လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ အစီရင်ခံစာကိုနိုင်ငံတော်သမ္မတထံ တင်ပြရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်
ဒေါ်ခင်စန်းလှိုင် က ပြောကြားသည်။
အစီရင်ခံစာအား အပြီးသတ်ပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြရမည်ဖြစ်၍ သမ္မတ ၏ ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုပါ တစ်ပါ တည်း အသိပေးတင်ပြသွားမည်ဟုလည်း ၎င်းက ပြောသည်။
"ကျွန်မတို့ဥက္ကဋ္ဌကြီး ပြောတာကတော့ ဒါတွေရဲ့အပေါ်မှာ အားရတယ်။ကျေနပ်တယ်လို့။ ဟိုတစ်နေ့က ညစာစားပွဲမှာလည်း ပြောပါတယ်။ ပါဝင်တဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်၊ အခုလို
ချောချောမောမော ပြီးမြောက်သွားတဲ့အတွက် ၀မ်းသာတယ်လို့ ပြောနေတဲ့ စကားအရပေါ့။ ပြီးနေပါပြီ။ အားလုံး ကျေနပ်လောက်တဲ့အဖြေ ပါမယ်လို့တော့ ကျွန်မတို့လည်း မျှော်လင့်ရတာပေါ့" ဟု ပုလဲမြို့ နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
ယင်းအစီရင်ခံစာသည် အမှားအမှန်၊ စီမံကိန်းရပ်စဲရေး ဆက်လက်လုပ်ဆောင်ရေး ကို ပြောကြား ထားသည် မဟုတ်ဘဲ တွေ့ရှိချက်ကိုသာ အစီရင်ခံစာ တင်ပြထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိ သူ များက ဆုံးဖြတ်ရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ဆက် လက်ပြောကြားသည်။
သို့ရာတွင် ယင်းကဲ့သို့ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ အဆိုပါအဖွဲ့များမှာ အစိုးရက တာဝန်ပေးထားသော အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ကော်မရှင်၏ အစီရင်ခံစာကိုသာ စောင့်ပါရန် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော် သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေဧက ၇၀၀၀ ကျော်အား သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ရာတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီအချိန်၌ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
From:Eleven