင်းကြားရပါတယ်.. တန်ပိုဂိတ်တွေ ထိမ်းချုပ်ခွင့်ရတာ ကုန်စည်စီးဆင်းမှု့ ကို ကစားလို့ရတယ်.. ကုန်ဈေးနှုံးကို အတက်အကျထိ လုပ်လို့ရတယ်.. နိုင်ငံရေးအထိ ရိုက်ခတ်နိုင်တယ်.. ဒါကို အားလုံးမေ့ထားကြတယ်.. တဖက်ကတော့ ဗျူဟာကျကျ တွေးတယ်..
ကျွန်တော်တို့အမျိုးသားရေး လုပ်နေတာ ကုလားကို မိုးမွှန်အောင်ဆဲပြီး သူတို့ဆိုင်တွေ အားမပေးဖို့.. ကုလား ကတော်မဖြစ်ဖို့.. ဆိုတာတွေထက် ပိုပြီး ဗျူဟာကျကျ တုန့်ပြန်ဖို့ လိုပြီ.. သက်ဆိုင်ရာ လူကြီးမင်းများလဲ တဘို့ထဲ မကြည့်ပဲ အမျိုးသားရေး အသိ.. သတိတွေ ရှိဖို့လိုသလို ဗဟုသုတအတွက်လဲ နားမျက်စိ ဖွင့်ထားဖို့ လိုပါပြီ....။
Refs : Channel News Asia
အက်ရှင်ဘဘဒီမို
www.mmdailystar.com