Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

MH370 လေယာဉ်ကို ရှာဖွေနေမှုအား အမေရိကန်စစ်သင်္ဘော ရုပ်သိမ်း

$
0
0
ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းခရီးစဉ်အမှတ် MH370ကို လိုက်လံရှာဖွေနေသော တိုက်ရေယာဉ်ကို ပြန်လည် ခေါ်ယူလိုက်ပြီဟု အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။ ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် တစ်ပတ်ကျော် ကြာလာသည်အထိ သတင်းအစအန ရှာမရဘဲ ပျောက်ကွယ်နေရာ နိုင်ငံပေါင်း (၂၆)နိုင်ငံက ဖြစ်နိုင်ခြေရှိသော နေရာများတွင် ဖြန့်ကျက် ရှာဖွေနေသည်။ အမေရိကန် ရေတပ်မှ USS Kidd ဖျက်သင်္ဘောသည်လည်း အဆိုပါ ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း တနင်္လာနေ့မှ စတင်ကာ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

လေယာဉ်သည် မလေးရှားမှ တရုတ်သို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့သော်လည်း လမ်းကြောင်းပြောင်းလဲသွားနိုင်သည့် အခြေအနေကြောင့် ကျယ်ပြန့်စွာ ဖြန့်ကျက်ရှာဖွေနေရဆဲ ဖြစ်သည်။ MH-60 ရဟတ်ယာဉ်တစ်စင်း တင်ဆောင်ထားပြီး ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် ဖျက်သင်္ဘော USS Kiddသည် တစ်ပတ်လုံးလုံး လေယာဉ်ပျံ၏ သဲလွန်စများကို ခုတ်မောင်းလှည့်လည် ရှာဖွေနေခဲ့သည်။ USS Kiddအနေဖြင့် စတုရန်းမိုင် (၁၅၀၀၀)ထိ ကျယ်ပြန့်သော ရေပြင်ကို ပိုက်စိပ်တိုက် ရှာဖွေပြီးနောက် တစ်စုံတစ်ရာ သတင်းအချက်အလက် မရရှိတော့သဖြင့် လုပ်ငန်းစဉ် ရုပ်သိမ်းလိုက်ကြောင်း ပင်တဂွန်က ကြေညာသည်။

အစောပိုင်းက USS Kiddနှင့်အတူ အခြားအမေရိကန် ရေတပ်သင်္ဘော တစ်စင်းသည်လည်း ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သေးသည်။ လတ်တလောတွင်မူ အမေရိကန်သည် ရေတပ်သင်္ဘော များ စေလွှတ်ခြင်း မပြုတော့ဘဲ P-3 Orion လေယာဉ်ဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန် ရည်ရွယ်ထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချာ့ခ်ဟေဂယ်လ် က ရေတပ် သင်္ဘောများ ပြန်လည် ခေါ်ယူခဲ့သော်လည်း အမေရိကန် အနေဖြင့် MH370 လေယာဉ်ကို ရှာဖွေရေး ကဏ္ဍကို အပြည့်အဝ ဆက်လက်အာရုံစိုက်နေမည်ဟု ကတိပြုထားခဲ့သည်။
From: Planet Myanmar Network

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>