Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှား လေယာဉ်ပျောက်ဆုံးမှုတွင် အမေရိကန်ထောက်လှမ်းရေးက လေယာဉ်မှူးများကို ပစ်မှတ်ထားစုံစမ်းနေ

$
0
0



မလေးရှားလေကြောင်းလိုင်း၏ ဘိုးရင်း ၇၇၇ ခရီးသည်တင်လေယာဉ် ပျောက်ဆုံးနေမှုတွင် အမေရိကန် ထောက်လှမ်းရေးအဖွဲ့က လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ကို အဓိကပစ်မှတ်ထား စုံစမ်းနေကြောင်း အမေရိကန်အောက်လွှတ်တော် ပြည်တွင်းလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ မိုက်ကယ်မက်ကောက မတ် ၁၆ ရက်တွင် ပြောကြားလိုက်သည်။

“ဒီဖြစ်စဉ်ဟာ မတော်တဆမှုတစ်ခု မဟုတ်ပါဘူး။ တမင်ကြံရွယ် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု မက်ကောက ပြောကြားသည်။

ခရီးသည် ၂၃၉ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်အား တစ်နေရာရာတွင် ဆင်းသက်ကာ နောက်ပိုင်းတွင် လက်နက်တစ်ခုအဖြစ် အသုံးချလာမည်ကို စိုးရိမ်ရကြောင်း မက်ကောက ပြောကြားသည်။

လေယာဉ်အား ခေါ်ဆောင်သွားသည့် လမ်းကြောင်းနှစ်ခုရှိနိုင်ကာ တစ်ခုမှာ မြောက်ဘက်သို့ဦးတည်၍ ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိနိုင်ပြီး အခြားလမ်းကြောင်းတစ်ခုမှာ အင်ဒိုနီးရှားကဲ့သို့ နိုင်ငံဖြစ်နိုင်ပြီး ၉/၁၁ တိုက်ခိုက်မှုပုံစံမျိုး လုပ်ဆောင်လာနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

လေယာဉ်၏ အလိုအလျောက် အချက်ပြစနစ်သည် လေယာဉ်ရုတ်တရက် လမ်းကြောင်းမပြောင်းမီ ပိတ်ပစ်ခံခဲ့ရပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ အီရန်နိုင်ငံသားနှစ်ဦးသည် လေယာဉ်ခရီးစဉ် တစ်ကြောင်းတည်းအတွက် လက်မှတ်များကို ငွေသားဖြင့် ပေးချေဝယ်ယူခဲ့ခြင်းတို့သည်လည်း သံသယဖြစ်ဖွယ်ရာ အကြောင်းများဖြစ်ကြောင်း မက်ကောက ပြောကြားသည်။

မလေးရှားအာဏာပိုင်များက လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရာဇ၀တ်မှုဆိုင်ရာ အကြောင်းအရာအဖြစ် အပြည့်အ၀ စုံစမ်းမှုများ လုပ်ဆောင်နေပြီး ရှာဖွေသည့်နေရာကို တိုးချဲ့ကာ လေယာဉ်မှူးများ၏ နေအိမ်များကိုလည်း ၀င်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

အသက် ၅၃ နှစ်အရွယ် လေယာဉ်မှူး ဇာဟာရီအာမက်ဆာဟာသည် လေယာဉ်မပျောက်ဆုံးမီ တစ်ရက်အလိုက ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသည့် မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်၏ တရားခွင်သို့ သွားရောက်နားထောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဇာဟာရီသည် နိုင်ငံရေး စိတ်ပါဝင်စားသူ တစ်ဦးဖြစ်ပြီး အန်ဝါအား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်မှုအပေါ် စိတ်ပျက်သွားဖွယ်ရာရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်သည်။

မလေးရှားရဲတပ်ဖွဲ့က မတ် ၁၅ ရက်တွင် ဇာဟာရီ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာတွင် လေယာဉ်လေ့ကျင့်ပျံသန်းသည့် ကိရိယာတစ်ခုကို တွေ့ရှိခဲ့ရသည်။

အမေရိကန်အက်ဖ်ဘီအိုင် အေးဂျင့်များနှင့်အတူ မလေးရှားရဲတပ်ဖွဲ့က လေယာဉ်မှူးဇာဟာရီနှင့် တွဲဖက်လေယာဉ်မှူးတို့၏ နိုင်ငံရေးနှင့် ဘာသာရေးနောက်ကြောင်းများကို စုံစမ်းလျက်ရှိပြီး ရဲများဝင်ရောက် ရှာဖွေစဉ်အတွင်း ဇာဟာရီ၏ နေအိမ်သို့ အခြားသူများအား ၀င်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။

ဇာဟာရီ၏နေအိမ်သို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရဲများက ၀င်ရောက်ရှာဖွေရာတွင် လက်တော့ပ်နှစ်လုံးကို စစ်ဆေးခဲ့ရာ တစ်လုံးတွင် လေယာဉ်လေ့ကျင့်ပျံသန်းခြင်းဆိုင်ရာ အချက်အလက်များနှင့် အခြားတစ်လုံးတွင် အချက်အလက် အနည်းငယ်သာ ပါရှိခဲ့သည်။ ၎င်း၏ကိုယ်ရေးကိုယ်တာသုံး လက်တော့ပ်ကိုမူ ရှာဖွေမတွေ့ခဲ့ကြောင်း သိရသည်။

Ref:AFP

From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>