Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒုက္ခသည်များအတွက် မိထ္တီလာမြို့သစ်၌ တန်ဖိုးနည်းအိမ်ရာဆောက်ပေးမည်

$
0
0

မိထ္တီလာမြို့တွင် မီးရှို့အကြမ်းဖက်ခံရသည့် ဒေသခံများအတွက်တန်ဖိုးနည်းအိမ်ရာများကို မိထ္တီလာမြို့ သစ်၌ ပြန် လည် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဒု-၀န်ကြီးက မိထ္တီလာဆက်သွယ်ရေး ဧည့်ရိပ် သာ၌   ပြောကြား ခဲ့ခြင်း ဖြစ်သည်။
မီးဘေးသင့်တဲ့သူတွေကို မြို့သစ်မှာခြေတံရှည်အိမ်တွေကျွန်တော်တို့ပြန်ဆောက်ပေးသွားမှာဖြစ်ပါတယ် ၊မြို့ထဲ က မီးသင့်တဲ့ အိမ်တွေကိုတော့ အိမ်ရှင်အိမ်ငှားပြဿနာတွေရှင်းပြီးရင်အိမ်ပိုင်ရှင်ကို ပြန်ဆောက်ဖို့ အကူ အညီပေးမှာ ဖြစ်ပါတယ် ” ဟု ၎င်းကပြောကြားသည်။
မိထ္တီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များအတွက် ကယ်ဆယ်ရေးစခန်း (၅) ခုနှင့်လူဦးရေ (၆)ထောင်ကျော် ရှိပြီး ၊ ဗုဒ္ဓဘာသာဝင်များအတွက်ကယ်ဆယ်ရေးစခန်းများကို ဘုန်းကြီးကျောင်းများ၌ ဖွင့်လှစ်ထား ပြီး လူဦးရေ(၂၀၀၀)ကျော်ရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်းများတွင်ဆေးဝါးကုသမှုများပြုလုပ်လျှက်ရှိပြီးဆေးဝါးအစားအသောက်များလုံလောက် သော်လဲ ထမင်းစားပန်းကန်ပြားများ၊ဖျာကဲ့သို့အခင်းများ နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ကျမတို့ နောင်ဆိုဒီမှာ ချက်စားဖို့စီစဉ်နေတယ် ၊ ချက်တဲ့အခါမှာပြသနာမရှိပေမဲ့ လူတစ်ထောင်ကျော်စာ အတွက် ထမင်းပန်းကန်တွေမရှိဘူး ၊အဓိကလိုနေတာ အဲဒါပါပဲ ” အ.ထ.က(၁) ကယ်ဆယ်ရေးစခန်းရှိ အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ပြသနာများ ငြိမ်သက်သွားပြီဟုဆိုသော်လည်းကယ်တင်ထားသည့်သူများကို စခန်းများ တွင် တစ်လထားရှိဦးမည်ဖြစ်ကာထိုနောက်ပိုင်းမှ နေရာပြန်လည်ချထားမှု များကို ပြုလုပ် သွား မည်ဖြစ်ကြောင်း သိရှိရသည်။
 “စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုတွေလုပ်ပေးပြီးမှပြန်လည်နေရာချထားပေးတာတွေကို လုပ်သွားမယ် ၊ အား လုံးအေးအေးချမ်းချမ်းဖြစ်သွားမှာပါ ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

From:မြစ်မခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>