Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Mister & Miss University 2014 ပြိုင်ပွဲဝင်ကျောင်းသားတစ်ဦးဖြစ် သူ မောင်ကျော်ဇောဟိန်း၏ နောက်ဆုံးစစ်ဆေးချက်ထွက်ရှိလာ

$
0
0


မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်စခန်းဝင်လေ့ကျင့်နေ စဉ် သေဆုံးခဲ့သောပြိုင် ပွဲဝင်ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှုအမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက်များထွက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ၄င်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူမောင်ကျော်ဇောဟိန်း၏ အစ်ကိုရင်းဖြစ်သူ ကိုအောင်ကိုကို အားဆက်သွယ်မေးမြန်းကြည့်ရာ..

” ပြောချင်တိုင်းတော့ပြောလို့မရဘူး။ အခုလက်ရှိ ရုံးမှာတော့ တစ်ဆင့်ချင်းတစ် ဆင့်ချင်းသွားနေတယ် ဆိုတော့ တချို့စကားတွေပြောလိုက်ရင်ရုံးတော်ကို မထီမဲ့ မြင်ဖြစ်သွားမှာလည်း ဆိုးတယ်။ အစ်ကိုပြောချင်တာလေးတွေလည်း ရှိတယ်။ မနေ့ကဆိုရင် အစ်ကို့မိဘတွေကအစ တရားရုံးမှာ ဆေးစာ ကိုလျှောက်လာခဲ့တယ်။ ရလည်းရလာခဲ့တယ်။ ဆေးစာမှာ လည်း ပြင်ပဒဏ်ရာလေးတွေ    အများကြီးတွေ့ရတယ်။ အနှေးနဲ့ အမြန်ကတော့ တရား ခံကိုမိမှာပါ။

အစ်ကိုတို့ဘက်ကတော့တရားရုံးရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနှောင့်အယှက်ဖြစ်မယ့် ကိစ္စမျိုးမပြော ချင်ဘူး။ မလုပ်ချင် ပါဘူး။ မပတ်သက်တဲ့သူတွေကိုလည်း မထိခိုက်စေချင်ပါဘူး။
အခုဆေးစစ်ချက်မှာတွေ့ရှိ တာကတော့ ပြင်ပဒဏ်ရာက ငါးချက်၊ ခြောက်ချက်လောက်တော့   ရေးထား တယ်။    တံတောင်ဆစ်နှစ်ဖက်စလုံး ဒူးနှစ်ဖက်စလုံး၊ ကျောကုန်းတို့အဲဒီလိုမျိုးရေးထားတယ်။

အစ်ကိုတို့က ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ မပြောချင်ဘူး။ တရားရုံးက လက်ရှိလုပ်ဆောင်နေတဲ့အတွက် တရားရုံးကို လွှမ်းမိုးပြီးတော့ မပြောချင်ဘူး။ အစ်ကိုတို့ကတော့အဖြစ်မှန်ကို ပေါ်စေချင်တယ်။ ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။ တရားရုံးက လုပ်ဆောင်စစ်ဆေးနေတာကိုပဲ အစ်ကိုတို့က ကူညီသွားမှာပါ။
အဖြစ်မှန်လည်းပေါ်မယ်လို့ ယုံကြည်ပါတယ်။အမှန်တရားပဲဖြစ်စေချင်တယ်။ ရုံးချိန်းက မတ်လ ၁၇ ရက်နေ့မှာဆိုတော့ ထပ်ပြီးစစ်ဆေးမှုတွေ ပြုလုပ်ဖို့တော့ရှိပါတယ်”ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

From: Popular Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>