Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်သူ့ရင်ပြင် ကစားကွင်းအတွင်း အမျိုးသား တစ်ဦးအား မူးယစ်လူငယ် တစ်စု အကြောင်းမဲ့ရန်စ၊ ရဲစခန်းဝင်းအတွင်း ထိဝင်ရောက်ရိုက်နှက်

$
0
0

အများပြည်သူ အပန်းဖြေအနားယူသည့်ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စုက အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦး အား မူးယစ်ရမ်းကား ရန်စတိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က စမ်းချောင်း မြို့နယ်နေ ကိုစိုင်းဇာဟန်သည် ၈ လ အရွယ် သမီးငယ်နှင့်အတူ ရှင်စောပုလမ်း ပေါ်ရှိ Happy Zone ကလေးကစားကွင်း ရှိအပျော်စီးလှေ ဆိပ် ကလေး များ ကစား သည့်နေရာ၌ ရပ်ကြည့်နေကြောင်း၊ ထို အချိန်တွင် အသက် ၂ဝ ဝန်းကျင်ခန့် ဆံပင် ရှည်နှင့် လူငယ်တစ်ဦးသည်သူ၏ သူငယ်ချင်းများအား နောက်ပြောင်၍ ရေထဲသို့တွန်းချနေကြောင်း၊ ယင်း အချိန် ၌အနီးရှိ အမျိုးသမီးကြီးတစ်ဦးက ကိုစိုင်းဇာဟန်အား ကလေးကိုမထိခိုက် မိစေရန် အခြားနေ ရာသွားရန်ပြော ကြောင်း၊ ထိုသို့ပြောပြီး မကြာမီ အထက်ပါ ဆံပင်ရှည်လူငယ်က ကိုစိုင်း ဇာဟန်အနီးရှိ သမီးရည်းစားစုံတွဲအား ရေထဲသို့တွန်းချကြောင်း ကာယကံရှင် ကိုစိုင်းဇာဟန်က ပြောသည်။

''သမီးရည်းစား စုံတွဲကို တွန်းချ လိုက်တော့ ကျွန်တော်တို့ သားအဖကို ထိသွားတယ်။ ဒါနဲ့ ကျွန်တော်က ညီလေး ဖြည်းဖြည်းဆော့ပါလို့ပြောလိုက် တယ်။ အဲဒီလူငယ်က ထိတော့ဘာဖြစ်လဲ ဆိုပြီး ပြန်ဆဲတယ်။ ဒါနဲ့ ကျွန်တော်ဘာမှ မပြောတော့ဘဲ လှည့်ထွက်လာတာကို ဆံပင်ရှည်ကောင်ေ လးနဲ့ အပေါင်းပါ ၈ ဦးလောက် နောက်ကလိုက်ပြီး ရန်စ တယ်။ ကျွန်တော့်သမီးကို အတင်းဆွဲ တယ်။ ကျွန်တော့် ပါးနဲ့ကုပ်ကို ရိုက် တယ်။ ဒါနဲ့ ကျွန်တော်မတတ်နိုင်လို့ Happy World ဇုန်ပေါက်က ဂိတ် အစောင့် ကိုပြောတော့ သူလည်း ဘာမှ မတတ်နိုင်ဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်က ကလေးလည်းပါတော့ အနီးမှာရှိတဲ့ စမ်းချောင်း ရဲစခန်းကို တိုင်ဖို့သွားတာ ကျွန်တော့်ကိုနောက်က ခုံနဲ့ လိုက်ရိုက်တာပဲ''ဟု လက်ရှိ၌ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာနတွင် တက်ရောက်ဆေးဝါး ကုသမှု ခံယူနေသူ ကိုစိုင်းဇာဟန်က ပြောသည်။

အဆိုပါလူငယ်တစ်စုသည် ပြည်သူ့ရင်ပြင်အနီးရှိ အမှတ် ၂၄ စမ်းချောင်း ရဲစခန်းသို့ သွားရောက် တိုင်တန်းသူ ကိုစိုင်းဇာဟန်အား ပလက်ဖောင်းေ ပ်ါရှိ ဈေးဆိုင်တစ် ဆိုင်မှ သစ်သားခုံများဖြင့် ရိုက် ကြောင်း၊ ကိုစိုင်းဇာဟန် မှာလည်း ကလေးအားရဲစခန်းအတွင်းရှိ အ သက် ၁၂ အရွယ်ခန့် မိန်းကလေး ငယ်တစ်ဦးဆီသို့ သမီးငယ်အား ပေး၍ ပြန်လည်ခုခံ ရန် ပြင်ဆင်ခဲ့ ကြောင်း၊ သို့သော် ယင်းလူငယ်တစ် စုက ထမ်းပိုး၊ သတ္တုသံပုံး၊ ကော်ခုံ၊ သစ်သားခုံများဖြင့် ဝိုင်းဝန်းရိုက် နှက်ကြောင်း၊ ယင်းနောက် ရဲစခန်း မှလာရောက်ဖြန်ဖြေခေါ်ယူကြောင်း ကာယကံရှင် ကိုစိုင်းဇာဟန်ကဆက် လက်ပြောသည်။

''အဲဒီနေ့က ဖြစ်ပြီးတော့ သားကို ရန်ကုန်ဆေးရုံကြီးအရေး ပေါ် ကို ခေါ်လာတယ်။ သူတို့ကို တော့ စခန်းက ဖမ်းခေါ်ထား တယ်။ အခု အာမခံနဲ့ပြန်လွှတ်ပေး လိုက်ပြီလို့ စခန်းကပြောတယ်''ဟု ကိုစိုင်းဇာဟန်၏ ဖခင်ဦးမြင့်ဟန်က ပြောသည်။

ရဲစခန်းဝင်းအတွင်းထိ ဝင် ရောက်ရိုက်နှက်သူ လူငယ်တစ်စု ထဲမှ ဖမ်းထားေ သာ ၆ ဦးအား မတ်လ ၄ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ေ ကြာင်း၊ အ ရိုက်ခံရသူ ကိုစိုင်းဇာဟန်မှာ မတ် လ ၅ ရက်နေ့အထိ ရန်ကုန်ဆေးရုံ ကြီးတွင် ဆေးဝါးကုသမှုခံယူနေပြီး ဦးခေါင်းမှဒဏ်ရာကို သုံးချက်ချုပ် လိုက်ရကြောင်း သိရသည်။

''အမှုက အာမခံပေးလို့ရတဲ့ အမှုမို့ ပေးလိုက်တာပါ။ တရား ဥပဒေအရ အာမခံပေးလို့မရရင် မပေးပါဘူး။ သူတို့ဘက်က ယုံ လောက်တဲ့သူတွေနဲ့ အာမခံတောင်း လို့ပေးလိုက်တာပါ။ ဘယ်လိုလူမျိုး မဆို ပေး ပါတယ်။ ဒဏ်ရာအခြေ အနေပေါ်မူတည်ပြီး နာကျင်စေမှု နဲ့အမှုဖွင့်တာပါ။ ဟိုဘက်ကလည်း အာမ ခံလျှောက်လို့ ပေးတာပါ''ဟု စမ်းချောင်းအမှတ် ၂၄ ရဲစခန်းသို့ မတ်လ ၅ ရက်မွန်းလွဲပိုင်းက ဆက် သွယ်မေးမြန်းရာ တာဝန်ကျရဲတစ် ဦးက ပြန်လည်ဖြေကြားသည်။

လူတစ်ဦးကို အပြင်းအထန် ထိခိုက်နာကျင်စေမှုပြုခဲ့သည့် လူ တစ်စုအား ရဲစခန်းမှ အာမ ခံဖြင့် ပြန် လွှတ်ပေးခြင်းအပေါ် နစ် နာသူကာယကံ ရှင်ဘက်မှ ကျေနပ် မှုမရှိကြောင်း ပြောသည်။ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အ တွင်း ရန်ကုန်မြို့တွင် ညဘက်၌ လူ ငယ်အစုအဖွဲ့များ အုပ်စုဖွဲ့ရမ်း ကားခြင်း၊   နိုင့်ထက် စီးနင်းပြုခြင်း များ များစွာပြုလုပ်ခဲ့ပြီး အချို့ကို ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သော် လည်းအချို့မှာ ယနေ့ အထိဖမ်းဆီး ရမိ ခြင်းမရှိသေးပေ။


From:Popular

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


သဘာဝကျောက်သွေး၏ ဆေးဖက်ဝင်ပုံ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>