Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ရဲ့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရခြင်း ရည်ရွယ်ချက် ၃ ရပ်

$
0
0
ဓာတ်ပုံ-ရန်ကုန်တိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၀ါဒဖြန့် ဟောပြောစဉ်

ဗမာတွေက လူများစုဆိုတော့ သိပ်ပီးတော့ စိုးမိုး တယ်။ သိပ်ပီးတော့ ကြွားတယ်။ ကြွားလဲ ကြွားတယ်။ ကြောလဲ ကြောတယ် . . . . . . . . . . . . . . . . . . . . . . . . .။


ဒေါ်အောင်ဆန်းစုကြည် (ချင်းပြည်နယ် ခရီးစဉ် ၂၀၁၄)



NLD ရဲ့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရခြင်း ရည်ရွယ်ချက် ၃ ရပ် က (၁) တရား ဥပဒေ စိုးမိုးရေး (၂) ပြည်တွင်း ငြိမ်းချမ်းရေး (၃) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေး ဆိုပြီး သိရှိ ရပါတယ်။


ဒီ ရည်ရွယ်ချက် ၃ ရပ် မှာ ဖော်ပြပါ အစီအစဉ် အတိုင်း အရေးကြီး အရေးပေါ် ကိစ္စ ရပ်များ ဖြစ်ကြောင်း မနေ့ တနေ့က လွှတ်တော်တွင် သတင်းစာ ဆရာ များနှင့် တွေ့ ဆုံပွဲ မှာ ပြောခဲ့ပါတယ်။


ဒါဆို နိုင်ငံအတွက်လည်း ပိုအရေးကြီး ပြီး ပြည်သူတွေ အတွက်လည်း အရေးပေါ် လတ်တလော လိုအပ်ချက် ဖြစ်တဲ့ တရား ဥပဒေ စိုးမိုးရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို တော့ ဒီလောက် အားသွန် ခွန်စိုက် မလုပ်ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ ကို ဘာလို့ ဒီလောက်တောင် အားသွန် ခွန်စိုက် လုပ်နေ တာလဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်မှ တရား ဥပဒေ စိုးမိုးရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး က အောင်မြင်မှာလို့ တော့ ကလေးဆန်တဲ့ ဆင်ခြေတွေ မပေးကြ နဲ့ ပေါ့ဗျာ။


နောက်ပြီး အပေါ်မှာ ဖော်ပြထားတဲ့ ချင်းပြည်နယ် ခရီးစဉ်က စကားလုံး မျိုး ကကော ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တဖက်နဲ့ တဖက် နားလည်မှု၊ ယုံကြည်မှု တည်ဆောက် နေကြတဲ့ ခုချိန်မှာ NLD ရဲ့ ရည်ရွယ်ချက် တခုလဲ ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဘာအထောက် အကူမှ မရစေတဲ့ အပြင် အခြား တိုင်းရင်းသား တွေက ဗမာကို အထင်အမြင် လွဲစေဘို့ ပြောခဲ့တာလားဗျာ။


အဖွဲ့ အစည်း တခုက မဟာ ဗျူဟာမြောက် ရည်မှန်ချက် နဲ့ လုပ်ငန်းစဉ် (Strategic Goals & Strategy) ချ တော့မယ် ဆိုရင် SWOT analysis ဆိုတဲ့ Internal Assessment (Strength & Weakness) & External Assessment (Opportunity & Threat) ကို မဖြစ်မနေ သုံးသပ်ဘို့ လိုပါတယ်။ ခု NLD ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ ဘင်္ဂလီ ကိစ္စ၊ တွေမှာ မူ ချ ဆောင်ရွက် (ပြောဆို) နေတာ SWOT analysis လုပ်ရဲ့လား။


ပို အရေးကြီးပါတယ် ဆိုတဲ့ NLD ရဲ့ ရည်မှန်ချက် (၁) တရား ဥပဒေ စိုးမိုးရေး ကိစ္စနဲ့ (၂) ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို တော့ ဘာလို့ ဒီလောက် အားသွန် ခွန်စိုက် မလုပ်လဲ။


လက်ရှိ Strategy အမှားကြောင့် လူထု ထောက်ခံမှု တဖြည်းဖြည်း ကျဆင်း နေတာကို ဘယ်လို သဘောထားလဲ ဆိုတာတွေကို ပြည်သူလူထုက သိချင် ပါတယ်ဗျာ။


From: Moe Hein Kyaw

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>