သန်းခေါင်းစာရင်းကောက်ယူရန်အတွက် လုံခြုံရေးဆောင်ရွက်ပေးစဉ် KIA မှချောင်းမြောင်း ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ဗိုလ်မှူးမျိုးညွန့်စိုး
ငြိမ်းချမ်းရေးစကားပြောနေတဲ့အချိန် တပ်မတော်ကKIAကိုဘာကြောင့် တိုက်ရတာလဲ ဂွမ်မော် ပြောသလို စစ်ရေးအရ ဖိအားပေးတာလား၊ အစိုးရအနေနဲ့ အစီအစဉ်တကျ ကြိုတင်စီစဉ်ပြီး လုပ်တာလား၊ သစ်မှောင်ခို နဲ့ သယံဇာတထုတ်ယူမှုကို တားဆီးဟန့်တားလို့ ဖြစ်ရတာလား ဆိုတာ အေ၂ဝ ရက်နေ့ သတင်းစာမှာ ရှင်းပြထားပါတယ်။ ယခုဖြစ်တဲ့ တိုက်ပွဲတွေမှာ တပ်မတော်က စတာမဟုတ်ပါ။ ကေအိုင်အေ အနေနဲ့ အေပြီလ(၄)ရက်နေ့မှာ မံဝိန်းကြီးနဲ့ ကောင်းမုယန် ဆက်သွယ်ရာလမ်းကြောင်းမှာ နောက်တန်းမှ တက်လာတာ မကြာသေးတဲ့ တပ်မတော်မှ ဗိုလ်မှူး မျိုးညွှန့်စိုး ကို ကေအိုင်အေ(၅)ဦးခန့်မှ ချောင်းမြောင်း ပစ်ခတ်လို့ ကျဆုံးခဲ့ရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ကာလမှာ ဘယ်သူက စလုပ်တာလဲ၊ ဘာကြောင့်လုပ်တာလဲ ၊ ကေအိုင်အေရဲ့ စကားတစ်လှည့် ဓါးတစ်လှည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြောင့် ဆိုတာ သိသာထင်ရှားပါတယ်။ တပ်မတော်အနေနဲ့ ဒါကို လက်ပိုက်ကြည့်ပြီး ငြိမ်နေဘို့သင့်ပါလား။ အဲဒီအတွက် လမ်းကြောင်းလုံခြုံရေး ရှင်းလင်းရင်းနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရတာပါ ။ တပ်မတော်က စခဲ့တဲ့၊ ဖန်တီးခဲ့တဲ့၊ ကြိုတင်စီစဉ်ခဲ့တဲ့ တိုက်ပွဲမဟုတ်ပါ ။
Image may be NSFW.
Clik here to view.

ဒါတွင်လား မဟုတ်သေးပါ။ အေ ၁၃ ရက် သင်္ကြန်အကြိုရက်၊ ဗုဒ္ဓဘာသာတို့ရဲ့ ပျော်ရွှင်ဘွယ် သင်္ကြန် မင်္ဂလာအချိန်မှာ တပ်လဲဘို့တက်လာတဲ့ တပ်မတော်စစ်ကြောင်းမှ မော်တော်ယာဉ်(၇)စီးမှ တစ်စီးကို ဆွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်လို့ စစ်သည်(၂)ဦးကျ ၊ (၉)ဦးဒဏ်ရာရတဲ့အပြင် ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ(၁၃)လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုတပ်မတော်အပေါ် နားရွက် တံတွေးဆွတ်တဲ့ အလုပ်မျိုးကို တပ်မတော်က လက်တုံ့ပြန်ရန် မသင့်ပါလား။ ဒါ့ကြောင့် ဆက်လက်ရှင်းတဲ့အခါ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာမှ ဝင်ရောက်ပြီး ကျူးကျော် စခန်းဆောက်လုပ်နေထိုင်တဲ့ ၊ ပွိုင့်-၇၉၂ မိုင်ဆက်ကောင်း စခန်းနဲ့ ပွိုင့်-၄ဝ၆ ဒဂေါ်မကာဘွမ်စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရပါတယ်။ ဒါလဲ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်ခဲ့တာပါ၊
ကေအိုင်အေရဲ့ ကျူးကျော် စော်ကားရန်စတဲ့ အပြုမူကို အတိုင်းအတာတစ်ခုအနေနဲ့ တုံ့ပြန်တဲ့ ဆောင်ရွက်မှု တစ်ခုဘဲဖြစ်ပါတယ် တပ်မတော်ကသာ စစ်ဆင်ရေးလုပ်တဲ့အသွင်နဲ့ တပ်အင်အားတွေ တိုးချဲ့ ချင်ရင် လိုင်ဇာကို လုပ်မှာပေါ့ ။ ကေအိုင်အေကို ဖိအားပေးချင်ရင် ကေအိုင်အေ ရဲ့ လွတ်မြောက်နယ်မြေလိုဖြစ်နေတဲ့ မိုင်ဂျာယန်ကို လုပ်မှာပေါ့။ ယခုဖြစ်ရတဲ့ တိုက်ပွဲက ကေအိုင်အေ က အသားလွတ် ကျူးကျော် စော်ကားလို့ တုံ့ပြန်ရတဲ့အပြင် ထိန်းထိန်း သိမ်းသိမ်း အကန့်အသတ်နဲ့ လုပ်တာကို တိုက်ပွဲဖြစ်စဉ်တွေကြည့်ရင် သိနိုင်ပါတယ် ။ ဒီကနေ့ တပ်မတော် ဟာ အစိုးရမဟုတ်ပါဘူး ။ အစိုးရမဟုတ်ပေမဲ့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် တပ်မတော်မှာ တာဝန်ရှိပါတယ်။ တပ်မတော်ကို ဗမာတပ်မို့လို့ ကချင်ပြည်နယ်မလာနဲ့ ၊ တပ်တွေ အမြန်ဆုံး ရုပ်သိမ်းပါဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်ရှိနေသမျှတော့၊ ကချင်ပြည်နယ်ကို လွတ်မြောက်တဲ့ နိုင်ငံထူထောင်ချင်တဲ့ ရည်မှန်းချက်ရှိနေသမျှတော့၊ ကချင်ပြည်နယ်မှာ ကချင်လူမျိုးတစ်မျိုးတည်း
နေတာမဟုတ်ဘဲ လူများစု ရှမ်းလူမျိုးတွေကို မတရားလူသစ်စု၊ ညှင်းပန်းနှိပ်စက်၊ မုဒိန်းကျင့် ၊ ဆက်ကြေးကောက် လုပ်နေသမျှတော၊့ ကချင်ငြိမ်းချမ်းရေးဟာ စကားတစ်လှည့် ဓါးတစ်လှည့်နဲ့ ပြီးနေတော့မှာကတော့ အမှန်အကန်ပါဘဲ။ ဘယ်တော့ငြိမ်းချမ်းမှာလဲ ၊ ဂွမ်မော် ယခုလိုပြောနေသမျှတော့ အလှမ်းဝေးနေတော့မှာဘဲ ၊ ကချင်လူမျိုးဆိုပြီး ဂျိမ်းဖောလူမျိုးစု တစ်မျိုးတည်း အကျိုးစီးပွားမကြည့်ဘဲ ကချင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားအားလုံးဖြစ်တဲ့ ရှမ်း၊ ချင်း၊ ကယား၊ ရခိုင်၊ မွန်၊ ကရင်၊ ဗမာ အားလုံးရဲ့ အကျိုးစီးပွား၊ လူနဲစု လူမျိုးစုတွေဖြစ်တဲ့ လီဆူး၊ ရဝမ်၊ လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး တို့ရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စု တစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် အမြင်ပြောင်း၊ အသွင်ပြောင်း သင့်ပါပြီ ကေအိုင်အေ ။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာ(၇)ရက် တော်လှန်ရေး ကောင်စီနဲ့ ဆွေးနွေးရာမှာ
ဇော်ဒန် ဦးစီးတဲ့ ကချင်လွတ်လပ်ရေးကောင်စီ KIC ကတောင်းဆိုခဲ့သလို-
(က) ပြည်ထောင်စုအတွင်းရှိ လူမျိုး အသီးသီးအား လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးအပ်ရန်၊ မိမိတို့လူမျိုးများရဲ့ သဘောအရ ခွဲထွက်လိုသူများအား ခွဲထွက်ခွင့်ပေးရန်။
(ခ) ကချင်ပြည်နယ်နှင့်ပတ်သက်၍ ကချင်ပြည်သူပြည်သားများ လက်နက်ကိုင်တော်လှန်နေခြင်း ၏အဓိကရည်ရွယ်ချက် ပန်းတိုင်ဖြစ်သည့် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သီးခြားပြည်နယ်ထူထောင်ရန် ။
(ဂ) ဤကဲ့သို့ ပြည်ထောင်စုအတွင်းမှ ကချင်ပြည်နယ်ခွဲထွက်သွားမည်ကို နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီးသည့်နေ့မှစ၍ ကချင်ပြည် နှင့် ဗမာပြည်သည် အောက်ပါထာဝရ ငြိမ်းချမ်းရေးမူ(၅)ချက်ကိုအခြေခံထားပြီး နှစ်ပြည်ထောင်ဆက်ဆံရေးကို သဘောတူလက်မှတ် ရေးထိုးရန် -
(၁) တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာပိုင်ရေးကို တစ်ဦးကလေးစားရန်။
(၂) တစ်ဦးကို တစ်ဦးမကျူးကျော်ရေး ။
(၃) တစ်ဦး၏ ပြည်တွင်းရေးကို တစ်ဦးက ဝင်မစွက်ရေး ။
(၄) တူညီစွာ နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ဆက်ဆံရေး ။
(၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ။
အထက်ပါတောင်းဆိုချက်တွေဟာ ပြည်ထောင်စု ပြိုကွဲရေးကိုဦးတည်ပြီး လုံးဝဥသုန်ခွဲထွက်ရေးနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်သောနိုင်ငံထူထောင်ရေးကိုသာ တောင်းဆိုခဲ့တဲ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်မှာလဲ ဇော်တူး ဦးစီးတဲ့ ကေအိုင်အေ ဟာ ကျောက်စိမ်းထွက်တဲ့ ဖားကန့်နေရာတွေကို အတင်း ဝင်ရောက်စိုးမိုးခြင်း၊ လူ၊ လက်နက်၊ ရိက္ခာ၊ ရန်ပုံငွေ ၊ ဆက်ကြေး စုဆောင်း ဖြည့်တင်းတာတွေလုပ်၊ အင်အားတိုးချဲ့ စည်းရုံးပြီး စစ်ရေးအရအမြတ်ထုတ်ခဲ့ပါတယ် ။ ဒါကြောင့်လဲ ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပါတယ်။
အဲ့ဒီအပြင် ၁၉၈ဝ ခုနှစ်အတွင်းKIA/KIO နဲ့ ပထမအကြိမ် ၁၉၈ဝ အောက်တိုဘာ (၁၈)မှ (၂၂)ရက်ထိ၊ ဒုတိယအကြိမ် နိုဝင်ဘာ(၁၄)မှ (၂၁)ရက်ထိ၊ တတိယအကြိမ် ၁၉၈ဝ ဒီဇင်ဘာ(၁၇)မှ (၂၄)ထိ၊ စတုတ္တအကြိမ် ၁၉၈၁ မတ်လ(၃)ရက်မှ (၆)ရက်နေ့ထိ လေးကြိမ်တိုင် ဆွေးနွေးခဲ့ပြီး KIA^KIO မှ အဓိကတောင်းဆိုသည့် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေး(ဝါ)ကိုယ်ပိုင် စီမံခန့်ခွဲရေး၊
ပြည်နယ်သတ်မှတ်ပေးရေး၊ ကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရမှ မလိုက်လျော နိုင်သဖြင့် သဘောတူညီချက်မရရှိခဲ့ဘဲ ၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ဟူသော အချက်ကိုသာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ပြောလို့ရတာတစ်ခုက တပ်မတော်အစိုးရလက်ထက် ၁၉၉၄ မှာ ကေအိုင်အေ/ကေအိုင်အို နဲ့ ငြိမ်းချမ်းရေးယူခဲ့တာဘဲလို့ ဆိုနိုင်ပါတယ်။ (၁၇) နှစ်တာ ငြိမ်းချမ်းရေးယူခဲ့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် ၊ စီမံခန့်ခွဲခွင့်ရှိတဲ့ သီးခြားပြည်နယ်ထူထောင်ရေးကိုသာ လိုချင်တဲ့ ကေအိုင်အေ/ကေအိုင်အို ဟာ ၁၉၈ဝ ကဆွေးနွေးပွဲ တုံးကပါခဲ့ပြီး ယခုလက်ရှိ ကေအိုင်အို ဥက္ကဌ တာဝန်ယူထားတဲ့ ဇောင်းဂရား နဲ့ ဒုဥက္ကဌ အင်ဘန်လ ၊ စစ်ဦးချုပ် ဂမ်ရှောင် ဆိုတဲ့ တစ်ယူသန် မျိုးချစ်ဝါဒီ၊ အစွန်းရောက် စစ်ဝါဒီတွေကြောင့် တိုက်ပွဲတွေပြန်ဖြစ်ရတယ်ဆိုတာ ငြင်းလို့မရနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂွမ်မော် ပြောနေတာတွေက ဘာကြောင့် ပြောနေရတာလဲ၊ ဘယ်သူ့အတွက်လဲ ၊ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ
ကြန့်ကြာရတယ်ဆိုတာ ဘာကြောင့်ပြောတာလဲ အထင်အရှား တွေ့နိုင်ပါတယ်၊ သိနိုင်မြင်နိုင်ပါတယ် ။
ရှေ့ကဖုံး နောက်ကပေါ် ဆိုသလို အစွယ်လိုသူက မင်းမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ် လေးပစ်သူ ဘုရား ကျွန်တော်မျိုး၊ ကြံဖော် ကြံဖက် ဤ သုံးမျိုးအနက်မှ ငမိုက်သား မုဆိုး လေ ၊ နင်ချည်းပင် သေပေတော့ ဆိုသလို အစွယ်လိုသူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်တဲ့ ဇောင်းဂရား၊ အင်ဘန်လ တို့နဲ့ အသွား စေခိုင်းသူ အနီးကပ်နောက်က ကြိုးကိုင်ထားတဲ့ ဂမ်ရှောင်တို့ရဲ အကြားမှာ ဘေးကြပ် နံကြပ် ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ မြှောက်ပေးတိုင်း၊ ကြိုးဆွဲတိုင်း ကနေရင်တော့ လေးပစ်တဲ့ ရုပ်သေးရုပ်ပမာ ဂွမ်မော် ခမျာ နင်ချည်းပင် သေရတော့မှာ မလွဲတော့ဘူးလို့ တရားမညှာတာ၊ သနားစရာ ကောင်းလိုက်ပါဘိတော့တယ် လို့ ဆိုလိုက်ချင်ပါတော့တယ်။
KIA ဘာလဲ ယခင်လို တောင်းဆိုတဲ့ ခွဲထွက်ရေးလမ်းစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်သတ်မှတ်ရေးလမ်းကြောင်းကို မစွန့်လွှတ်သမျှတော၊့ KIA ဘယ်လဲ ကချင်ပြည်နယ်ကြီး ဘာဖြစ်ဖြစ် ဒုက္ခသည်အမည်ခံပြီး ကချင်ပြည်သူလူထုကို သူတောင်းစားဘဝကို တွန်းပို့နေပြီး အလုံးစုံ ပျက်သုဉ်းရေး လမ်းကြောင်းကိုသွားနေသမျှတော့၊KIAဘယ်တော့လဲ KIA ရဲ့ စကားတစ်လှည့်၊ ဓါးတစ်လှည့် ကချင်ငြိမ်းချမ်းရေးကတော့ ဝေးသထက် ဝေးနေအုံးမှာ မြေကြီးလက်ခတ် မလွဲပါ ခင်ဗျာ ။ ဒီလိုဘဲ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ ဟိုလူလွှဲချ၊ ဒီလူ့လွှဲချနဲ့ ပြီးနေတော့မှာမို့KIA ကို ချန်ထားခဲ့ပြီး လက်ရှိငြိမ်းချမ်းရေးရပြီး အဖွဲ့အစည်းများနဲ့ ရှေ့ခရီးဆက်ရရင်၊ နိုင်ငံရေးလမ်းကြောင်းပေါ် ဆက်လျှောက်ရရင်တော့ နိုင်ငံတော်အတွက် အကောင်းဆုံး ပါဘဲလို့ အကြံပြုတင်ပြလိုက်ရပါတယ် ။
www.mmdailystar.com