Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတကြီးဦးသိန်းစိန်မမှားပါဘူး၊မှားတာက ..

$
0
0

မတ်လ ၂၆ ရက်နေ့ထုတ် 7 Day ဂျာနယ်အတွဲ ၁၃၊ အမှတ် ၄ မှဆောင်းပါးရှင်ကိုအောင်သူရရဲ့  သမ္မတ
ဦးသိန်းစိန်ဘာမှားသလဲ ဆိုတဲ့ဆောင်းပါးကိုဖတ်ပြီး ကျွန်တော် explain လုပ်မယ်စိတ်ကူးခဲ့တာ အခုမှပဲ
ရေးဖြစ်ပါတယ်။ခေါင်းကြီးပိုင်းတွင်နိုင်ငံရေးသမား အသွင်ဆောင်လာမှု့များ၊လာဘ်ပေးလာဘ်ယူတိုက်
ဖျက်ရေးအောင်မြင်စွာမလုပ်ကိုင်နိုင်ခြင်း၊မျိုးစောင့်ဥပဒေ နှင့်ပက်သက်၍ဆောင်ရွှက်ချက်များ၊စီးပွားရေးတွင်
ရှင်းလင်းပြတ်သားသည့်ရည်မှန်းချက်နှင့်ကောင်းမွန် သောမှုဝါဒမရှိခြင်းတို့ကသမ္မတကြီး၏အမှားဟုထောက်
ပြထားသည်။ဆောင်းပါးရှင်ကိုအောင်သူရကဘာသာ ပြောင်းချင်းဆိုင်ရာဥပဒေ၊လက်ထပ်ထိမ်းမြာခြင်းဆိုင်ရာ
ဥပဒေ၊တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့်လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေ
တို့ကိုပြည်ထောင်စုလွှတ်တော်နာယကထံသဝဏ်လွှာပေးပို့ ခြင်းကိုမှားကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာ
ခေါင်း ရှေ့ နေဦးသန်းစိုးတို့၏စကားတို့ဖြင့်ထောက်ပြထားသည်။

ဆောင်းပါးရှင်ကိုအောင်သူရ၏ အတွေးအမြင်အဖြစ် ပါလီမန်ခေတ်တွင်ဝန်ကြီးချူပ်ဦနုအနေဖြင့်မဲဆွယ်ရန်
ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေတွင်ထည့်သွင်းခဲ့သဖြင့်
ကချင်လူမျိုးများနှင့်ချင်းလူ မျိုးများတောခိုခဲ့ဖူးကြောင်း၊ကချင်လူမျိုးနှင့်ချင်းလူမျိုး တို့မှာ
ခရစ်ယန်ကိုးကွယ်သူများဖြစ်ကြောင်း၊အခုထိ ကေအိုင်အေနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု့
မရသေးကြောင်းရေးသားထားသည်။ထိုရေးသားမှု့သည် ဆောင်းပါရှင်ကိုအောင်သူရ၏အတွေးအခေါ်နည်းပါးမှု့၊
စာရေးသားနည်းညံ့ဖျင်းမှု့၊အကျိုးအကြောင်းဆက်စပ် အောင်မရေးသားနိုင်မှု့များကိုတွေ့မြင်ရသည်။ကိုအောင်
သူရအနေဖြင့် 7 Day ၏ သတင်းထောက်ချူပ်တစ်ဦးဖြစ် ပါလျှက်ဤသို့အမှားများမကျူးလွန်သင့်ပေ။
သမ္မတကြီးတင်သွင်းသောဥပဒေလေးခုတွင် နိုင်ငံတော်ဘာသာ အဖြစ်ဗုဒ္ဓဘာသာကို သတ်မှတ်မည်
ဟုလည်းမပါသလို၊ KIA တောခိုခြင်းမှာလည်း လွတ်လပ်စွာကိုးကွယ်ခွင့်မရ၍
မဟုတ်ပါ။ဖွဲ့ စည်းပုံအခြေခံဥပဒေ၊အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏မှုလအခွင့်အရေးနှင့်တာဝန်များတွင်
ပါဝင်သောဥပဒေပုဒ်မ ၃၆၂ ကလွတ်လပ်စွာကိုးကွယ်ခွင့် ရှိကြောင်း သတ်မှတ်ပေးထားပါသည်။
ဆောင်းပါးရှင် ကိုအောင်သူရ ပြောသလို KIA တောခိုခြင်းမှာကိုးကွယ်
ခွင့်ကြောင့်ဟုဆိုပါက KIA နှင့်ငြိမ်းချမ်းရေးရသည်မှာ ကြာပြီဖြစ်သည်။ရှေ့ နေဦးသန်းစိုးပြောကြားသည့်
၁၉၅၄ မြန်မာထုံးတမ်းအစဉ်အလာဥပဒေက မြန်မာ အမျိုးသမီးတွေလက်ထပ်ထိမ်းမြားခြင်းအခွင့်အရေးကို
အပြည့်အဝပေးထားသည့်ဥပဒေဟုဆိုထားသည်။

ထိုဥပဒေကရောချွင်းချက်မရှိပြည့်စုံနေလားဟုမေးကြည့်ချင်သည်။သမ္မတကြီးဦးသိန်းစိန်သည်လူထုကထောက်
ခံ၍သမ္မတဖြစ်လာခြင်းဖြစ်သည်။ဒီမိုကရေစီသဘောအရသမ္မတကြီးသည်လူထုအသံကိုနားထောင်ရသည်။လူထု
ကအမျိုး၊ဘာသာသာသနာဟုဆိုလာသဖြင့်သမ္မတကြီးဦးသိန်းစိန်ကအမျိုး၊ဘာသာသာသနာဥပဒေကိုပြဌာန်း
ပေးရမည်ဖြစ်သည်။ဒါကိုနိုင်ငံရေးသမားဆန်သည်ဟု ဝေဖန်ခြင်းသည်အံ့အားသင့်စရာကောင်းသည်။သမ္မတ
သည်နိုင်ငံရေးမလုပ်ရပါကဘာလုပ်ရမည်နည်း။နိုင်ငံ အကျိုးဆောင်ရွှက်ခြင်းသည်နိုင်ငံရေးဖြစ်သည်။
ဒါကိုဆောင်းပါးရှင်အပါအဝင်ဝေဖန်သူနိုင်ငံရေးသမားများကသမ္မတသည်နိုင်ငံရေးလုပ်ရန်မလိုဟုဝေဖန်ကြသည်မှာ
ကြားရသူအဖို့နားရှက်ဖွယ်ကောင်းလှသည်။ငြိမ်းချမ်းရေး တွင်လည်းဆောင်းပါးရှင်ကိုအောင်သူရက အဖွဲ့  ၁၄ ဖွဲ့  နှင့်အပစ်အခတ်သဘောတူညီမှု့ရထားသော်လည်း KIA နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မ တော်တို့နှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု့မရ သေးကြောင်းအပစ်
အခတ်ရပ်စဲရေးသဘောတူညီထား သည့်အဖွဲ့ အစည်းများနှင့်ပင်ပြန်လည်၍တိုက်ပွဲများဖြစ် ပွားနေကြောင်းရေးသားထားသည်။ဆောင်းပါးရှင်ကို အောင်သူရသဘောပေါက်ထားရန်မှာငြိမ်းချမ်းရေးဆွေး
နွေးခြင်းသည်လွယ်ကူသောကိစ္စမဟုတ်ပေ။နှစ်ပေါင်း များစွာအမြစ်တွယ်နေသောလက်နက်ကိုင်ပဋိပက္ခကို သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာပင်အမြစ်ပြတ် အောင်ဖြေရှင်းနိုင်ရမည်ဟုအစွဲမထားသင့်ပါ။ငြိမ်းချမ်းရေး
နှင့်ပက်သက်၍သမ္မတကြီးလည်းလုပ်သင့်တာလုပ်နေ ခြင်းဖြစ်သည်။မြန်မာ့အရေးကျွမ်းကျင်သူဆွီဒင်လူမျိုး ဘာတေးလ်လင့်တနာပြောကြားသည့်နိုင်ငံရေးဆွေးနွေး မှု့ ပြု့ ပြီးမှ သဘောတူ
လက်မှတ်ရေးထိုးရမည်ဆိုသော အချက်ကိုကျွန်တော်လက်မခံပါ။

အပစ်အခတ်ရပ်စဲရေး စာချူပ်အရင်လက်မှတ်မထိုးထားပါကမည်မျှပင် နိုင်ငံရေး ဆွေးနွေးနေပါမှု အပစ်အခတ်တွေဆက်လက်ရှိနေဦးမှာ ပင်ဖြစ်သည်။( ဆောင်းပါးရှင်ဖော်ပြခဲ့သလို သဘောတူ
မှု့ရထားပြီး အပစ်အခတ်မရပ်နိုင်ခြင်းမှာ အပစ်အခတ် ရပ်စဲရေးစာချူပ် လက်မှတ်မရေးထိုးနိုင်သောကြောင့်ပင် ဖြစ်သည် ) အပစ်အခတ်ရပ်ပြီးနိုင်ငံရေးဆွေးနွေးမှ
ယုံကြည်မှု့ တည်ဆောက်ဖို့အခြေအနေကောင်းများရရှိ နိုင်သည်။မြန်မာ့အရေးကျွမ်းကျင်သူ
ဟုဆိုသောဘာတေးလ်လင့်တနာကိုတစ်ခုလောက်မေးပေးပါ။မြန်မာနိုင်ငံရဲ့  ဒစ်ပလိုမေစီနည်းအရဘယ်နိုင်ငံကမြန်မာတွေအတွက်အရေးပါသနည်းဟုသိချင်ပါသည်။လာဘ်ပေးလာဘ်ယူ
မှု့များသည်လည်းအမြစ်တွယ်လာတာကြာပြီဖြစ်သည်။အမြစ်ကြီးမားနေသောအပင်တစ်ပင်ကိုအမြစ်ပြတ်အောင်
မည်သူမှဆွဲမနုတ်နိုင်ပါ။ထို့အတူ မည်မျှပင် လာဘ်ပေး လာဘ်ယူမှု့ တွေ နှိမ်နင်းစေကာမှု့ လာဘ်ပေးလာဘ်ယူ မှု့အားလုံး အချိန်တိုအတွင်းအမြစ်ပြတ်သွားမည်မဟုတ်ပါ။ အချိန်ပေး၍ပြု့ ပြင်ရမည်ကို နားလည်စေလိုပါသည်။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးတွင်လည်းအာဏာ
ရအဖွဲ့ အစည်းသာမက အားလုံးပါဝင်ကူညီရန်လည်းလို အပ်ပါသည်။ထိုမှသာလာဘ်ပေးလာဘ်ယူမှု့များကိုလျှင် မြန်စွာအဆုံးသတ်နိုင်မည်ဖြစ်သည်။လာဘ်ပေးလာဘ်ယူ
လုပ်နေပါသည်ဟုမဝေဖန်ပဲမိမိကိုယ်တိုင်လာဘ်ပေးလာဘ်ယူပပျောက်ရေးကိုဝင်ရောက်ကြိုးပမ်းဆောင်ရွှက်
စေခြင်းသည်အကောင်းဆုံးပင်ဖြစ်သည်။လယ်ယာမြေသိမ်းဆည်းမှု့များသည်လည်းအချိန်ပေး၍ဆောင်ရွှက်ရ
မည့်ကိစ္စတစ်ခုဖြစ်သည်။ကာလတိုစီမံကိန်းဖြင့်မရပါကကာလလတ်စီမံကိန်းရေးဆွဲ၍အကောင်ထည်ဖော်သင့်
သည်။၂၀၁၅ တွင်ဖြစ်လာမည့်သမ္မတလက်ထက်တွင် လယ်ယာသိမ်းဆည်းမှု့ကိစ္စများအားလုံး
အဆင်ပြေရန် ဆောင်ရွှက်နိုင်မည်ဟုထင်မြင်မိသည်။စီးပွားရေးရာနှင့် ပက်သက်၍ ဒေါက်တာဦမြင့်
၊ဦးမျိုးဦးစသည့်ပုဂ္ဂိုလ်များ ၏ပြောစကားများဖြင့်ဝေဖန်ထားသည်။မြန်မာနိုင်ငံ၏စီးပွားရေးပေါ်လစီများသည်
အကောင်းဆုံးအခြေအနေ တစ်ရပ်ဖြစ်ရန်လိုအပ်လှသည်။မြန်မာနိုင်ငံသည်စီးပွား ရေးပိတ်ဆို့မှု့
ဒဏ်ကိုခံခဲ့ရလို့သာ နောက်ကျကျန်ခဲ့တာပါ။

ဆောင်းပါးရှင်ကိုအောင်သူရ ရေးသားခဲ့တဲ့ ငြိမ်းချမ်းရေး ကိစ္စ၊လာဘ်ပေးလာဘ်ယူ
ကိစ္စ၊လယ်ယာမြေကိစ္စ၊စီးပွား ရေးကိစ္စတွေဟာအချိန်ပေးပြီးဖြေရှင်းရမယ့်ကိစ္စတွေပါ။
အချို့ ကိစ္စတွေဟာကာလတိုနဲ့ပြီးပြတ်ပေမယ့်အချို့ က တော့ ကာလတစ်ခုထိရင်းပြီး ဆောင်ရွှက်ရတာပါ။
သမ္မတကြီးဦးသိန်းစိန်ကိုပြု့ ပြင်ပြောင်းလဲရေးသမားမို့ နိုင်ငံရေးသမားပုံမပေါက်သင့်ဘူးဆိုရင်တော့လာမယ့်
၂၀၁၅ သမ္မတနဲ့ ၂၀၂၀ သမ္မတတို့ဟာလည်းပြု့ ပြင် ပြောင်းလဲရေးသမားတွေပဲဖြစ်ရဦးမယ်ဆိုတာသဘော
ပေါက်စေလိုပါတယ်။ပြု့ပြင်ပြောင်းလဲခြင်းဆိုတာနိုင်ငံ တော်နဲ့ပက်သက်တဲ့ပေါ်လစီတွေ၊စနစ်တွေပြောင်းလဲတာ
မို့ နိုင်ငံရေးလို့ပဲဆိုလိုသင့်ပါတယ်။ဒီတော့သမ္မတကြီး ဦးသိန်းစိန်နိုင်ငံရေးလုပ်တာလုံးဝမမှားပါဘူး။
ဒီအချိန်ကလက်ညိုးထိုးဖို့ထက်လက်ချင်းချိတ်ပြီးအလုပ်လုပ်ရမယ့်အချိန်ပါ။ဒီတော့ပြောချင်တာကသမ္မတကြီး
ဦးသိန်းစိန်မ မှားပါဘူး၊ဆောင်းပါးရှင်ကိုအောင်သူရ စိတ်လောနေခြင်း သာဖြစ်ပါကြောင်း …………… ။


From: မောင်မိုးထက်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>