Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆယ်တန်းစာမေးပွဲ မဖြေဘဲ ဆရာမအပျိုကြီးကို ခိုးပြေးသွားတဲ့ ဆယ်တန်းကျောင်းသား

$
0
0


ရန်ကုန်မြို့ရဲ့ နာမည်ကျော် ဒဂုံ အထက ၁  ကျောင်းက ကျောင်းသားတဦးက စာမေးပွဲဖြေဖို့ရက်ပိုင်းအလိုမှာ ရန်ကုန်တက္ကသိုလ်က လက်ထောက်ကတိထ တဦးကို ခိုးယူသွားတယ်ဆိုတဲ့အကြောင်း ဒီကနေ့ထုတ် 7Day သတင်းစာမှာ မျက်နှာဖုံးသတင်းအဖြစ် တွေ့ရပါလိမ့်မယ်။

သူက ၁၆ နှစ်မပြည့်သေး၊ ဆရာမက ၄၁ နှစ်။ ပြီးတော့ သူက ဆရာမရဲ့မိဘတွေကို မစိုးရိမ်ကြဖို့ မန္တလေးကနေ ဖုန်းဆက် အကြောင်းကြားတယ်၊ ဆရာမရဲ့မိဘတွေက ဒီကျောင်းသားကို အမှုဖွင့်ထားတယ်လို့ သတင်းထဲမှာ တွေ့ရပါတယ်။

တကယ့်ဖြစ်ရပ်မှန်က ဘယ်လိုဖြစ်နေမလဲ?
သူတို့နှစ်ယောက် မန္တလေးမှာ တကယ် ရှိနေသလား?
သူက ဆရာမ သဘောမတူဘဲ ခိုးပြေးတာလား?
နှစ်ဦးသဘောတူ ထွက်ပြေးကြတာလား?

စသဖြင့် စသဖြင့်သော မေးခွန်းတွေ ထွက်လာပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတပုဒ်ဖြစ်တဲ့အတွက် ဧရာဝတီဘလော့ http://blog.irrawaddy.org ဖတ်တဲ့ ပရိသတ်များအတွက် ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။
သတင်းထဲမှာ ရှေ့နေ ၂ ဦးရဲ့ အမြင်တွေကိုလည်း ရေးထားပါတယ်။

၁၆ နှစ် မပြည့်သေးသူကို ဒီအမှုနဲ့ စွဲလို့ ရသလား?
ကြေအေး ပြေလည်မှု ရသွားနိုင်သလား?
ဒီဖြစ်ရပ်မတိုင်ခင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအခြေအနေ ရှိသလဲ?
ဆိုတာတွေကလည်း မေးစရာပါ။
နောက်ဆက်တွဲသတင်း မကြာခင် ဖတ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သူငယ်ချင်းတွေ ဆယ်တန်းစာမေးပွဲနဲ့ နပမ်းလုံးနေချိန်မှာ ဒီသတင်း ထွက်လာတာပါ။
စာမေးပွဲက မကြာခင် ရက်ပိုင်းအတွင်း ပြီးပါတော့မယ်။

သူက စာမေးပွဲလိုပဲ ဘ၀အတွက် အရေးကြီးတဲ့ ကဏ္ဍတခုကို ဖွင့်လိုက်ပါပြီ။ စာမေးပွဲကိုတော့ လာမယ့်နှစ်ဒီအချိန်မှ ဖြေမယ်လို့ ယူဆရပါတယ်။

ဒီနေ့ထုတ် မော်ဒန်သတင်းဂျာနယ် စာမျက်နှာ ၂၃ မှာလည်း ဒီလို အကြောင်းအရာနဲ့ ဆက်စပ်တာတခု ပါဝင်ပါတယ်။ စာရေးဆရာ ညီစေမင်းနဲ့ အင်တာဗျူးတခုမှာပါ။ သူ ရန်ကုန်မှာနေတဲ့ (၁၉၈ဝ ဝန်းကျင်) ကာလမှာ သူတပည့် ၉ တန်းကျောင်းသားအကြောင်း နည်းနည်း ရှင်းပြထားတာပါ။ အဲဒီကောင်လေးက
တက္ကသိုလ်ဆရာမနဲ့ငြိစွန်းပြီး ထွက်ပြေးကြတယ်၊ YMCA ဘက်မှာ တိုက်ခန်းငှားနေတယ်လို့ ဆိုပါတယ်။

အဲသလို ထွက်ပြေးသွားတော့ ဆရာမ မွေးစားထားတယ်ဆိုတဲ့ ကောင်လေးတယောက် အသည်းကွဲပြီး ကျန်ခဲ့တယ်လို့ ဆိုတယ်။
ဆရာမ ၉ တန်းကျောင်းသားနဲ့ထွက်ပြေးပြီး YMCA ဘက်မှာ တိုက်ခန်းငှားနေရာမှာ အိမ်နီးချင်းအသစ်တွေကို အသံလွှင့်ထားတာကတော့ ဒါ သူ့တူလေးပါ တဲ့။

လက်မထပ်ဘဲ အတူနေတယ်ဆိုတော့လည်း ဆရာမ အဲသလိုပဲ ဖြေရှင်းရမှာပေါ့လို့ ပြောရမယ် ထင်ပါတယ်။
From: ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles