Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု နှင့် သူ၏ မွေးစားသားများ

$
0
0
Photo - မနှစ်က တပ်မတော်နေ့  နိုင်ငံတော် အလံ အလေးပြုစဉ် ..

 ဒေါ်စု နိုင်ငံတော်အလံကို အလေးမပြုဘဲ ....
ခပ်မတ်မတ်ရပ်နေသော ပုံ ....
အွန်လိုင်းပေါ် သို့ ရောက်လာသောအခါ …
ဒေါ်စု ထောက်ခံသူ အုပ်စု သည် ....
အောက်ပါအတိုင်း အကြမ်းဖျင်း အမျိုးအစား ကွဲပြား သွားပါသည် …

(က) ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုတာ ဖြစ်ပါသည် ။
အလံတော်ကို ပြုခြင်း မဟုတ် …
ကာချုပ် ကို မပြုသင့် ...
သို့ သော် အလံတော် ကို ပြုသင့်သည် ဟူသော အုပ်စု ။

(ခ) ဖိုတိုရှော့ နှင့် ပြုပြင်ထားသော ပုံ ဖြစ်သည် ...
အစစ်အမှန် မဟုတ်ပါ ဟူသော အုပ်စု ။

(ဂ) ကင်မရာ အယူအဆ ၊ ရူထောင့် ကြောင့် ...
( သို့ မဟုတ် )
ပြုပါသည် .... ခဏ ခေါင်းမတ်လိုက်ချိန်မှ ...
ကင်မရာ ထဲ ပါသွားတာ ဟူသော အုပ်စု ။

(ဃ) အလေး ပြု ပြု … မပြု ပြု ..
ဘာမှ အရေးမကြီးပါ ဟူသော အုပ်စု ။

(င) သူများတွေ လဲ အလေးမပြုတာတွေ ရှိတယ် ….
ဒါကြောင့် ဒေါ်စု အလေး မပြုတာ ဘာမှ မဖြစ် ဟူသော အုပ်စု ။

(စ) နိုင်ငံတော် အလံသည် ....
ပြည်သူ့ ဆန္ဒ နှင့် သတ်မှတ်တာ မဟုတ် …
ဒါကြောင့် ဒေါ်စု နိုင်ငံတော် အလံကို ....
အလေးမပြုတာ မှန်တယ် ဟူသော အုပ်စု ….
ဟူ၍ ဖြစ်ပါသည် ။

ကျွန်တော် ရှင်းပြပါမည်

ပထမ အုပ်စု
=======
ပထမ အုပ်စု ၏ အယူအဆ လုံးဝ မှားယွင်းပါသည် ။
ကျွန်တော် သည် ....
၅၆ နှစ်မြောက် တပ်မတော်နေ့  စစ်ရေးပြ အခမ်းအနားတွင် ...
ကိုယ်တိုင် ပါဝင်ခဲ့ပြီး …
ကျန် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား အချို့ တွင် ...
လုံခြုံရေးတာဝန် ထမ်းဆောင်ဖူးပါသည် ....

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများကို …
သံရုံး အသီးသီးမှ စစ်သံမှူးများ ....
စစ်ဘက် နယ်ဘက် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ...
အများအပြားကို ဖိတ်ကြားပါသည်...

ခေတ်အဆက်ဆက် ဘယ်ခေတ်ကမှ ...
ဧည့်သည်တော်များက ကာချုပ်ကို အလေးပြုရသည် ဟု ...
မကြားဖူး မမြင်ဘူးပါ ….
သဘာဝ လဲ မကျပါ ....
ဦးသန်းရွှေ လက်ထက်တွင်တောင် မရှိပါ ...
အရပ်ဖက် စစ်ဘက် ခွဲပြားစ ပြုလာသော ....
ယနေ့ ခေတ်တွင် ပို ဆိုးပါလိမ့်မည် ...
လုံးဝ မဟုတ်ပါ ...

ဒုတိယ အုပ်စု
========
ဖိုတိုရှော့ပုံ ဟူသော အယူအဆကတော့ ...
အစောပိုင်းကသာ အသံထွက်ခဲ့ပြီး …
အနီးကပ်ပုံများ ဆက်စပ်ပုံများ ....
ပေါ်လာသည့် နောက်ပိုင်း မထွက်တော့ပါ …
ပုံ အစစ်အမှန်ဖြစ်ကြောင်း သေချာသည့်အတွက် ...
ရှင်းစရာ မလိုတော့ဟု ထင်ပါသည် ...

တတိယ အုပ်စု
=========
ကင်မရာအယူအဆ ရူထောင့် ဟူသော အဖွဲ့ ကတော့ ...
မနှစ်က ရိုက်ထားသော ....
အောက် ဖော်ပြပါ ပုံနှင့် ယှဉ်တွဲ ကြည့်လိုက်ရင် အဖြေပေါ်ပါသည် ...
တည့်တည့် ရိုက်ကူးထား သည့်ပုံ ဖြစ်ပါသည် ...
ယခင်နှစ်ကလဲ ဤ အတိုင်းပင် ဖြစ်ပါသည် ...

စတုတ္ထ အုပ်စု
=========
အလေး ပြု ပြု … မပြု ပြု ..
ဘာမှ အရေးမကြီးပါ ဟူသော အဖွဲ့ ကတော့ .....
ကိုယ့်အယူအဆ နှင့် ကိုယ်မို့  ဘာမှ ပြောစရာ မရှိပါ ...

ပဉ္စမ အုပ်စု
=======
သူများတွေ အလေးမပြုတာ လဲ ရှိတယ် ....
ဆိုသော အုပ်စု များကတော့ …
စစ်သားများ အလေးပြုလျှင် ...
ခေါင်းမော့ ၊ ရင်ဖွင့် ၊ ခါးဆန့် ....
ဗယ်လက် လက်သီးဆုပ် ပေါင်ရင်းမှာကပ်…
ညာလက် ညာမျက်ခုံးစွန်း တစ်လက်မ အကွာသို့ ...
လက်တင်အလေးပြုတာ ....
မတွေ့ ဘူးသော သူများ ဖြစ်ပါလိမ့်မည် ....
ပြောရရင် စစ်သားက အလေးပြုတာ ...
ခေါင်းလေးငုံ့ ပြီး ကုပ်ချောင်းချောင်း ပြုလို့ မရပါ ...
အလေးပြုချိန်တွင် ရင်ဖွင့် ခါးမတ်ထားရ ၍ ....
ခေါင်းက ပိုတောင် မော့နေပါဦးမည် ....

ဆဋ္ဌမ အုပ်စု
=========
နိုင်ငံတော် အလံက ....
ပြည်သူ့ ဆန္ဒ နှင့်သတ်မှတ်တာ မဟုတ် ….
အလေးပြုစရာ မလို ဟူသော အုပ်စုကတော့ …
ဒေါ်စု တတွင်တွင် တောင်းဆိုခဲ့သော ...
Myanmar ဟု မခေါ်ဘဲ Burma ဟု ပဲ ဆက်ခေါ်ဖို့ …
နာမည်ပြောင်းတာ ပြည်သူ့ သူ့ ဆန္ဒမပါ ဟူသော ကိစ္စမျိုးနှင့် ...
ခပ်ဆင်ဆင် ဖြစ်နေပါသည်…
တစ်ခုလောက် မေးပါရစေ …
Burma လို့  အမည်တွင် ခဲ့တုန်းကရော …
လူထု ဆန္ဒ ခံ ခဲ့ပါသလား….

ကိုယ်ပိုင်အမြင်
=========
ပြသနာ မရှိပါ ။
ကိုယ့် အယူအဆ နဲ့ ကိုယ် အလေးမပြုတာ ဖြစ်နိုင်ပါသည် ။
ယခင် နှစ်ကလဲ ယခုကဲ့ သို့ ပင် ...
ခပ်မတ်မတ် နေခဲ့ သည့် ပုံများလဲ ရှိပါသည် ။
မာန် ဖြင့် ဟန်ပါပါ ...
ခပ်မတ်မတ် ရပ်ပြနေသည်ဟု ထင်ပါသည် ။
လူထုထောက်ခံမှု ရနေသေးသဖြင့်
ဘာလုပ်လုပ် ထောက်ခံမည့် သူများလဲ ရှိနေပါသေးသည် ။

သို့ သော် ….
မှားတာ မှန်တာ အသာထား …
ပြည်တွင်းစစ် အနှစ်၆၀ ဖြစ်ခဲ့ပြီး ….
ယခုတိုင် စစ်မီး လက်စမသတ်ချင်သေးသော ဒီနိုင်ငံမှာ …
စစ်တပ် ၏ အခန်းကဏ္ဍ ကို တကယ် လျော့ချချင်ရင် …
စစ်တပ်၏ ပူးပေါင်း ပါဝင်ထောက်ခံမှု …
စစ်တပ် နှင့် ဆက်ဆံရေး ကောင်းမွန်မှု တို့ ကို …
မလွဲမသွေ လိုအပ်ပါသည် …။

လက်ရှိ နိုင်ငံရေးအခြေအနေမှာ …
ဒေါ်အောင်ဆန်းစုကြည် လိုလားသော …
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ မှ ….
ပုဒ်မ ၄၃၆ လို ပုဒ်မမျိုးကို ပြင်ဆင်ရေး ကိစ္စများသည် ..
တပ်မတော် မှ မထောက်ခံပဲ …
လုံးဝ (လုံးဝ) (လုံးဝ) ပြင်ဆင်နိုင်ဖွယ်ရာ မရှိပါ …။

တပ်မတော်နေ့ အခမ်းအနားကို …
စစ်တပ်က တလေးတစား ဖိတ်ကြားခဲ့ ပြီး…
စစ်တီးဝိုင်းဖြင့် နိုင်ငံတော် အလံ ကို အလေးပြုချိန်တွင် …
ကောင်းစွာ အလေးမပြုချင်သလို ဟန်ပန်ဖြင့် နေပြခြင်းကို …
တပ်မတော် မှ မျိုးဆက်အသစ် အဟောင်း ….
လူကြီး လူငယ်များ က …
မည်သို့ မည်ပုံ ရူမြင် သုံးသပ် ခံစားကြမည်ကို …
ကိုယ်တိုင်သာ စဉ်းစားဆင်ခြင် ကြည့်ပါလေ ဟုသာ …
ဆိုချင်ပါတော့ သည် ….။

( စိတ်ပျက် လက်ပျက် ရဲမိုး )

From:Ye Moe


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>