Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပိုမိုဆိုးဝါးလာသော KIA ၏ လူသစ်စုဆောင်းမှုများ

$
0
0
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး လယ်တောတွင် KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ဒေသခံ ရွာသူရွာသား(၁၄)ဦးအနက် ရှမ်းတိုင်းရင်းသူ(၂)ဦးအား ပြန်လွှတ်ပေးခဲ့သော်လည်း လူသစ်စုဆောင်းမှုများမှာ ပိုမိုဆိုးဝါးလာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။


`` ပြန်လွှတ်ပေးတယ်ဆိုတာကလည်း ဌာနဆိုင်ရာက အမျိုးသမီးတွေဖြစ်နေလို့ပါ၊ နန်းစိန်ပွင့်က ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်၊ နန်းအေးထွေးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင်ပါ၊ ကျန်တဲ့ ၁၂ ယောက်က ခုချိန်ထိ ပြန်လွှတ်မလာသေးပါဘူး ´´ ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်)မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

တီယန်ဇွတ်ကျေးရွာဝန်းကျင်တွင် ရွှေတူးဖော်နေသော ရွှေကျင်းလုပ်သား(၅)ဦးအား ယမန်နေ့က KIA အဖွဲ့ တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းရွှေမှော်လုပ်သားအချို့ထံမှ သိရသည်။

`` အသက်လေးဆယ်ကျော်ရင် ဘာမှမလုပ်ဘူး၊ လူငယ်တွေကိုပဲ ရွေးပြီး ဖမ်းခေါ်သွားတာ၊ အသက်(၁၆)နှစ်ပဲ ရှိသေးတဲ့ ကောင်လေးနှစ်ယောက်ပါသွားတယ် ´´ ဟု ရွှေကျင်းလုပ်သားတစ်ဦးက ပြောသည်။

KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်များတွင် မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီး ကျေးရွာနေ ရှိုင်းထက်အောင်(၁၆)နှစ်၊ အောင်မျိုးလွင်(၁၆)နှစ်၊ မောင်ပိုက်(၂၆)နှစ် တို့လည်း ပါဝင်ကြောင်း ယင်းရွာသား ကိုနေအောင်၏ ပြောပြချက်အရ သိရသည်။
မတ်လ ၁၃ ရက်နေ့ ညနေ ငါးနာရီခွဲခန့်တွင် မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအနီး နန့်ကျရီချောင်းဘေးတွင် ဈေးရောင်းနေသူများနှင့် ရွှေကျင်နေသူများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံ အချို့ထံမှ သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ မိုးမောက်မြို့ အလင်းကောင်ရပ်ကွက်နေ ဒေါ်အားမီ၊ မံပုံကျေးရွာနေ မောင်ငြိမ်းချမ်းတို့ အပါအ၀င် ဒေသခံရွာသား စုစုပေါင်း(၇)ဦးအား KIA မှ အင်ဘာပါဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ ပါသည်။

From: ဂျာမိုင်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>