Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာ မြို့၌ ယာယီ ဖွင့်လှစ် ထားသော ကယ်ဆယ်ရေး စခန်း များသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက်လှူ ဒါန်းလျက်ရှိ

$
0
0

မိတ္ထီလာ မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များ အတွက် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ စေတနာရှင် ပြည်သူ များက အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက် လှူဒါန်းလျက် ရှိရာတွင် ယနေ့

မွန်းလွဲ ပိုင်း အထိ ခေါက်ဆွဲခြောက် ၁၇၈ဝ၆၆ ထုပ်၊ ရေသန့် ၁၁၄၄၉၆ ဘူး၊ မုန့်မျိုးစုံ ၄၄၆၃၉ ထုပ်၊ အချိုရည် ၁၇၉၆ ဘူး၊ ဓာတ်ဆားထုပ် ၃ဝဝဝ၊ ကော်ဖီမစ်ထုပ် ၁ဝဝဝဝ၊ ဆန် ၂၂၇၁ အိတ်၊ ဆီ ၁၁၂၂ ပိဿာ၊ ကြက်ဥ အလုံး ၃၃၉ဝဝ၊ ပိတ်စ သုံးထုပ်၊ အဝတ် အထည် ၁၉ ထုပ်၊ ဆေးဝါး မျိုးစုံ တစ်သေတ္တာ၊ မိုးကာ ၁ဝ ထည်၊ ဖိနပ်အရန် ၄ဝဝဝ၊ ပလတ် စတစ်ဖျာအချပ် ၂ဝဝဝ၊ ကုလားပဲ ပိဿာ ၃ဝဝဝ၊ ငါးသေတ္တာဘူး ၃ဝဝဝ တို့ဖြစ်ပြီး အလှူငွေ စုစု ပေါင်းမှာ ငွေကျပ် ၅၃၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဆက်သွယ်ရေး ဝန်ထမ်း ရိပ်သာ၌ ဖွင့်လှစ် ထားသော အလှူငွေ နှင့် ပစ္စည်း လက်ခံရာ ဌာနသို့ စေတနာရှင် ပြည်သူများ လာရောက် လှူဒါန်းလျက် ရှိကြရာ မြန်မာနိုင်ငံ အမျိုး သမီး ရေးရာ အဖွဲ့ချုပ် (ဗဟို)က ငွေကျပ်သိန်း ၃ဝ၊ မိတ္ထီလာ ခရိုင် အမျိုး သမီး ရေးရာ အဖွဲ့က ငွေကျပ် ငါးသောင်း၊ မိတ္ထီလာ ခရိုင် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့က ငွေကျပ် ငါးသောင်း၊ မိတ္ထီလာ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း က ငွေကျပ် နှစ်သောင်း၊ မိတ္ထီလာ မြို့နယ် အမျိုး သမီး ရေးရာ အ ဖွဲ့က ငွေကျပ် တစ်သောင်း၊ မန္တလေး ကျောက်စိမ်း ရောင်းဝယ်ရေး က ခေါက်ဆွဲခြောက် ထုပ် ၂၈ဝဝ၊ ရေ သန့်ဘူး ၁၅ဝဝ နှင့် မုန့် မျိုးစုံ အထုပ် ၃၁၂ဝ၊ ကျောက်ဆည် မိသားစုက ရေသန့် ၃၈၄ ဘူး၊ မုန့်မျိုးစုံ ၅၂၈ ထုပ်၊ အဝတ် အထည် တစ်ထုပ်၊ ဆေးဝါး တစ်သေတ္တာနှင့် တစ်အိတ်၊ အောင်မြင်သူ ကုမ္ပဏီများ အုပ်စု က ရေသန့်ဘူး ၂၃၄ဝ နှင့် ဆန်အိတ် ၉ဝ၊ ဧရာ မေတ္တာ လူမှု ကူညီရေး အသင်းက ခေါက် ဆွဲခြောက်ထုပ် ၃ဝဝ၊ ရေသန့်ဘူး ၁၈ဝ နှင့် ဆန်အိတ် ၈ဝ၊ ကျင်းလုံ မြန်မာ က ခေါက်ဆွဲခြောက်ထုပ် ၉ဝဝဝ၊ ရေသန့် ၁၅၂၇၆ ဘူးနှင့် ဆန်အိတ် ၃ဝဝ၊ ဧဒင် အုပ်စု ကုမ္ပဏီ က ဆန်အိတ် ၈ဝ၊ KTM သောက်ရေသန့်က ရေသန့် ဘူး ၃ဝဝဝဝ၊ နိုင်ငံရေး အကျဉ်း သားများ ကူညီရေး အဖွဲ့က ခေါက်ဆွဲ ခြောက်ထုပ် ၁၆၅ဝ၊ မုန့်မျိုးစုံ အထုပ် ၂ဝဝ၊ အချိုရည် ၅၇၆ ဘူးနှင့် အဝတ် အထည် ၈၈ ထည်၊ တော်ဝင် ဖောင်ဒေးရှင်းက ဆန်အိတ် ၁၅ဝ၊ မြို့တော် ဘီစကစ်က မုန့်မျိုးစုံ ၅၁၄၈ ထုပ်၊ ဆန်အိတ် ၁ဝဝ၊ ပဲဆီ ပိဿာ ၃ဝဝဝ နှင့် ငါး သေတ္တာဘူး ၃ဝဝဝ တို့ကို လာရောက် လှူဒါန်း ခဲ့ကြ သည်။

စေတနာရှင် ပြည်သူများ အနေဖြင့် မိတ္ထီလာမြို့ ဆက်သွယ်ရေး ဝန်ထမ်း ရိပ်သာ၌ ဖွင့်လှစ် ထားသည့် အလှူငွေနှင့် ပစ္စည်း လက်ခံရာ ဌာနသို့ လာရောက် သတင်း ပို့၍ ကယ်ဆယ်ရေး စခန်း များသို့ ကိုယ်တိုင် သွားရောက် လှူဒါန်း နိုင်ကြောင်း သိရှိ ရသည်။


From:မြ၀တီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>