Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို အော်ရီဒူးက ပြည်တွင်း၌သာ သင်တန်းပေးမည်

$
0
0

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူး၏ Women အစီအစဉ်အရ မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု ရောင်းချရေး လေ့ကျင့် သင်တန်းကို ပြည်တွင်း၌သာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ပြောဆိုသည်။

အော်ရီဒူးမြန်မာနှင့် ရှယ်ရီဘလဲ ရန်ပုံငွေ အဖွဲ့အစည်းတို့ ပူးပေါင်း အစီအစဉ်အရ ၂၀၁၆ ခုနှစ်အမီ မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှု ရောင်းချခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီက မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို ယင်းနိုင်ငံသို့ ခေါ်ယူမည် ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများတွင် သတင်း ဖော်ပြထားမှု အချို့ကြောင့် ဘာသာရေး ဆက်နွှယ်သည့် စိုးရိမ် ဝေဖန်မှုများ ပေါ်ထွက်လာပြီး အော်ရီဒူး မြန်မာက အထက်ပါအတိုင်း တုံ့ပြန် ရှင်းလင်းခြင်း ဖြစ်သည်။

“အမျိုးသမီးတွေကို အော်ရီဒူး မြန်မာမှာ ရှိတဲ့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေက မြန်မာပြည်ထဲမှာပဲ အိုးမကွာ အိမ်မကွာ လေ့ကျင့် သင်တန်း ပေးမှာပါ” ဟု ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
၂၀၁၄ ခုနှစ် တတိယ လေးလပတ်အတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဖြန့်ချိရန် မျှော်မှန်းထားသည့် အော်ရီဒူး ကုမ္ပဏီက မြန်မာ အမျိုးသမီးများကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ရေး အစီအစဉ်အရ အမျိုးသမီး ၃၀,၀၀၀ ကို ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် ရောင်းချခြင်း ကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာနှင့် လေ့ကျင့် သင်တန်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ပြောဆိုသည်။
From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး