Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နောက်ဆုံးတော့လည်း ဒုတိယဘုရားသခင်မကြီးဟာ ဒုတိယဘုရားသခင်ငွေကြေးအောက်မှာကျဆုံးရတော့မှာပါ..

$
0
0

ELEVEN ကတော့ စားခွက်လုရင်း.....

NLD ဒေါ်စုနဲ့ ၈၈ကျောင်းသားဆွေးကြီးတွေရဲ့လာဘ်ပေး လာဘ်ယူ မသာမှုတွေ....

ဂျော့စိုးရော့်နဲ့ ၈၈ကျောင်းသားအိုကြီးတွေကြားအပေးအကမ်းကိစ္စတွေ...

ဒေါ်စုနဲ့NLD ခရိုနီတွေရဲ့ ခါးပုံစထဲ လျှိုသွင်းခံရမှုတွေ....

ဒေါ်စုရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တိုင်းကို နောက်ကွယ်ကနေ မသိမသာသော်လည်းကောင်း ပြောင်ပြောင်တင်းတင်းသော်လည်းကောင်း ပေးကမ်းမှုတွေ....

နေပြည်တော်ရှိ ဒေါ်စုအိမ်ရဲ့ငွေကြေးဆိုင်ရာအရှုပ်အရှင်းတွေ.....

ရွှေသံလွင်နဲ့ဒေါ်စုတို့ရဲ့ အလှူငွေအမည်ခံ ငွေကြေးထောက်ပံမှုတွေ....

ခရိုနီတွေနဲ့ NLD တို့ရဲ့ရုပ်ပျက်လွန်းလှတဲ့ undertableကိစ္စတွေ....

ခရိုနီကြီးဦးတေဇနဲ့ ဒီချုပ်ရုံးဆောက်လုပ်မှုရဲ့ ငွေးကြေးဆိုင်ရာကိစ္စတွေ....

ခရိုနီဦးတိုးနိုင်မန်းနဲ့ဦးအောင်သက်မန်းတို့ရဲ့ NLDနဲ့ ဦးဝင်းတင်တို့အပေါ် ငွေကြေးဆိုင်ရာလွမ်းမိုးမှုတွေ....

ဦးရွှေမန်းရဲ့ ၂ကျပ်ကွက်ထဲရောက်နေတဲ့ ဒေါ်စုရဲ့ သောက်တလွဲဗျူဟာတွေ စတဲ့ အရှုပ်တော်ပုံတွေကိုဖော်ထုတ်သွားခဲ့တယ်.....

ဒါကိုလေ့လာရင် ၈၈က NLD ၈၈က ဒေါ်စု ၈၈က ကျောင်းသားခေါင်းဆောင်တွေဟာ....
ယနေ့၂၀၁၄ ဒီမိုကရက်တိုက်ဇေးရှင်းကာလမှာ လုံးဝပြောင်းလည်းသွားပါပြီ....

တခြားမကြည့်နဲ့...
Onlineမှာပဲ ထမိန်ခြုံလော်ဘီတွေဟာ
ကြံဖွတ်ကိုတောင် ကြံဖွတ်လို့ရဲရဲတင်းတင်း မသုံးရဲတာကိုတွေ့ရသလို......

ပြည်သူ့ဂုတ်သွေးစုတ်နေဆဲဖြစ်တဲ့ ခရိုနီတွေကို ဆဲဖို့မပြောနဲ့ စိတ်ကူးနဲ့တောက်မပြစ်မှားရဲတော့ပါဘူး.......

ဒါဟာ ခရိုနီတွေရဲ့အပြစ်မဟုတ်ပါဘူ
ခရိုနီဆိုတာ အစိုးရဖြစ်နိုင်တဲ့အာဏာရနိုင်တဲ့ အဖွဲ့အစည်းကို ပူးသတ်တာဟာ သဘာဝပါ....

ဒါကို နိုင်ငံရေးသမားတွေက ပါးနပ်ရမှာပါ...
ဒေါ်စုအဖေဗိုလ်ချုပ်အောင်ဆန်း(ဗိုလ်ချုပ်ကိုဒေါ်စုအဖေလို့တောင် မသုံးသင့်တော့ပါဘူး) ဟာ အဂတိတရားလေးပါးနဲ့ကင်းစင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သလို.....
ဒေါ်ခင်ကြည်ကို ဆန်တပြည်တောင်မှလာဘ်အဖြစ်မယူဖို့တားမြစ်ထားပါတယ်....

တခါက ရှမ်းအဖိုးကြီးတစ်ယောက်ဟာ ဗိုလ်ချုပ်အိမ်ကိုလာပြီး ဗိုလ်ချုပ်လိုခေါင်းဆောင်တစ်ယောက် ဆင်းဆင်းရဲရဲနေရတာကိုမကြည့်ရက်လို့ ဗိုလ်ချုပ်ကို ရွှေချောင်းတွေလာပေးဘူးပါတယ်....
ဗိုလ်ချုပ်ကလုံးဝငြင်းဆန်ပြီး ဖဆပလ အဖွဲ့ကိုသာလှူဖို့ တိုက်တွန်းခဲ့ပါတယ်.....

ဒီနေ့မှာ ဒေါ်စုကို ဗိုလ်ချုပ်လိုခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်တယ်လို့ ကျနော်မမျှော်လင့်ထားပါဘူး.....
ဒါပေမဲ့ ရုပ်ပေါက်လွန်းအောင် အာဏာရှင်တွေကဲ့သို့ ခရိုနီတွေနဲ့ ငွေကြေးဆိုင်ရာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာ ပါဝင်ပက်သတ်နေတာ အလွန်ပင်နားမချမ်းသာဖြစ်ရပါတယ်......

အဲ့တော့ရှင်းပါတယ် အာဏာမရသေးတဲ့အဖွဲ့အစည်းဟာ ဒီလောက်တောင် စုတ်ပျက်သက်လောက်အောင် ငွေကြေးနောက်ကိုလိုက်နေရင်....

၂၀၁၅NLDပါတီအာဏာရကြည့်ပါ.....
ပြည်သူ့ဗဟိုပြုကနေ ခရိုနီဗဟိုပြုပဲဖြစ်လာပါလိမ့်မယ်....

နောက်ဆုံးတော့လည်း ဒုတိယဘုရားသခင်မကြီးဟာ ဒုတိယဘုရားသခင်ငွေကြေးအောက်မှာကျဆုံးရတော့မှာပါ.........



Photo - ဧည်ခံပွဲတစ်ခုရှိ ခရိုနီ ခရိုပြာ ခရိုဝါများနဲ့ မြူးတူးနေသော ဒေါ်စု


From: အသင် လူသား

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>