Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အတိုက်အခံက အတိုက်အခံအလုပ်လုပ်နေတယ် ၊ စစ်တပ်လည်း စစ်တပ်အလုပ် လုပ်ပါ

$
0
0




     မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအ ခြေအနေအရ ကောက်ချက်ချရလျှင် အင်အားကြီးနှစ်ဖွဲ့ဖြစ်တဲ့ စစ်တပ်နဲ့ အတိုက်အခံ ဆိုတာ ကို အကြမ်းဖျဉ်း မြင်တွေ့ကြရမှာဖြစ်တယ်။ ခန့်မှန်း အိမ်စောင့်အစိုးရ ကာလကတည်းက စတင်လာခဲ့တဲ့ အတိုက်အခံ နဲ့ စစ်တပ် ရဲ့ အတွန်းအတိုက်ကာလ ဟာ အတော်လေးကြာမြင့်ခဲ့ပြီလိုဆိုရမှာပါ။ အတိုက်အခံ ပါတီလို့ ဆိုလိုက်တာနဲ့ ဒီမိုကရေစီအဖွဲ့ချုပ် ကို ဆိုလိုတယ်ဆိုတာ ကလေးက အစ ခွေးအဆုံးသိကြပါတယ်။မှတ်မှတ်ရရ ၁၉၈၈ ခုနှစ် ၈၈၈၈ ရှစ်လေးလုံး ဆူပူသောင်းကျန်းမှု မှာ အတွန်းအတိုက်ရေချိန်မြင့်လာခဲ့တဲ့ အင်အားကြီး နှစ်ဖွဲ့ဟာ လက်ရှိအချိန်အထိ တွန်းတိုက်နေဆဲပဲ ဖြစ်ပါတယ်။

အတိုက်အခံလုပ် အမှတ်တရ
     ဒီလို တွန်းတိုက်တဲ့ ကာလဟာ ၂၀၁၅ ဆီကို နီးကပ်လို့ လာပြီ။ ဒီအချိန်မှာ အတိုက်အခံကလည်း အတိုက်အခံ ပီပီ အခြေခံဥပဒေပြင်ဆင်ရေး ကို တစ်နိုင်ငံလုံး လိုက်လံပြီးတော့ ဟောပြောပွဲတွေလုပ်တယ်။
ဘာတွေ ပြင်မယ်ဆိုတာ ထုတ်မပြောတာတော့ ချွင်းချက်ပေါ့လေ။အခြေခံဥပဒေ မပြင်ချင်တဲ့သူတွေဟာ တိုင်းပြည်ကိုမချစ်တဲ့သူတွေပဲဖြစ်တယ်လို့ ဆိုတယ်။(မပြင်ချင်ဘူးလို့လဲ ဘယ်သူမှမပြောဘူး)။နောက်တော့ အခြေခံ ဥပဒေ ကို တရားဥပဒေ ထဲက ပြင်တာလက်ခံတယ် ဆိုတော့…၅၉(စ) ကို ပြင်ရမယ်ဆိုပြီဆက်ပြီးအတိုက်အခံလုပ်တယ်။ ၅၉(စ) ကိုပြင်ဖို့ သွေးတိုးစမ်းတယ်။ ဒီအချိန်မှာ အမျိုးသားရေး အင်အားစုတွေ ၊ သံဃာတော်တွေက လက်မခံဘူး။ အဲ့အချိန်မှာ အတိုက်အခံကို အတိုက်အခံ ပြန်လုပ်တဲ့ အဖွဲ့တွေပေါ်လာတော့.အဲ့လူတွေကို .ကြံဖွတ်နောက်မြီးဆွဲတွေ ၊ အာဏာရှင်နောက်လိုက်တွေအဖြစ် သမုတ်လိုက်တယ်။ ၅၉(စ) ကို ပြင်ဖို့ မလွယ်မှန်း ရိပ်စားမိလာတော့ ပုဒ်မ(၄၃၆)ဘက်ကို ဦးတည်လိုက်တယ်။ ပုဒ်မ (၄၃၆) ကို ပြင်ဖို့လိုတယ်…ပြည်သူဆန္ဒအတွက် .ဘာညာ ဖြီးဖြန်းပြီးတော့..ထပ် အတိုက်အခံလုပ်တယ်။ ဒါတင်လား မကသေးဘူး..။ မီတာကတွေ တိုးကောက်မယ်ပြောတယ်..အတိုက်အခံထလုပ်တယ်။ဘင်္ဂလလီတွေ တစ်အိမ်ထောင် ကလေး (၂)ယောက်ထပ် ပိုမမွေးရဘူးလို့ အစိုးရ ကသတ်မှတ်တယ် ။ချက်ချင်း အတိုက်အခံထလုပ်တယ်။ ဒီကြားထဲ ကုလားကို ..ကုလားလို့ခေါ်တယ် မိမဆုံးမ၊ ဖမဆုံးမတွေဖြစ်တယ်လို့ ပြောလိုက်သေးတယ်။
(အမျိုးသားရေးဖခင်ဗိုလ်ချုပ်လည်း ကုလားကို ကုလားလို့ပဲခေါ် ခဲ့တယ်။)။လူနည်းစုကို အနိုင်မကျင့်ပါနဲ့ ဆိုတာပါလိုက်သေးတယ် (ရခိုင်မရောက်ဖူးပဲ ၊ ကုလားကလူနည်းစုလည်း ၊ ရခိုင်ကလူနည်းစုလား သူမသိရှာဘူး)မျိုးစောင့်ဥပဒေ လုပ်မယ်လို့ တတိယအင်အားစုဖြစ်တဲ့ အမျိုးသားရေးအဖွဲ့တွေနဲ့ သံဃာတော်တွေကရေးဆွဲတင်သွင်းတယ်။ ချက်ချင်းအတိုက်အခံလုပ်တယ်။ ကျန်တာတွေ အများကြီးအများကြီးပဲ..။ ကဲ..ကြည့်စမ်း….တွေ့လား ..ဘယ်လောက်အတိုက်အခံပီသလဲ။

 သောက်သုံးရေရှားပါးသော နေရာတွင် တပ်မတော်မှ ကိုယ့်အလုပ်ကိုယ်မလဲပဲ ရေတွေလိုက်ပေးနေ

ကဲ အတိုက်အခံကတော့ အတိုက်အခံပီပီ ကန့်လန့်တွေချည်း လုပ်နေပြီ ။ တပ်မတော် ဘာလုပ်နေပါသလဲ။တပ်မတော် ရဲ့ တာဝန်ဟာ ပြည်ပ ရန်စွယ်ကို ခုခံကာကွယ်ဖို့ပဲ ဖြစ်တယ်။ ဒီတော့ ပြည်ပက ကျူးကျော်စစ်တွေ ဆင်နွဲလာရင် တပ်မတော်က နိုင်ငံတော်ကို အကာကွယ်ပေးရမယ်။အခုဘာလုပ်နေလဲ။ ဝေးလံသီခေါင်တဲ့ နေရာတွေကို ဆေးလိုက်ကုနေတယ်။ ရေမရ
တဲ့ အရပ်ဒေသတွေ ၊ ရေရှားတဲ့ အရပ်ဒေသတွေကို ရေတွေ လိုက်ဝေ ပေးနေတယ်။

ရေကြီးနေစဉ် တပ်မတော်မှ ကားများလမ်းဘေးချောက်ထဲသို့ မောင်းချခွင့်မရအောင်အာဏာရှင်ဆန်စွာ ပိတ်ပင်နေစဉ်
ရေကြီးတဲ့ နေရာဆိုလည်း ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ သူတို့ပါပြန်ပြီ။ မီးလောင်တဲ့ နေရာဆိုလည်း သူတို့ ပါပြန်ပြီ ။ ရခိုင်ပြည်နယ်ဘက်က ဘုန်းကြီးကျောင်းတွေကို လုံခြုံရေးအတွက် ကင်းစောင့်နေရတဲ့ဋ္ဌ
နေရာလည်း သူတို့ပါပြီ။တံတားဆောက်လည်း သူတို့ပါပြန်ပြီ။ လမ်းဖော်လည်း သူတို့ ပါပြန်ပြီ။ ရေကန်တူးလည်း သူတို့ပါပြန်ပြီ။ ဒါတွေကို ဘာလို့လိုက်လုပ်နေလဲ ။ သူတို့ အလုပ်လား ။ သူတို့အလုပ်က နိုင်ငံတော်ရဲ့ ပြည်ပ ရန်စွယ်ကို ကာကွယ် ဖို့ပဲမဟုတ်လား။ဒီတော့.တပ်မတော် ဟာ နေရာတကာ မပါပဲ ကိုယ့်အလုပ် ကိုယ်လုပ်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

တောင်ငူ မြို့မဈေး မီးလောင်ချိန်တွင် ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လိုက်ရှုပ်နေသည့် တပ်မတော်သားများ


From: မောင်ဇော်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>