Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်စောင့်ခွေးတွေ ဘယ်ပြေးနေလဲ…

$
0
0

ဒီအကြောင်းကို အချိန်ပေးပြီး စောင့်ကြည့်နေရာက ဒီနေ့တော့ မေးရတော့မှာ မို့ မေးပါတော့မယ်။

ရခိုင်ပြည်နယ်ကို စစ်တွေ မောင်တော ဒေသများကို လူထဆန္ဒခံယူပြီး ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်က မြန်မာပြည်တွင်းမှာ အတော် ဂယက်ရိုက်သွားတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ကျွန်တော် အနေနဲ့တော့ ဒေါသလည်း ဖြစ်သလို ၊ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ အတိုက်အခံသမားတွေ ၊ စာနယ်ဇင်း သမားတွေ ဟာ ဘယ်လိုများ တုန့်ပြန်သံ ထွက်လာလေမလဲလို့ စိတ်ဝင်တစားလည်း ဖြစ်မိပါတယ်။ဒါကြောင့် အကြောင်းအရာတစ်ခု အနေနဲ့ စောင့်ကြည့်လေ့လာဖြစ်ပါတယ်။ ဒီနေ့ဆို Dahaka Tribune သတင်းဌာန၏ ရေးသားချက်ဟာ ၂ ရက်ကျော်လာခဲ့ပါပြီ။ အစိုးရပိုင်းက တာဝန်ရှိသူတွေ ကလွဲလို့ အတိုက်အခံသမားတွေ ၊ စာနယ်ဇင်း သမားတွေ ဟာ ဘာတုန့်ပြန်သံမှ ထွက်မလာတော့..ဒီစာကို သတိတရနဲ့ ရေးလိုက်တာပါ။

Dahaka Tribune သတင်းဌာန၏ ရေးသားချက်တွေ ဖတ်ပြီး..ပြည်တွင်း ဂျာနယ်တွေ က ဘယ်လိုများ ပြန်ချေပ ကြမလဲ ၊ ဘယ်လို ပြန်ဆော်ကြလေမလဲတော့ မျှော်လင့်ခဲ့တာ အမှန်ပါ။သို့သော်..မျှော်သာမျှော်..ပေါ်မလာသော်..ဇာတ်ခင်းနေကြတော့…ထစ်ခနဲရှိအစိုးရကို ဆော်နေတတ်
တဲ့ဒို့ပြည်တွင်းက ဂျာနယ်များ..ဘာငုံထားသလဲ လို့မေးချင်စရာ။ ယခင်က အစိုးရ မကောင်းကြောင်း ၊ တပ်မတော် မကောင်းကြောင်း အမြဲရေးနေတတ်တဲ့ ပြည်တွင်းမီဒီယာတွေဟာ Dahaka Tribune သတင်းဌာန၏ ရေးသားချက်တွေအပေါ်မှာ နကန်း တစ်လုံးတောင် ပြန်ရေးတာ မတွေ့ရပဲ အ,အ,မ
လင်ပျောက်သလို အု..အု .အ.အ လေး တောင်ပြန်မတုန့်ပြန်နိုင်တာ ရှက်စရာပါ ။
မြန်မာ နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပ တဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းမှာ ခြင်းပြိုင်ပွဲနဲ့ စဖွင့်လို့ ခေါင်းကြီးသတင်း တင်ပြီး ရေးခဲ့တဲ့ ELEVEN သတင်းဌာနကတော့.. အခုလို Dahaka Tribune သတင်းဌာန၏ ရေးသားချက်တွေ အပေါ်မှာအတိတ်မေ့သလိုလို ၊ ရွှေပျောက်သလိုလို နဲ့ တုန့်ပြန်ရေးသားဖို့ ဆိုတာ ဝေလာဝေး အခြေအနေဖြစ်နေပါတယ်။ ကိုယ့်အချင်းချင်း စော်ဖို့ နှပ်ဖို့ ၊ ဆဲခံရအောင် ဘေးတီးဖို့ပဲ အမြဲတမ်းအားထုတ်နေတဲ့ ပြည်တွင်းဂျာနယ်တွေဟာ အခုလို ပြည်ပက မီဒီယာ သုံးပြီး တံတွေးစွတ်တဲပ အခါ ဘာကြောင့် နှာစေးနေကြတာလဲ။ ဒါတို့နဲမဆိုင်ဘူး အစိုးရနဲ့ပဲဆိုင်တယ်လို့ ဆိုကောင်းဆိုကြလိမ့်မယ်။ဒါပေမယ့် အစိုးရ ကလည်း အစိုးရ လမ်းကြောင်းအတိုင်း သံနည်း တမန်နည်း နဲ့ ကန့်ကွက် ၊ အကြောင်းကြားပြုလုပ်သလို ၊ မီဒီယာ က လည်း မီဒီယာ နဲ့ ပြန်လည်ချေပ ရမယ်မဟုတ်လား။ ဘာကြောင့်များ တိတ်နေကြပါလိမ့် …။ မပြောရဲတာလား မပြောရက်တာလား ။

ဒီလိုပြောလို့ ELEVEN သတင်းမီဒီယာ တစ်ခု တည်းလားလို့ မထင်နဲ့..ပြည်တွင်းမီဒီယာတွေ အားလုံးဟာ အ,အ ပြောင်းဖူးရသလိုပဲ အသံတိတ်နေကြတာ..အမျိုးသားရေးအတွက် စိတ်မကောင်းဖြစ်ရသလို
တနည်းအားဖြင့် တိုင်းပြည်နဲ့ လူမျိုးအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို ပြလိုက်တာပဲ။
ဒီဆောင်းပါးနဲ့ ပတ်သတ်ပြီး မြန်မာ နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ဂျာနယ်ဖြစ်တဲ့ သူရိယ နေ၀န်း ဂျာနယ်ကလည်း အသံတွေ တိတ်နေလိုက်တာ ဂျာနယ်တိုက်မှ ရှိသေးရဲ့လားလို့တောင် တွေးရမလိုလို။ မဟုတ်တာတွေ တော့ ရေးပါလိမ့်မယ်။ ဟိုတလောကတော့ လွတ်လပ်ရေးပြန်ရောင်းမည် တို့ ဒီလိုမှန်း သိရင် အင်္ဂလိပ်နဲ့ ဂျပန်ကို မတိုက်ခဲ့ပါဘူး တို့..စတဲ့ ရေးသားချက်တွေ နဲ့ အချင်းချင်းစော်ဖို့ ရဲရဲတောက် တဲ့ ဂျာနယ်ကြီးက အခုတော့..ခွေးအ လေးတစ်ကောင်ပမာ။ နောက်ပြီး လိင်တူ လက်ထပ်တဲ့ သတင်းကို မျက်နှာဖုံးဆောင်းပါးတွေ မှာ ဝေေ၀ ဆာဆာ ဖော်ပြခဲ့ကြတဲ့ The Voice / 7 Days / Democrazy Today စတဲ့ ဂျာနယ်တွေဟာလည်း နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာကို တိုင်းတပါးက မီဒီယာ သုံး တံတွေးဆွတ် လာတာကို အချင်းချင်းမဟုတ်လို့ ထင်ပါတယ်..ပြန်ရေးရကောင်းမှန်းမသိ
..လက်ညှိုးလေးတွေ ကိုက်ပြီး နေနေကြတာ ..သနားစရာကောင်းလိုက်ပါဘိ။
                ဒီလိုတွေပြောလို့ သူတို့ပဲလား ကျန်သေးလားလို့ အဓွန့် တက်မယ်ဆိုရင်တော့
ပြောရမှာကျန်ပါသေးတယ်။မီဒီယာလွပ်လပ်ခွင့် ဆိုတာတွေနဲ့အတူ လက်ရှိအစိုးရလက်ထပ်မှာ စတင်လာတဲ့ မြန်မာ သတင်းစာဆရာ အသင်း(MJA)၊မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU) စတဲ့ အဖွဲ့ အစည်းတွေဟာလည်း ကျွန်တော် ဟာလေ..ထိုနည်း၎င်းကောင်း ထိုနည်း၎င်းကောင်း..ဆိုသလိုပါပဲ။ ဒါ့ထက်  အင်္ဂလိပ် ဗားရှင်းနဲ့ ရေးသားတဲ့
Weekly Eleven သတင်းစာမျက်နှာတွေ ၊ Myanmar Time စာမျက်နှာတွေမှာလည်း ..ကန့်ကွတ်ကြောင်း
ရေးဖို့ မေ့ဆေးပေးခံထားရတဲ့အလား  အားလုံးဟာ နှာစီး နေကြဆဲပါ။မနေ့ကတော့ (MJA) က ထုတ်ပြသည် ဆိုတဲ့ အမှတ်စဉ် (၃)ခုပါတဲ့ စာရွက်တစ်ရွက်တော့ ဖတ်ရပါရဲ့။ သို့သော် သူခဗျာ ၀တ်ကြေတန်းကြေပမာ အွန်လိုင်းမှာပဲ ထုတ်တာလား။ ဘင်္ဂလားဒေ့ရှ် သံရုံးရော သွားရောက်ပေးအပ်ခဲ့ရဲ့လားဆိုတာတော့..ဘုရားနဲ့ သူတို့ကိုယ်တိုင်ပဲသိကြမှာပါ။
                ကဲ..ဒီတော့..အမျိုးသားရေး ၊ နိုင်ငံရေး နဲ့ နိုင်ငံတော် အချုပ်အခြာ အရေးတွေမှာ မီဒီယာတွေ ကဘယ်နေရာက ရပ်တည်နေကြတာလဲလို့ ကျွန်တော်သိပါရစေ။

ဝန်မင်းမို့သမ္မတမို့
ဘာမို့လို့လက်မရှောင်
သူခိုးကပ်လို့ခွေးဟောင်သလို
ပြည်ကောင်းအောင်ငါတို့ရေးရတယ်
စားရေးဆရာဂုဏ်ရောင်မသေးပါဘူး
ပြည်စောင့်တဲ့“ခွေး”

နိုင်မြန်မာ



   ..နိုင်မြန်မာ ရေးတဲ့ ကဗျာလေးထဲက ပြည်စောင့်တဲ့ခွေးတွေ ၀န်မင်းလည်း မဟုတ် သမ္မတလည်းမဟုတ်တဲ့ တိုင်းတပါး မီဒီယာတွေနဲ့ တွေ့တော့ ဘယ်ချောင်ကိုပြေးနေကြပါလိမ့်လို့ ကျွန်တော် မေးလိုက်ပါရစေ။


From: မိုးမင်း(ပြည်)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>