Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပျောက်ဆုံး မလေးရှားလေယာဉ်ရဲ့ နောက်ဆုံးရသတင်း

$
0
0

ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင်
လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)


ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန် အချက်ပြမှုဟာ ရှာဖွေရေးဒေသရဲ့ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ ဦးဆောင်မှု ဖြစ်ခဲ့တယ်လို့ ရှာဖွေရေး အရာရှိက ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ပြောပါတယ်။
ဂြိုလ်တုနဲ့ လေယာဉ်ကြား ၇ ကြိမ်မြောက် အချက်ပြမှုရဲ့ အရေးပါမှုကို ပူးတွဲ ညှိနှိုင်းရေးဌာန ဂျေအေစီစီရဲ့ ခေါင်းဆောင် အန်းဂတ်စ်ဟူစတန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“၆ ကြိမ်မြောက် အချက်ပြပြီး ၈ မိနစ်အကြာမှာ နည်းနည်းကွဲပြားတဲ့ အချက်ပြမှု ဖြစ်ခဲ့တယ်။ ဒါဟာ သိပ်သိသာတယ်။ အဲဒီအဆင့်မှာ တခုခု ဖြစ်ခဲ့တယ်လို့ သူတို့ထင်တယ်။ အဲဒီနေရာမှာ လေယာဉ်က လောင်စာကုန်တဲ့ နေရာလို့ ကျနော်တို့ ယူဆတယ်။”လို့ သူက ဆက်ပြောပါတယ်။

လောလောဆယ်မှာ အိန္ဒိယသမုဒ္ဒရာထဲက သြစတြေးလျ ရှာဖွေရေးသင်္ဘောဟာလဲ သေတ္တာနက်က လာတဲ့ အချက်ပြမှုလို့ ယူဆရတဲ့ အချက်ပြမှုတွေကို ဖမ်းယူရရှိထားပြီလို့ သူက ဆက်ပြောပါတယ်။ ဒါဟာ နိုင်ငံတကာ ရှာဖွေရေးအဖွဲ့ ခုချိန်ထိ ရသမျှ သတင်းအချက်အလက်တွေ ထဲမှာ အကောင်းဆုံးလို့လဲ ပြောပါတယ်။

ဒါပေမယ့် ဒီအချက်ပြမှုဟာ MH370 က ဟုတ်၊ မဟုတ် အတည်မပြုရသေးသလို လေယာဉ်ကိုလဲ ရှာတွေ့သေးတာ မဟုတ်ကြောင်း သူက လေးလေးနက်နက် ဆက်ပြောပါတယ်။
မလေးရှားလေယာဉ် MH 370 ဟာ မတ် ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်ပြည် ပေကျင်းကို ပျံသန်းရင်း ပျောက်ဆုံးနေတာ အချိန် ၁ လ ရှိနေပြီး ဖြစ်သလို နိုင်ငံပေါင်း ၂၀ ကျော်က ပူးပေါင်း ရှာဖွေနေပေမယ့် အပျက်အစီးတစုံတရာ ရှာမတွေ့သေးပါဘူး။


From: DVB

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>