Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားလေယာဉ် ပျောက်ဆုံးမှု အကြမ်းဘက်အဖွဲ့ တခုက သူတို့ လက်ချက်ဖြစ်ကြောင်းကြေငြာ

$
0
0
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 ဟာ ပင်လယ်ထဲဘဲ ပျက်ကျခဲ့သလိုလို သတင်းတွေ ထွက်ပေါ်နေချိန်မှာ “Chinese Martyrs’ Brigade” အဖွဲ့ က နေ သူတို့ လက်ချက်ဆိုပြီး တရုတ်သတင်းဂျာနယ်လစ်တွေဆီကို မနေ့ ညက အီးမေးတွေ ပေးပို့ ကာ၊ တရုတ်နိုင်ငံမှာ သူတို့ ရဲ့ လူတစ်ယောက်ကို သတ်ရင် လေယာဉ်ခရီးသည်တွေထဲက အယောက် ၁၀၀ ကို သတ်ပြစ်မယ်လို့  ခြိမ်းခြောက်ရေးသားထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ မလေးရှားအာဏာပိုင်
တွေက ဒီအီးမေးလ်စာဟာ မကြာခင်ကမှ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက ပဋိပက္ခကို ပိုမိုကြီးထွားစေဖို့  လုပ်ကြံဖန်တီးတာ ဖြစ်နိုင်တယ်လို့  ဆိုပါတယ်။ အဆိုပါ ရေးသားထားတဲ့ထဲမှာ လေယာဉ်နဲ့  ပတ်သက်ပြီး ဘာဖြစ်တယ်ဆိုတာကို ဖေါ်ပြထားခြင်း မရှိဖူးလို့  ဆိုပါတယ်။ ဒီအီးမေးလ်စာ ဘယ်ကလာတယ်ဆိုကို an encrypted Hushmail web service ကနေ တစ်ဆင့်ပို့ တာမို့  ခြေရာခံလိုက်လို့  မရဖူးလို့ လည်း ဆိုပါတယ်။

စိတ်ဝင်စားစရာ သတင်းတစ်ခုကတော့ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို နယ်မြေချဲ့ ပြီး ရှာဖွေကြချိန်မှာ မလေးရှားနဲ့  ထိုင်းနယ်စပ်ဒေသတစ်ဝိုက်က မြို့ လေးတွေမှာ
နေထိုင်နေကြပြီး လေယာဉ်မီးရောင်ကို မြင်တွေ့ လိုက်ကြတဲ့ ရေလုပ်သားတွေထဲက မလေးရှားရေလုပ်သားတစ်ဦး ပြောတာကတော့ မလေးရှားစံတော်ချိန် မနက်ပိုင်း ၁း၃၀ နာရီအချိန်ပိုင်းလောက်မှာ နိမ့်နိမ့်လေး ပျံသန်းသွားတဲ့ လေယာဉ်တစ်စီးရဲ့  မီးကို သေသေချာချာ မြင်လိုက်ရတဲ့အကြောင်း ပြောပြပါတယ်။

မကြာခင်ကမှ ထွက်ပေါ်လာတဲ့ ဂြိုလ်တုဆက်သွယ်ရေးမြင်ကွင်းနဲ့  ပြသထားတဲ့ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ပျံသန်းမှုလမ်းကြောင်းပြတဲ့ ဗွီဒီယိုထဲမှာ မလေးရှားလေယာဉ်ဟာ
ရေဒါစက်ဝန်းကနေ ပျောက်ဆုံးသွားတဲ့ အခြေအနေကို ကျွမ်းကျင်သူများက
ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ရေဒါစက်ဝန်းထဲကနေ ပျောက်ကွယ်အောင် ရေဒါစက်ဝန်းလွတ်ဖို့  နိမ့်နိမ့်ကလေး ပျံသန်းသွား၍ ရောက်ရာနေရာမှ ပြန်လှည့်ကာ လမ်းကြောင်းပြောင်းခဲ့ခြင်းများ
လားဟု တွေးနိုင်စရာပါ။

အကယ်၍ “Chinese Martyrs’ Brigade” အဖွဲ့ ရဲ့  အီးမေးလ်စာအတိုင်း လေယာဉ်ဟာ အထိန်းသိမ်းခံခဲ့ရတယ်ဆိုရင်၊ မလေးရှားနဲ့  ထိုင်းနယ်စပ်ဒေသက ရေလုပ်သားတွေရဲ့ 
တွေ့ မြင်လိုက်တဲ့ဆိုတဲ့ လေယာဉ်မီးရောင်ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ဖြစ်နေမယ်ဆိုရင် - ပထမဦးဆုံး မျှော်လင့်ချက်ကတော့ လေယာဉ်ဝန်ထမ်းတွေနဲ့  ခရီးသည်တွေအားလုံး အသက်ရှင်နိုင်နေသေးတယ်လို့  မျှော်လင့်ချက်ကြီးစွာနဲ့  ယူဆလို့ ရပါတယ်။

ထပ်မံပြီးတော့ မေးခွန်းထွက်စရာကတော့ ဒီလေယာဉ် ဘယ်မှာ ရောက်ရှိနေသလည်းဆိုတာပါ။ မလေးရှားရေလုပ်သားတွေရဲ့  မြင်တွေ့ မှု မှန်ကန်တယ်ဆိုရင် မလေးရှားနဲ့  ထိုင်းနယ်စပ်ဒေသတစ်ဝိုက်နဲ့  အနီးအနားနိုင်ငံတွေမှာ ရောက်ရှိနေနိုင်တယ်လို့  ရှာဖွေနေသူတွေအတွက် တွေးဆမိကြမှာပါ။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ မလေးရှားနိုင်ငံထဲကို ပြန်ရောက်ရှိနေသလား၊ နီးစပ်တဲ့ အနီးအနားနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနိုင်ငံ မြန်မာနိုင်ငံနဲ့  ကမ္ဘောဒီးယားနိုင်ငံ တစ်နိုင်ငံငံထဲဘဲ ရောက်ရှိနေသလားဆိုတာ စဉ်းစားစရာပါဘဲ။

လက်ရှိပေါ်ထွက်လာတဲ့ သတင်းအချက်အလက်များအပေါ်မှာ မူတည်ပြီး ဖော်ပြခြင်း ဖြစ်ပါသည်။
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>