Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စနိုဒန်ကြောင့် အမေရိကန်စစ်ရေးလျှို့ဝှက်ချက်များအားလုံး ရုရှားအကုန်သိလောက်ပြီဟု အမေရိကန် စစ်ထောက်လှမ်းရေးချုပ်ဆို

$
0
0
ရုရှားအစိုးရအနေနှင့် အမေရိကန်အစိုးရ၏ စစ်ပွဲ အစီအစဉ်များနှင့် အခြားလျှို့ဝှက်ချက်များကို ရရှိသွားလောက်ပြီ ဖြစ်ကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ် ဖလန်းက ပြောကြားလိုက်သည်ဟု CNN သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမေရိကန် စစ်ထောက်လှမ်းရေးချုပ်က ယင်းသို့ ပြောကြားချက်ကို National Public Radio နှင့်တွေ့ဆုံစဉ် ပွင့်ပွင့်လင်းလင်း သတိပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အရာရှိများအနေနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေါက်ကြား သွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကြိုတင် စီစဉ်သင့်သည်များကို စီစဉ်ထားရမည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ်ဖလန်းက ထောက်ပြခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ဝန်ထမ်းဟောင်း အက်ဒ်ဝပ်စနိုးဒန်သည် အရေးကြီးသော ထောက်လှမ်းရေး အချက်အလက်များကို ယူဆောင်လျက် ရုရှားတွင် သွားရောက် နေထိုင်နေခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ အမေရိကန် အရေးကြီး သတင်းများ ပါသွားလောက်ပြီဟု စစ်တပ်က ခန့်မှန်းခြင်း ဖြစ်သည်။
“ကျွန်တော်စိုးရိမ်တာက ကာကွယ်ရေးစွမ်းအင် သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ စနိုးဒန်ဟာ သူအလုပ်လုပ်တဲ့ အေဂျင်စီကနေ ခိုးသွားနိုင်ပါတယ်” ဟု မိုက်ကယ်ဖလန်းက ထောက်ပြခဲ့သည်။

အချို့လူများအတွက် သူရဲကောင်းတစ်ဦးဖြစ်ကာ အချို့က သစ္စာဖောက်ဟု သတ်မှတ်ခြင်းခံရသော အက်ဒ်ဝပ်စနိုးဒန်သည် အမေရိကန် အစိုးရက ဖြစ်နိုင်ခြေရှိသော အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ပြုလုပ်ထားသော တယ်လီဖုန်း လျှို့ဝှက် ခိုးနားထောင်ခြင်းများကို ဖွင့်ချခဲ့သည်။

“စနိုးဒန်ဆီမှာ ဘာတွေ ပါသွားတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အဆိုးဆုံးကို ကျွန်တော်တို့ တွေးထားရပါမယ်။ နောက်ပြီးတော့ ရှိလာနိုင်တဲ့ စွန့်စားရမှုတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ခေါင်းဆောင်တွေသိဖို့ တင်ပေးရပါမယ်” ဟု စစ်ထောက်လှမ်းရေးချုပ် မိုက်ကယ်ဖလန်းက ပြောကြားသည်။

စနိုးဒန်သည် ယခုအခါ ရုရှားတွင် တစ်နှစ်တာ ခိုလှုံခွင့် ရရှိထားပြီး အရေးကြီးသော အမေရိကန် ထောက်လှမ်းရေး သတင်း အချက်အလက်များကို ရရှိထားပြီး ၎င်းတို့ကို တစ်စချင်း ဖွင့်ချလျက် ရှိသည်။

၎င်းဖွင့်ချခဲ့သော အချက်အလက် များကြောင့် အမေရိကန် အစိုးရအနေနှင့် သံခင်းတမန်ခင်း အကျပ်အတည်းများ ဆိုက်ရောက်သွားခဲ့ပြီး မဟာမိတ်များနှင့် မျက်နှာပျက်ရမှုများ ဖြစ်ခဲ့သည်။
“စနိုးဒန်က သူနိုင်သွားခဲ့ပြီ၊ သူ့တာဝန် ပြီးဆုံးသွားပြီလို့ ပြောပါတယ်။ ဒါဆိုရင်လည်း ကျန်တဲ့ခိုးသွားတဲ့ အချက်အလက်တွေကို အမေရိကန် အမျိုးသား လုံခြုံရေးကို မထိခိုက်စေဖို့ ပြန်ပေးသင့်ပါတယ်” ဟု အမျိုးသား လုံခြုံရေးအေဂျင်စီမှ ဒါရိုက်တာ ဂျိန်းစ်ကလက်ပါက ပြောကြားသည်။

From:The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စနေမင်း နှင့် တနင်္ဂနွေမင်း


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>