Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လူကြိုက်များတဲ့ ဒေါ်စု

$
0
0
လူကြိုက်များတာတစ်ခုထဲနဲ့  တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး။ ရှုံးသွားတဲ့ ၀န်ကြီးချုပ်ကယ်ဗင်ဆိုရင် လူတွေကြိုက်တာအရမ်းပဲ။

စကားပြောလည်းကောင်းတယ်။ ရုပ်လည်းဖြောင့်တယ်။ ငွေလည်းရှိတယ်။ ပညာလည်းတက်တယ်။ လေဘာပါတီအမြဲတမ်းရှုံးနေရာကနေ သူ့ ကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ အာဏာရတယ်။

အာဏာရပြီး မကြာခင်မှာပဲ....ပေါ်လစီအမှားတွေနဲ့ တိုင်းပြည်ကို ဦးဆောင်လိုက်တာ အလုပ်တွေပြုတ်တဲ့သူကပြုတ်၊ စီးပွားရေးလုပ်ငန်းတွေရှုံး။ တိုင်းပြည်လည်းအကျွေးတွေတင်။ ဒီမှာတင် လူတွေစိတ်ပျက်ပြီး လစ်ဘရယ်ကိုရွေးချယ်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က ပေါ်ပြူလာအရမ်းဖြစ်တယ်။ လူကြိုက်များတယ်။ ဒါ့ကြောင့်လူတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးတော့ အများစုနိုင်တယ်။

ပါလီမန်ထဲရောက်တော့ မေးခွန်းမေးနိုင်တာတခုကလွဲရင် ဘာမှ မရဘူး။ နောက်လာမဲ့ရွေးကောက်ပွဲကိုကြည့်ပါ။ ဒေါ်စုရဲ့  Team ကိုကြည့်။ လေတိုက်ရင်လဲတော့မဲ့ တဲလိုပဲ။

သြစီက အခြေအနေလိုဖြစ်မှာကို စိုးရိမ်ပါတယ်။ လူကြိုက်များတာတခုကိုမကြည့်ဖို့  သတိပေးချင်ပါတယ်။

ဒေါ်စုကလွဲရင် ကျန်တဲ့ NLD က အမတ်တွေကို ယှဉ်ရဲတယ်။ ဇေယျာသော်၊ ဒေါ်စန္ဒာမင်းကစလို့  NLD အမတ်တွေကို ကျနော်တောင်ယှဉ်ရဲတယ်ဆိုရင် ကျနော့်ထက်တော်တဲ့သာတဲ့လူတွေ အများကြီးပါဗျာ။

တကယ်ပါ....NLD နဲ့  ပေါ်ပြူလာဖြစ်နေတဲ့ ပွင့်လင်းတွေကိုမကြိုက်လို့ မဟုတ်ဘူး။ ကြိုက်တယ်။ ဒါပေမဲ့ အားမကိုးရဲဘူး။ အရမ်းကြောက်လို့ ပါ။

လွှတ်တော်အမတ်ကိုရွေးတဲ့အခါမှာ ပေါ်ပြူလာဖြစ်တိုင်းမရွေးနဲ့ ။ ထောင်ကျတိုင်းမရွေးနဲ့ ။ ၈၈-မှပါလာတိုင်းမရွေးနဲ့ ။ ပရဟိတလုပ်လို့ မရွေးနဲ့ ။ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာကိုပဲရွေး။ဘယ်လောက်ပညာတတ်လဲဆိုတာကိုပဲရွေး။ ဒီခေတ်က အာပလာလုပ်လို့ ရတဲ့ခေတ်မဟုတ်ဘူး။ ကြံ့ဖွံ့ က အမတ်တွေအရည်အချင်းရှိရင် သူတို့ ကိုမဲပေး။


From: Tawwat Wat

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>