Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လူမှုကွန်ယက်ပေါ်ကတဆင့် မိန်းကလေးတွေကို တော်ကီခြွေပြီး မိန်းကလေးအယောက် ၂၀၀ တိတိနဲ့ အိပ်စက်ခဲ့တဲ့ ယောင်္ကျား

$
0
0
လန်ဒန်မြို့ မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦး ဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး အမျိုးသမီးတွေရဲ့ ရင်းနှီးမှု ကို ရယူခဲ့ တယ်လို့ သိရ ပါတယ်။ အသက် (၂၅)နှစ်အရွယ်ရှိ ဘင် ဂျိမ်းစ်ဟာ တွစ်တာဝက်ဘ်ဆိုက်ကို အသုံးပြုခဲ့ တာဖြစ်ပြီး သူ့ရဲ့အကောင့်မှာ follower လုပ်ထားသူပေါင်း (၇၀၀၀၀) ကျော် အထိ ရှိပါတယ်။ ဘင် ဂျိမ်းစ် ဟာ အမျိုးသမီး တွေ နှစ်သက် မယ့် စကားလုံး တွေ အသုံးပြုပြီး စွဲ ဆောင် စည်းရုံး ခဲ့တာဖြစ်ပါတယ်။ ဘင်ဂျိမ်းစ် က သူ့အနေနဲ့ တစ်နှစ်အတွင်း အမျိုးသမီး (၂၀၀)ဦးနဲ့ အတူ အိပ်စက်ခဲ့ပြီး ဖြစ်ကြောင်း ၀န်ခံပြော ကြား သွားပါတယ်။ ဘင်ဂျိမ်းစ်ဟာ တွစ်တာပေါ်မှာ ထူးခြားတဲ့ စကားလုံးတွေ ရေးသားလေ့ရှိပါတယ်။

ဘင်ဂျိမ်းစ်က ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ် အလှကို ဖော်ပြပေးမယ့် selfies ဓာတ်ပုံတွေ ရိုက်ကြရအောင် စ တဲ့ စိတ်ဝင်စားဖွယ်ရာ tweets တွေကို တစ်နေ့ အနည်းဆုံး အကြိမ် (၂၀)ထက် မနည်း ရေးတင်လေ့ရှိပါတယ်။ အများအားဖြင့် အားလုံးပျော်ရွှင်စေမယ့် စကားလုံး တွေ ကိုသာ အသုံးပြု လေ့ရှိပါတယ်။ ဘင်ဂျိမ်းစ် tweets တစ်ခါ လုပ်ပြီးတဲ့ အခါတိုင်း မှတ်ချက် ပေါင်း ရာနဲ့ချီ ရောက်လာ လေ့ရှိပါ တယ်။ အချို့မိန်းကလေးတွေက message တွေ ပေးပို့လေ့ရှိပါတယ်။ ဒီနောက် ဘင်ဂျိမ်းစ် စိတ်ဝင်စား ဖို့ ကောင်းတဲ့ မိန်းကလေး တွေကို ပြန် လည်ဆက်သွယ်ပြီး ချိန်းတွေ့ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ဘင်ဂျိမ်းစ် ဟာ မိန်းကလေး ပေါင်း မြောက်မြား စွာကို ဆွဲ ဆောင် ခဲ့တာ ဖြစ်ပါ တယ်။ ဘင်ဂျိမ်းစ်ဟာ မိန်းကလေး တစ်ဦးကို ကာလ ကြာရှည် လက်တွဲခြင်းမရှိဘဲ ငြီးငွေ့ သွားပါက နောက်တစ်ယောက် ချက်ချင်း ပြောင်းလဲလေ့ရှိပါတယ်။ လက်ရှိ အချိန်မှာ ဘင်ဂျိမ်းစ် ဟာ အမေဖြစ် သူနဲ့ အတူနေထိုင် လေ့ရှိပါတယ်။ ဘင်ဂျိမ်းစ် က သူ့အမေဟာ သူ့ ကို မိန်းကလေး အနည်းငယ်နဲ့သာ တွဲသွား နေတယ်လို့ သိထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘင်ဂျိမ်းစ် ဟာ တီဗွီ ပရိုဂရမ် တစ်ခုမှာ နောက်ခံ စကားပြော အဖြစ် ၀င်ရောက်လုပ်ကိုင်နေ သူဖြစ်ပါတယ်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>